White cohosh (ကိုဟော့ရှ်အဖြူပင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အသုံးပြုပုံများ

ကိုဟော့ရှ်အဖြူပင် ကို ဘာအတွက်အသုံးပြုကြသလဲ

White cohosh ဟာ သဘာဝဆေးဖက်ဝင် အပင်တမျိုး ဖြစ်ပြီး အပင်ရဲ့ အစိတ်အပိုင်းအားလုံးဟာ အဆိပ်အတောက်ဖြစ်စေပေမယ့် အောက်ပါရောဂါအခြေအနေတွေကို ကုသဖို့ အသုံးပြုလေ့ရှိကြပါတယ်။

ဓမ္မတာလာစေရန်။

အမျိုးသမီးရောဂါများကို ကုသရန်၊မီးဖွားရလွယ်ကူစေရန်။

အအေးမိ၊ချောင်းဆိုးရောဂါများကို ကုသရန်။

ဆီးလမ်းကြောင်းပြဿနာများကို ကုသရန်။

ယားယံခြင်း။

အစာအိမ်ပြဿနာများ။

အချို့သော သေအံ့ဆဲဆဲလူနာတွေကို white cohosh သုံးပြီး အသက်ကယ်ဖို့ ကြိုးစားလေ့ရှိကြပါသေးတယ်။white cohosh ကို အခြားသော ရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုနိုင်သေးတာမို့ အသေးစိတ်သိရှိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ထံ မေးမြန်းသင့်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ယခု ဆေးဖက်ဝင်အပင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါ။ အသေးစိတ် ထပ်မံသိရှိဖို့အတွက် ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဖက်ဝင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူကို မေးမြန်းပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ကိုဟော့ရှ်အဖြူပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ ဘာလို့လဲဆိုတော့ အဆိုပါ အခြေအနေမျိုးတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုသာ သုံးစွဲသင့်လို့ ဖြစ်ပါတယ်။
  • အခြားဆေးများကို သုံးစွဲနေလျှင် (ဆရာဝန်ဆေးစာမပါဘဲ ဝယ်ယူနိုင်သော ဆေးများလည်း ပါဝင်သည်)။
  • white cohosh သို့မဟုတ် အခြားသော ဆေးများ၊သဘာဝဆေးဖက်ဝင်ပင်များမှ ထုတ်လုပ်ထားသော ဆေးဝါးများနှင့် ဓါတ်မတည့်လျှင်။
  • သင့်တွင် အခြားရောဂါများရှိလျှင်။
  • အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓါတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများ ရှိလျှင်။

ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။

ကိုဟော့ရှ်အဖြူပင် က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန် :

white cohosh အပင်ရဲ့ အစိတ်အပိုင်းအားလုံးက အဆိပ်အတောက် ဖြစ်စေတာမို့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ လုံးဝအသုံးမပြုရပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ကိုဟော့ရှ်အဖြူပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အပင်ရဲ့ အစိတ်အပိုင်းအားလုံးက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အောက်ပါဘေးထွက်ဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။

  • အစာအိမ်ပြဿနာများ။
  • အော့အန်ခြင်း။
  • သွေးဝမ်းသွားခြင်း။
  • ခေါင်းကိုက်ခြင်း။
  • နှလုံးနှင့် သွေးကြောဆိုင်ရာ၊သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများ။
  • ကယောင်ကတမ်း ဖြစ်ခြင်း။

white cohosh ဟာ အရေပြား ရောင်ရမ်းခြင်း၊အရည်ကြည်ဖု ထခြင်းများ ဖြစ်စေနိုင်တာမို့ အသားနဲ့တိုက်ရိုက်ထိခြင်းကို ရှောင်ရှားရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ကိုဟော့ရှ်အဖြူပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

white cohosh ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ် (အထူးသဖြင့် သင့်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ ရှိနေရင်)။ ဘာလို့လဲဆိုတော့ white cohosh ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေတဲ့အတွက် အဆိုပါပြဿနာတွေကို ပိုဆိုးလာနိုင်စေလို့ပါ။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ကိုဟော့ရှ်အဖြူပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

အပင်မြစ် တဆနဲ့ 80%အယ်လ်ကိုဟော နှစ်ဆကို ရောနိုင်ပြီး အမြစ်ခြောက်အတွက်ဆိုရင်တော့ အပင်မြစ် တဆနဲ့ အယ်လ်ကိုဟော ငါးဆကို ရောပါ။ ပြီးရင် ၁၀စက် ကနေ ၁၅စက်ခန့် ပမာဏကို တနေ့ကို လေးကြိမ်လောက် သုံးစွဲနိုင်ပါတယ်။ အခြားသော တင်ချာများနည်းတူပါပဲ white cohosh အမြစ်ကို မသုံးစွဲမီ အနည်းဆုံး တလလောက် ဒီအတိုင်းထား ထားရပါမယ်။ လူနာတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။

ကိုဟော့ရှ်အဖြူပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

  • လက်ဖက်ရည်ကြမ်း။
  • တင်ချာ။

အနှစ်ပြုတ်ရည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 30, 2017

ရင်းမြစ်များ