backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tung Seed (တန်းစေ့)


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

တန်းစေ့ ကို ဘာအတွက်အသုံးပြုကြသလဲ

အသုံးပြုခြင်း

တန်းစေ့ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

တန်းစေ့ဆိုတာ တန်းပင်ရဲ့အသီးက ရတဲ့အစေ့ကို ခေါ်တာဖြစ်ပါတယ်။ တန်းစေ့ဟာ အလွန်အဆိပ်ပြင်းပြီး အစိမ်းအတိုင်းစားမိရင် အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

ဒါပေမယ့်လည်း တန်းစေ့ကထွက်တဲ့အဆီနဲ့ အဆံကို ဆေးအဖြစ် အသုံးပြုနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။

တန်းစေ့ကို ပန်းနာရင်ကြပ်ရောဂါနဲ့ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ ဝမ်းရောဂါတွေကို ကုသဖို့အသုံးပြုကြသလို ဆံပင်ပေါက်စေဖို့အတွက် ဦးရေပြားပေါ်လိမ်းကြတယ်လို့လည်း သိရပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

တန်းစေ့က ခန္ဓါကိုယ်အတွက် ဘယ်လိုအလုပ် လုပ်သလဲ။

တန်းစေ့မှာ အူလမ်းကြောင်းကို လှုံ့ဆော်ပေးပြီး ချွေးထွက်ခြင်းကို အားပေးတဲ့ပစ္စည်းတွေ အများအပြားပါဝင်တဲ့အပြင်ဆိုင်ယာနိုဒ်ကဲ့သို့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေလည်း ပါဝင်တယ်လို့ သိရှိရပေမယ့် ၎င်းရဲ့အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်များ မပြုလုပ်ရသေးပါဘူး။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် ဆွေးနွေးပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

တန်းစေ့ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

တန်းစေ့ကို အသုံးမပြုခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ မသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • တန်းစေ့ သို့မဟုတ် အခြားဆေးဝါးများ တွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း
  • အစားအသောက်၊ ဆိုးဆေး၊ ကြာရှည်ခံဆေး သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း

သာမန်ဆေးဝါးများ အသုံးပြုခြင်းထက်စာလျှင် အပင်မှရရှိသည့်ဆေးဝါးများ အသုံးပြုခြင်းက ကန့်သတ်ချက်ပိုနည်းပေမယ့် စိတ်ချရမှုအတိုင်းအတာကို အဆုံးအဖြတ်ပေးဖို့ လေ့လာစမ်းသပ်မှုများ ဆက်လက်ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါကြောင့် ဆေးပင်အသုံးပြုခြင်းမှ ရရှိလာမယ့် ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင့်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နဲ့ တိုင်ပင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

တန်းစေ့ က ဘယ်လောက်စိတ်ချရလဲ

တန်းစေ့ဟာ အသုံးပြုဖို့ စိတ်ချရရဲ့လား။

တန်းစေ့မှာ ဆိုင်ယာနိုဒ်နဲ့ အလားသဏ္ဍာန်တူတဲ့ ဓါတုပစ္စည်းတစ်မျိုးနဲ့ အခြားအဆိပ်အတောက်များ ပါဝင်တဲ့အတွက် တစ်စေ့လောက်စားမိရုံနဲ့ ပြင်းပြင်းထန်ထန် အဆိပ်သင့်နိုင်ပါတယ်။

တန်းစေ့ကို အရေပြားလိမ်းဆေးအဖြစ် အသုံးပြုဖို့ စိတ်ချရခြင်းရှိ၊မရှိ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အထူးသတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့တိုက်နေချိန်

တန်းစေ့ဟာ ဘယ်သူ့အတွက်မဆို သောက်ဆေးအဖြစ်အသုံးပြုဖို့ လုံးဝစိတ်မချရပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေချိန်တွေမှာ သောက်သုံးမိရင် မိခင်ကိုရော ကလေးကိုပါ ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

တန်းစေ့ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဘေးထွက် ဆိုးကျိုးများ

တန်းစေ့က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

တန်းစေ့ကို သောက်သုံးမိရင် ပြင်းထန်တဲ့ အစာအိမ်နာ၊ အော့အန်ခြင်းနဲ့ အသက်ရှုလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပြီး အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

တန်းစေ့ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

သက်ရောက်ဓါတ်ပြုမှုများ

ဘယ်လိုဆေးဝါးတွေနဲ့ ကျန်းမာရေးအခြေအနေတွေက တန်းစေ့နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

တန်းစေ့ဟာ သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးများ၊ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးအသုံးမပြုခင် သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးပင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

တန်းစေ့ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

အသုံးပြုရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးပင်ပညာရှင်နှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

တန်းစေ့ကို ပုံမှန်အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။

အသက်၊ ကျန်းမာရေး စတဲ့ လူတစ်ဦးချင်းစီရဲ့ အခြေအနေအပေါ်မူတည်ပြီး ဆေးသောက်သုံးရမယ့် ပမာဏ ကွဲပြားခြားနားနိုင်ပါတယ်။ အပင်ကထုတ်လုပ်တဲ့ ဆေးဝါးတွေဟာ သုံးစွဲဖို့ အမြဲတစေစိတ်ချရတဲ့ အနေအထားမှာ မရှိတဲ့အတွက် သင်သောက်သုံးရမယ့် အတိုင်းအတာပမာဏကို သိရှိဖို့ သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

တန်းစေ့ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

တန်းစေ့ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

တန်းစေ့ကို သဘာဝအတိုင်းရရှိတဲ့ အစေ့၊ အစေ့မှထုတ်လုပ်တဲ့ အဆီ ပုံစံများဖြင့် ရရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement