ဒီလိုအကြော ပြုပြင်ကုသမှုတွေဟာ သင့်ရဲ့ ဦးနှောက် ကျောရိုးနာ့ဗ်ကြောမကြီးနှင့် အာရုံကြောတွေရဲ့ အခြေခံဖြစ်တဲ့ အလိုအလျောက်အာရုံကြော စနစ်ကို ပုံမှန်ကောင်းစေဖို့ရာ ကူညီပေးနိုင်ပါတယ်။ ၎င်းဟာ သင့်ရဲ့ ဟော်မုန်းထွက်တဲ့ အဖွဲ့အစည်းနဲ့ ကိုယ်ခံအားစနစ်အဖွဲ့အစည်းကို ချိတ်ဆက်ပေးလိုက်ပြီး ဓါတုဗေဒဖြစ်စဉ်တွေကို ပုံမှန်လည်ပတ်စေကာ သင့်ကို ကျန်းမာအောင် ကူညီပေးပါတယ်။ သင့်ရဲ့ကျောရိုးတွေဟာ အနေအထား ပျက်ယွင်းနေမယ်ဆိုရင် အာရုံကြောလမ်းကြောင်းတွေဟာလည်း ပိတ်ဆို့သွားနိုင်ပြီး ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေပါတယ်။ သင့်ရဲ့ အာရုံကြောစနစ်ဟာ ဘေလုံး၊ ပြန်ရည်ကျိတ်များ နှင့် ရိုးတွင်းချဉ်ဆီ ကဲ့သို့သော ကလီစာ တွေနဲ့ ချိတ်ဆက်နေတဲ့ အတွက်ကြောင့် သင့်ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ် တုံ့ပြန်မှုအပေါ် အကျိုးသက်ရောက်တာပဲ ဖြစ်ပါတယ်။ ကျောရိုးအနေအထား ပျက်ယွင်းမှုဟာ နာကျင်မှုကို ခံစားရရုံသာမကပဲ သင့်ရဲ့ ကိုယ်ခံအားစနစ်မှ ထုတ်လုပ်မှုပုံစံနှင့် လုပ်ငန်း ဆောင်တာတွေကိုပါ သွားပြီးပိတ်ဆို့နိုင်ပါတယ်။
Ronald Pero (Ph.D., နယူးယောက် တက္ကသိုလ် ကင်ဆာကာကွယ်ရေးသုတေသန အကြီးအကဲ) ရဲ့ လေ့လာတွေ့ရှိချက်အရ အမျိုးမျိုးသော ကျောရိုးနာ့ဗ်ကြော ထိခိုက်မှုဟာ ကင်ဆာရောဂါ နှင့် ချိတ်ဆက် မှုရှိတယ်လို့ သက်သေပြခဲ့ပါတယ်။ ဒီလို ထိခိုက်ဒဏ်ရာတွေ ရရှိခြင်းဟာ ပြန်ရည်ကြောကင်ဆာ နှင့် ပြန်ရည်ကြောဆိုင်ရာ သွေးကင်ဆာ အမျိုးအစားရောဂါတွေ ဖြစ်ဖို့ အခွင့်အလမ်း ပိုပြီးများစေနိုင်ပါတယ်။ သူရဲ့ လေ့လာတွေ့ရှိမှုမှ တစ်ဆင့် ကျောရိုး နှင့် အဆစ်အမြစ်တွေကို လက်ဖြင့် ပြုပြင်ပြောင်းလဲ ကုသခြင်းအချိန်အကြာကြီး ခံယူသူ လူနာတွေဟာ မခံယူတဲ့လူနာ တွေထက်စာရင် ၂၀၀ ရာခိုင်နှုန်း လောက်ကို ကိုယ်ခံအားစနစ် ပိုပြီးတက်နေတယ်ဆိုတာကို လေ့လာတွေ့ရှိ ခဲ့ရပါတယ်။ ဒါ့အပြင် ကင်ဆာ သို့မဟုတ် ပြင်းပြင်းထန်ထန် ရောဂါရှိတဲ့ လူနာတွေနဲ့ နှိုင်းယှဉ်တော့ ကုသမှုကို အချိန်အကြာကြီး ခံယူသူဟာ ၄၀၀ ရာခိုင်နှုန်းလောက်ကို ကိုယ်ခံအားစနစ် ပိုတက်လာတယ်လို့ တွေ့ရှိရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။