မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Wild yam ဟာ အပင်တမျိုးဖြစ်ပြီး မ ဟော်မုန်းအစားထိုး သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ မဟော်မုန်းတမျိုးဖြစ်တဲ့ estrogen အစားထိုးကုသခြင်း၊ အသက်အရွယ်ကြီးမြင့်တဲ့ အမျိုးသမီးကြီးတွေမှာ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊သွေးဆုံးကိုင်ဝေဒနာကို ကုသခြင်း၊ဓမ္မတာလာစဉ် ကိုက်ခဲခြင်း၊အရိုးပွခြင်းတွေကို ကုသဖို့အတွက် Wild yam ကို သုံးနိုင်သလို လိင်စိတ်အားကောင်းလာအောင် ဒါမှမဟုတ် ရင်သားဖွံ့ဖြိုးကြီးထွားလာဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။
ဒါတင်မကသေးပါဘူး။Wild yam ဟာ diverticulosis လို့ခေါ်တဲ့ အူလမ်းကြောင်းပြဿနာတမျိုး၊သည်းခြေအိတ်နာကျင်ခြင်း၊အဆစ်အမြစ်ရောင်ခြင်းတို့ကို ကုသပေးနိုင်ပြီး အားအင်တွေလည်း တိုးပွားလာစေပါတယ်။ သွေးဆုံးကိုင်ဝေဒနာတွေ (ဥပမာ တကိုယ်လုံးဖိန်းတိန်းရှိန်းတိန်းဖြစ်တာ စသည်)ကို သက်သာစေဖို့အတွက် တချို့အမျိုးသမီးတွေဟာ Wild yam ကို အရေပြားပေါ်လိမ်းလေ့ရှိကြပါတယ်။Wild yam ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်သေးတဲ့အတွက် အသေးစိတ်ထပ်မံသိရှိလိုတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေထံ မေးမြန်းသင့်ပါတယ်။
wild yam ဟာ သူ့ရဲ့ အာနိသင်တွေကို ဘယ်လိုပြသလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါဘူး။ အသေးစိတ်သိရှိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် ဖြည့်စွက်ဆေးဝါးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။
ဒါပေမယ့် ဓါတ်ခွဲခန်းထဲမှာ စတီးရွိုက်အမျိုးမျိုး (ဥပမာ estrogen)အဖြစ် ပြောင်းလဲပေးနိုင်တဲ့ diosgenin ဓါတ်တွေ wild yam မှာ ပါဝင်တယ်လို့ လေ့လာမှုတွေအရ သိရှိရပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်က wild yam ကို estrogen ဓါတ်အဖြစ် ပြောင်းလဲမပေးနိုင်ပါဘူး။
အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။
ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။
ကလေးများ :
ကလေးတွေမှာ Wild yam ရဲ့ အကျိုးသက်ရောက်မှုကို ကောင်းစွာ လေ့လာထားရခြင်းမရှိသေးတာကြောင့် ကလေးတွေမှာ အသုံးမပြုသင့်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန် :
ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ Wild yam ဆေးကို သုံးစွဲခြင်းဟာ စိတ်ချရမှုရှိမရှိနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်များ မရှိသေးပါ။ ဒါကြောင့် စိတ်ချရအောင် မသုံးဘဲနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
Wild yam ကို သောက်ခြင်း ဒါမှမဟုတ် အရေပြားပေါ်လိမ်းခြင်းဟာ ယေဘုယျအားဖြင့် လုံခြုံစိတ်ချမှုရှိပြီး ပမာဏအများအပြားအသုံးပြုမယ်ဆိုရင်တော့ အော့အန်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
wild yam ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက်
မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။ဥပမာ
ဟော်မုန်းအစားထိုးကုသမှုခံယူထားခြင်း ဒါမှမဟုတ် ပဋိသန္ဓေတားဆေးများ : တိရ စ္ဆာန်တွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ wild yam မှာပါဝင်တဲ့ diosgenin ဓါတ်ဟာ estradiol နဲ့ဓါတ်ပြုနိုင်တယ်လို့ သိရပါတယ်။estradiol ဆိုတာဟာ ခန္ဓါကိုယ်ထဲမှာ သဘာဝအလျောက် ဖြစ်ပေါ်လာနိုင်တဲ့ မ ဟော်မုန်းတမျိုးဖြစ်ပြီး ပဋိသန္ဓေတားဆေးအချို့နဲ့ ဟော်မုန်းအစားထိုးကုသမှုတွေမှာ ပါဝင်လေ့ရှိပါတယ်။
ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်တဲ့ ရင်သားကင်ဆာ၊သားအိမ်ကင်ဆာ၊သားဥအိမ် ကင်ဆာ၊endometriosis လို့ခေါ်တဲ့ သားအိမ်တစ်ရှူးနေရာလွဲမှားရောဂါ ဒါမှမဟုတ် သားအိမ်အလုံးဖြစ်ခြင်း။
ပရိုတင်း S ချို့တဲ့ခြင်း : wild yam ဟာ မဟော်မုန်း estrogen လိုပဲ ပြုမူတာမို့ သွေးခဲနိုင်တဲ့ အန္တရာယ်ကို ပိုများစေပါတယ်။ လူနာတယောက်ဟာ သဘာဝဆေးဖက်ဝင်အပင်တွေဖြစ်တဲ့ wild yam, dong quai, red clover နဲ့ black cohosh တို့ပါဝင်တဲ့ ဆေးတမျိုးကို သုံးစွဲပြီး သုံးရက်လောက်ကြာတဲ့အခါ မျက်လုံးမှာရှိတဲ့ မြင်လွှာကို သွေးထောက်ပံ့ပေးတဲ့ သွေးကြောမှာ သွေးခဲဖြစ်ပေါ်လာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် အဆိုပါလူနာမှာ ပရိုတင်း S ချို့တဲ့နေပြီး systemic lupus erythematosus (SLE) လို့ခေါ်တဲ့ ပြင်းထန်တဲ့ ရောဂါတမျိုးရှိနေခဲ့ပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
လူတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။
အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
တင်ချာ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။