backup og meta

ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်း ရှစ်မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်း ရှစ်မျိုး

    တနေကုန် အလုပ် ထဲမှာစိတ်ပန်းလူပန်းနဲ့ အလုပ်လုပ်ပြီးလို့ အိမ်ပြန်ရောက် တဲ့အခါ သဘာဝပစ္စည်းလေးတွေ၊ အဆီအနှစ်လေးတွေကို သုံးပြီး ရေစိမ်လိုက်ရတဲ့ အရသာဟာ တကယ်ပဲ စိတ်ကျေနပ်စရာ ကောင်းလှပါတယ်။ ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်း ရှစ်မျိုး ကိုပါ သုံးမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။

    ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်း ရှစ်မျိုး

    ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်းတွေ ကတော့

    (၁) Oatmeal

    Oatmeal မှာ ကျန်းမာရေးအတွက် ကောင်းမွန် အကျိုးရှိတဲ့ အဆီဓာတ်တွေ ပါဝင်တာကြောင့် သင့်အသားအရေကို အစက်အပြောက်တွေ၊ နေလောင်ဒဏ်တွေ၊ ခြောက်သွေ့တာတွေကနေ ကာကွယ်ပျောက်ကင်း စေပါတယ်။ Oatmeal ဟာ မွေးညှင်းပေါက်တွေမှာ ရှိတဲ့အညစ်အကြေးတွေကိုလည်း တိုက်ချွတ်ဖယ်ရှားပေးပါသေးတယ်။ Oatmealမှာ ပရိုတင်းဓာတ်တွေလည်း ပါဝင်တာမို့ အသားအရေကိုလည်း စိုပြေစေပါသေးတယ်။

    ဘယ်လိုသုံးရမလဲ : Oatmeal အစိမ်း ၁ခွက်၊ ၂ခွက်စာလောက်ကို ပန်းကန်လုံးထဲထည့်ပြီး ရေနွေးနဲ့ရောပါ။ ပြီးရင် ပျားရည် နည်းနည်းထပ်ထည့်ပါ။ Oatmeal နဲ့ ပျားရည်အရောကို ၅မိနစ်လောက်ထားပြီးရင် ရေချိုးဇလုံထဲ လောင်းထည့်ပါ။

    (၂) ပျားရည်

    ပျားရည်ဟာ ဒဏ်ရာတွေကို သက်သာစေတဲ့ အာနိသင် ရှိတယ်လို့ နာမည်ကြီး ပါတယ်။ ဒါ့အပြင် ပျားရည်မှာ ပိုးကူးစက်တာတွေကို ကာကွယ်ပေးတဲ့ ဘက်တီးရီးယား ဆန့်ကျင်ပစ္စည်းတွေ ပါဝင်သလို အရေပြားဒဏ်ရာ အသေးအဖွဲလေးတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ပျားရည်မှာ ကိုယ်ခံအားကို ကောင်းစေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တဲ့ antioxidant တွေလည်း ပါဝင်ပါသေးတယ်။

    ဘယ်လိုသုံးရမလဲ : ပျားရည် နှစ်ဇွန်းလောက်ကို ရေချိုးဇလုံထဲ ထည့်ပြီး ၁၅ မိနစ်လောက် စိမ်ပါ။ ပြီးတဲ့အခါ ရေဇလုံထဲကို မုန့်ဖုတ်ဆိုဒါထပ်ထည့်ပြီး ညင်သာစွာ ပွတ်တိုက် ဂျီးချွတ်ပါ။ ဒီလို လုပ်ပေးမယ် ဆိုရင် သင့်ခန္ဓာကိုယ် အရေပြားမှာ ကပ်ငြိနေတဲ့ ဆဲလ်အသေတွေ အားလုံးကို ဖယ်ရှားပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။

    (၃) လာဗန်ဒါ

    စိတ်ဖြေလျှော့ပြီး အေးအေးဆေးဆေး ရေစိမ်ဖို့ အတွက်ဆို လာဗန်ဒါကို သုံးပါ။ ဘာလို့လဲ ဆိုတော့ လာဗန်ဒါဟာ သင့်စိတ်ကို တည်ငြိမ်စေပြီး ဖိအားတွေကိုလည်း လျှော့ချပေးနိုင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အသားအရေကို သန့်စင်စေ၊ အဆိပ်အတောက် ကင်းစေတာမို့ ဝက်ခြံ ကုသတာ၊ ယားယံတာနဲ့ အရေပြား နီရဲရောင်ရမ်းတာတွေအတွက် အကျိုးရှိပါတယ်။ လာဗန်ဒါကို အဆီအနေနဲ့ သုံးနိုင်သလို အနံ့လေးရှူဖို့ အတွက်လည်း သုံးနိုင်ပါတယ်။

    ဘယ်လိုသုံးမလဲ : လာဗန်ဒါအဆီ ခြောက်စက်ကနေ ရှစ်စက်လောက်ကို နွားနို့၊ ဆားခါး (Epsom salt) တို့နဲ့ ရောပြီး သူတို့ အားလုံး သေချာစွာ ပျော်ဝင်ရောနှောသွားတဲ့အခါ ရေချိုးဇလုံထဲ ထည့်လို့ ရပါပြီ။

    (၄) Essential oils (ကောင်းကျိုးပေးတဲ့ အဆီတွေ)

    ပူဒီနာ၊ rosemary၊ ထင်းရှူးစတဲ့ Essential oils (ကောင်းကျိုးပေးတဲ့အဆီတွေ)တွေကို ရေချိုးတဲ့အခါ အသုံးပြုနိုင်ပါတယ်။ သူတို့ဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး လန်းဆန်းတက်ကြွစေပါတယ်။ Essential oils တခုချင်းဆီမှာ ဆိုင်ရာဂုဏ်သတ္တိတွေ ရှိပါတယ်။ ပူဒီနာက ရောင်ရမ်းတာတွေကို သက်သာစေနိုင်သလို ထင်းရှူးဆီက အဆစ်အမြစ်နာတာတွေနဲ့ချမ်းအေးတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ဖို့ အသုံးဝင်ပါတယ်။

    ဘယ်လိုသုံးမလဲ : လာဗန်ဒါဆီကို သုံးတဲ့နည်းအတိုင်းပဲ သုံးပါ။ တခုပဲရှိတာက ကိုယ်နဲ့ ဓာတ်မတည့်တဲ့အဆီကို မရွေးမိဖို့ပါပဲ။

    (၅) အုန်းဆီ

    အုန်းဆီမှာ အသားအရေကို ချောမွေ့နူးညံ့တင်းရင်းစိုပြေကျန်းမာစေတဲ့ ပရိုတင်းဓာတ်တွေ ပါဝင်သလို အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ ဗီတာမင်စီလည်း ပါဝင်ပါသေးတယ်။

    ဘယ်လိုသုံးမလဲ : အုန်းဆီပါဝင်တဲ့ body wash ရေချိုးဆီကို ရှာဝယ်ပါ။ ဒါမှမဟုတ် အုန်းဆီနဲ့ သကြားကို ဆတူရောပြီး ရေချိုးဆီအဖြစ် သင်ကိုယ်တိုင်ဖန်တီးလို့ရပါသေးတယ်။

    (၆) ဆားခါး (Espom salt)

    ဒီဆားမှာ အသားအရေကို နူးညံ့ပျော့ပျောင်းစေတဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖိတ်ဓာတ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဆားခါးဟာ ကြွက်သားနာတာကို သက်သာစေသလို အကြောတွေကို ပြေလျော့စေပါသေးတယ်။

    ဘယ်လိုသုံးမလဲ : ဆားခါး တခွက်၊ နှစ်ခွက်လောက်ကို ရေနွေးထဲထည့်ပြီးလုံးဝပျော်သွားတဲ့ထိ သေချာမွှေပါ။ ပြီးရင် ရေချိုးဇလုံထဲ ထည့်ပြီး ၁၂မိနစ်လောက်စိမ်ပါ။ ဒါမျိုးကို တပတ်သုံးခါလောက် လုပ်ပါ။ အကယ်၍ သင့်အနေနဲ့ အစိုဓါတ်ကိုထပ်ပြီးအားဖြည့်ပေးချင်တယ်ဆိုရင်အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီအနည်းငယ်ကိုထပ်ထည့်နိုင်ပါသေးတယ်။

    (၇) နှင်းဆီ

    နှင်းဆီမှာ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ဂုဏ်သတ္တိနဲ့ ဘက်တီးရီးယားတွေကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ နှင်းဆီဟာ အသားအရေကို စိုပြည်လန်းဆန်းစေပြီး နီရဲတာတွေနဲ့ ဝက်ခြံတွေကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။

    ဘယ်လိုသုံးမလဲ : နှင်းဆီပန်းအဖတ်ခြောက်လေးတွေ၊ နှင်းဆီကနေထုတ်ယူထားတဲ့ အဆီနှစ်တွေကို နွားနို့နဲ့ ဆားခါးတို့နဲ့ ရောနှောပြီး ရေနွေးကန်ထဲမှာ အားပါးတရ စိမ်လိုက်ပါ။

    (၈) မုန့်ဖုတ်ဆိုဒါ

    မုန့်ဖုတ်ဆိုဒါဟာ သင့်အသားအရေကို နူးညံ့ချောမွတ်စေတဲ့ သဘာဝဂျီးချွတ်ပစ္စည်းပဲ ဖြစ်ပါတယ်။

    ဘယ်လိုသုံးမလဲ : မုန့်ဖုတ်ဆိုဒါ လေးငါးဇွန်းလောက်ကို ရေနွေးထည့်ထားတဲ့ ရေချိုးဇလုံထဲကို ထည့်ပါ။ အသေအချာပျော်ဝင်သွားတဲ့အထိစောင့်ပြီး ဆယ်မိနစ်ကနေ မိနစ်နှစ်ဆယ်အထိ စိမ်ပါ။

    ရေနွေးစိမ်တာဟာ စိတ်ဖိစီးမှုတွေကို သက်သာလျှော့ချပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပြီး နောက်ကျောနာတာလို၊ ခေါင်းကိုက်တာလို ဝေဒနာမျိုးတွေကိုတောင် သက်သာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖော်ပြခဲ့တဲ့ ပစ္စည်းရှစ်မျိုးကိုသုံးပြီး အကောင်းဆုံးဇိမ်ခံလိုက်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement