backup og meta

ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

    ရုံးဆင်းပြီဆိုရင် Foot Reflexology ဆိုင်တွေကို ပြေးတတ်ကြတယ်နော်။ ဒီနေရာတွေက တစ်နေ့ကုန် ဖိစီးတောင့်တင်းနေတဲ့ အကြောအခြင်တွေကို နာရီပိုင်းလေးအတွင်းမှာ ပြေလျော့သက်သာစေမယ့် အနားယူစရာလေးတွေ ဖြစ်လာပါတယ်။ အလုပ်မှာပင်ပန်းသမျှ စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့ သက်သာစေနိုင်ပါတယ်တဲ့။ ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ က မနည်းလှပါဘူး။

    ခြေဖဝါး၊ လက်ဖဝါးတို့ အပြင် ခန္ဓာကိုယ်ရဲ့ အကြောတောင့်တင်းနိုင်တဲ့ ဧရိယာတွေကို ဖြေလျှော့ နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုဟာ ဒီနှစ်ပိုင်းမှာ အတော်လေး ခေတ်စားလာခဲ့ပြီမို့ အကြောပြေ အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားသုံး နှိပ်နယ်တာ မဟုတ်ဘဲ အကြောအခြင် အဓိက ပွိုင့်လေးတွေကိုပဲ အသာအယာ နှိပ်နယ်နှိုးဆွပေးတဲ့ နည်းကို ဆိုလိုတာပါနော်။

    ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

    ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ ကတော့

    (၁) အာရုံကြောလုပ်ဆောင်မှုကို ပိုကောင်းစေတယ်

    အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောစွန်းတွေ (ခြေဖျား၊လက်ဖျားတို့လို အစွန်အဖျားအစိတ်အပိုင်းတွေ)က ထိတွေ့အာရုံခံနိုင်စွမ်း အားနည်းလာပါတယ်။ Reflexology တစ်ကြိမ်လောက်နဲ့ အာရုံကြောအစွန်းပေါင်း ၇၀၀၀ ကျော်ကို နှိုးဆွပေးနိုင်တယ်၊ လုပ်ဆောင်ချက်နဲ့ ပြန်လည်တုံ့ပြန်နိုင်စွမ်းပိုကောင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။

    (၂) အားပိုဖြစ်စေတယ်

    ကိုယ်တွင်းအစိတ်အပိုင်းတွေနဲ့ ကြွက်သားစနစ်လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတဲ့ reflexology က ကိုယ်တွင်းဇီဝဖြစ်စဉ်တွေနဲ့ ခွန်အားဖြစ်ပေါ်မှုတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။

    (၃) အိပ်ပျော်စေတယ်

    အိပ်ရာမဝင်ခင် အချိန်က ခြေထောက်ကို နှိပ်နယ်ဖို့ အကောင်းဆုံး ပါပဲ။ ခြေထောက်ကို အကြောပြေလျော့ပြီး သက်သောင့်သက်သာ ရှိစေတဲ့ နှိပ်နယ်မှုက သွေးလည်ပတ်မှု ပိုကောင်းစေပါတယ်။ သွေးလည်ပတ်မှု ပိုကောင်းတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

    (၃) သွေးလည်ပတ်မှုပိုကောင်းစေတယ်

    အကြောလျှော့ အနှိပ်ခံခြင်းရဲ့လူသိများတဲ့ ကောင်းကျိုးတွေထဲမှာ ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်မှု ပိုကောင်းစေတဲ့ အချက် ပါဝင်ပါတယ်။ ညင်သာစွာနဲ့ ထိမိတဲ့ နှိပ်နယ်မှုကြောင့် ကိုယ်တွင်းက အရေးပါတဲ့ အစိတ်အပိုင်းတွေဆီကို အောက်စီဂျင် ပိုမို ရောက်ရှိစေပြီး လုပ်ဆောင်ချက်တွေ ပိုကောင်းစေမယ်။ အကျိုးရလဒ် အနေနဲ့ အနာကျက်ခြင်းနဲ့ ထိခိုက် ပျက်စီးနေတဲ့ ဆဲလ်တွေ ပြန်လည် ဖြစ်ပေါ်မှုတို့ မှာလည်း ပိုမြန်ဆန်စေ ပါတယ်။

    (၄) ပင်ပန်းမှုတွေကို ပြေပျောက်စေတယ်

    အပေါ်မှာ ပြောခဲ့သလိုပဲ reflexology က အာရုံကြောတွေကို နှိုးဆွပေးနိုင်လို့ ခန္ဓာကိုယ်ကို ပြေလျော့စေပြီး ပိုလို့ သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒါ့ကြောင့်ပဲ အိပ်စက်မှု ဆိုင်ရာ ရောဂါတွေကို ကုသရာမှာ ဒီနည်းကို သုံးခဲ့ကြပါတယ်။ ညအိပ်မပျော်သူတွေမှာ reflexology ကြောင့် ခန္ဓာကိုယ်ကို ပေါ့ပါး သက်သာစေပြီး နှလုံးခုန်နှုန်းကိုပါ ပုံမှန် ပြန်ဖြစ်စေပါတယ်။

    (၅) အဆိပ်အတောက်တွေ ကင်းစင်စေတယ်

    Reflexology ကြောင့် ဆီးအိမ် လုပ်ဆောင်ချက်ကို ပိုကောင်းစေပြီး ဆီးလမ်းကြောင်း ပြဿနာတွေကို သက်သာ လျော့ပါးစေပါတယ်။ ဒါ့ကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေနဲ့ တခြား ဓာတ်ပစ္စည်း တွေကို ဖယ်ရှား သန့်စင်ရာမှာ လုပ်ဆောင်ချက် ပိုကောင်းစေပါတယ်။

    ဒီလို ကောင်းကျိုးတွေ ရှိတယ် ဆိုတော့လည်း အလုပ်ဆင်းလို့ အားတဲ့ အချိန် ဒါမှမဟုတ် အလုပ် ပိတ်ရက်လေးတွေမှာ အနားယူရင်း တစ်ကြိမ် တစ်ခေါက်တော့ သွားပြီး အနားယူသင့်တာပေါ့နော်။ Hello ဆရာဝန် ပရိသတ်တို့ ကျန်းမာ ပေါ့ပါးတဲ့ နေထိုင်မှု ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement