backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Witch hazel (သစ်အယ်ပင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

သစ်အယ်ပင် ကို ဘာအတွက်အသုံးပြုကြသလဲ

အောက်ဖော်ပြပါ ကျန်းမာရေးအခြေအနေများကို ကုသရန်အတွက် witch-hazel ကို အသုံးပြုကြပါတယ်။

  • ဝမ်းလျှောခြင်း၊အူရောင်ခြင်း၊သွေးအန်ခြင်း၊ချောင်းဆိုးသွေးပါခြင်း၊တီဘီရောဂါ၊အအေးမိခြင်း၊ဖျားနာခြင်း နှင့် ကင်ဆာကျိတ်များကို ကုသရန် witch-hazel ကို သောက်နိုင်ပါတယ်။
  • ယားယံခြင်း၊နာကျင်ခြင်း၊ရောင်ရမ်းခြင်း၊မျက်စိရောင်ခြင်း၊အရေပြား ထိခိုက်ပွန်းရှခြင်း၊mucous membrane ဟုခေါ်သော ခန္ဓါကိုယ်၏ ဒွာရပေါက်များ ရောင်ရမ်းခြင်း၊သွေးကြောထုံးခြင်း၊ဖောင်းခြင်း၊လိပ်ခေါင်းဖြစ်ခြင်း၊သွေးခြေဥခြင်း၊အင်းဆက်ပိုးမွှားများ ကိုက်ခြင်း၊အနည်းငယ်အပူလောင်ခြင်း နဲ့ အသားအရေ နီရဲပူစပ်ခြင်းတို့အတွက် Witch-hazel ကို အရေပြားပေါ် တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်တယ်။
  • Witch-hazel ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုကြသေးတာမို့ အသေးစိတ်ထပ်မံသိရှိလိုပါက ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေကို မေးမြန်းတိုင်ပင်ရပါမယ်။

    ဘယ်လိုအလုပ်လုပ်လဲ

    Witch-hazel မှာ tannins လို့ခေါ်တဲ့ဓါတ်ပစ္စည်းတမျိုးပါဝင်ပါတယ်။Witch-hazel ကို အရေပြားပေါ် တိုက်ရိုက်လိမ်းတဲ့အခါ ရောင်ရမ်းခြင်းတွေကို လျော့နည်းသွားစေပြီး အရေပြားထိခိုက်ဒါဏ်ရာရတာတွေကို သက်သာပျောက်ကင်းသွားအောင် ကုသပေးနိုင်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ဖယ်ရှားရှင်းလင်းပေးပါတယ်။ ထပ်မံသိလိုတာတွေ ရှိပါက ဆရာဝန် ဒါမှမဟုတ် ဆေးဖက်ဝင်ပစ္စည်းကျွမ်းကျင်သူတွေကို မေးမြန်းနိုင်ပါတယ်။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    သစ်အယ်ပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။

    • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။
    • အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။
    • witch-hazel သို့မဟုတ် အခြားဆေးများ သို့မဟုတ် သဘာဝဆေးဖက်ဝင်အပင်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။
    • အခြားသော ဖျားနာမှု၊ရောဂါဝေဒနာ သို့မဟုတ် ကျန်းမာရေးပြဿနာများရှိလျှင်။
    • အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓါတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများ ရှိလျှင်။

    ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။

    သစ်အယ်ပင် က ဘယ်လောက်စိတ်ချရလဲ

    ကလေးငယ်များတွင် :

    witch-hazel ကို အရေပြားပေါ် တိုက်ရိုက်လိမ်းပေးမယ်ဆိုရင် ကလေးတွေအတွက် စိတ်ချရပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန် :

    ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ ချယ်ရီရိုင်းကို သုံးစွဲခြင်းဟာ စိတ်ချရမှုရှိမရှိနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်များ မရှိသေးပါ။ ဒါကြောင့် စိတ်ချရအောင် မသုံးဘဲနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

    ဘေးထွက်ဆိုးကျိုးများ

    သစ်အယ်ပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

    အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

    • ပျို့အန်ခြင်း၊မအီမသာဖြစ်ခြင်း။
    • ဗိုက်နာဗိုက်အောင့်ခြင်း။
    • ဝမ်းချုပ်ခြင်း။
    • ဆီးမည်းခြင်း။
    • အသားဝါခြင်း။
    • ဗိုက်အလွန်အောင့်ခြင်း၊နာခြင်း။
    • အသည်းထိခိုက်ခြင်း။

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    သစ်အယ်ပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

    witch-hazel ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။

    ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

    သောက်သုံးရန်အညွှန်း

    ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

    သစ်အယ်ပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

    လိပ်ခေါင်း သို့မဟုတ် အခြားသော စအိုရောဂါများကြောင့် နာကျင်ခြင်း၊နေမထိထိုင်မသာ ဖြစ်ခြင်းများအတွက် :

    Witch-hazel ရေကို တနေ့ခြောက်ခါလောက် ဒါမှမဟုတ် အိမ်သာသွားပြီးတိုင်း ထည့်ပေး၊ဆေးပေးပါ။

    Witch-hazel တင်ချာ :

    တခါအသုံးပြုလျှင် ၂ – ၄ စီစီ ပမာဏဖြင့် တနေ့ကို သုံးကြိမ်ခန့် သုံးစွဲနိုင်ပါတယ်။

    Witch-hazel လက်ဖက်ရည်ကြမ်း :

    တနေ့ကို နှစ်ခါ သို့မဟုတ် သုံးခါ သောက်ပေးပါ။ ပါးစပ်အနာပေါက်ခြင်း၊ရောင်ရမ်းခြင်း နဲ့ လည်ချောင်းနာခြင်းတွေအတွက် Witch-hazel လက်ဖက်ရည်ကြမ်းကို အာလုပ်ကျင်းပေးနိုင်ပါတယ်။

    လူတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။

    သစ်အယ်ပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

    အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

    • Witch-hazel တင်ချာ။
    • Witch-hazel သောက်ဆေးရည်။
    • Witch-hazel လိမ်းဆေးရည်။

    Witch-hazel လက်ဖက်ရည်ကြမ်း။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement