Thymus extract (သိုင်းမက်စ်ဂလင်း-အဆီ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Thymus extract (သိုင်းမက်စ်ဂလင်း-အဆီ)

အသုံးပြုပုံများ

သိုင်းမက်စ်ဂလင်း-အဆီ ကို ဘာအတွက်အသုံးပြုကြသလဲ

Thymus-extract ကို ဓာတ်ခွဲခန်းမှာပြုလုပ်ဖန်တီးနိုင်သလို နွားရဲ့ဂလင်းတွေကလည်း ထုတ်လုပ်နိုင်ပါတယ်။အသက်ရှုလမ်းကြောင်း မကြာခဏပိုးဝင်ခြင်း၊အအေးမိခြင်း၊တုပ်ကွေးကွေးခြင်း၊ကြက်ငှက်တုပ်ကွေး ဖြစ်ခြင်း၊အသည်းရောင်အသားဝါ ဘီပိုး၊စီပိုး ကူးစက်ခြင်း၊Epstein-Barr virus (EBV) ကူးစက်ခြင်း၊mononucleosis ရောဂါဖြစ်ပွါးခြင်း၊ရေယုန်ပေါက်ခြင်း၊ထိပ်ခတ်နာဖြစ်ခြင်း နဲ့ ခုခံအားကျဆင်းမှုရောဂါဖြစ်ပွါးခြင်းတို့မှာ Thymus-extract ကို အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ဓာတ်မတည့်ခြင်းကြောင့် နှာစေးခြင်း၊အစားအသောက်တခုခုနှင့် မတည့်ခြင်း၊ကင်ဆာရောဂါများ၊အဆစ်အမြစ်ရောင်ရောဂါမှာ ဖြစ်ပွါးခြင်း၊ကာလကြာရှည် ပင်ပန်းနွမ်းနယ်ခြင်း၊systemic lupus erythematosus (SLE) လို့ခေါ်တဲ့ ပြင်းထန်သော ရောဂါတမျိုး ဖြစ်ပွါးခြင်းတွေအတွက်လည်း Thymus-extract ကို သုံးနိုင်ပါတယ်။

ဓာတ်ရောင်ခြည်ကင်ပြီး ဒါမှမဟုတ် သွင်းဆေးတွေသုံးပြီး ကုသနေရတဲ့ ကင်ဆာဝေဒနာရှင်တွေမှာ သွေးဖြုဥထုတ်လုပ်မှု ပမာဏကို ထိန်းထားဖို့အတွက် ဒါမှမဟုတ် အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပေးဖို့အတွက်လည်း Thymus-extract ကို အသုံးပြုလို့ရပါသေးတယ်။

Thymus-extract ကို အခြားသော အခြေအနေတွေမှာလည်း သုံးနိုင်သေးတာမို့ အသေးစိတ်ထပ်မံ သိရှိလိုတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ထပ်မံမေးမြန်းနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Thymus-extract ဟာ သူ့ရဲ့ အာနိသင်တွေကို ဘယ်လိုပြသလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါဘူး။အသေးစိတ်သိရှိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် ဖြည့်စွက်ဆေးဝါးကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ဒါပေမယ့် အချို့သော လေ့လာမှုတွေရဲ့အဆိုအရ Thymus-extract ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်းအားဖြင့် သူ့ရဲ့ အာနိသင်တွေကို ပြသတယ်လို့လည်း ဆိုပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

သိုင်းမက်စ်ဂလင်း-အဆီ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ဘာလို့လဲဆိုတော့ အဆိုပါ အခြေအနေမျိုးတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုသာ သုံးစွဲသင့်လို့ ဖြစ်ပါတယ်။
  • အခြားဆေးများကို သုံးစွဲနေလျှင် (ဆရာဝန်ဆေးစာမပါဘဲ ဝယ်ယူနိုင်သော ဆေးများလည်း ပါဝင်သည်)။
  • thymus-extract သို့မဟုတ် အခြားသော ဆေးများ၊သဘာဝဆေးဖက်ဝင်ပင်များမှ ထုတ်လုပ်ထားသော ဆေးဝါးများနှင့် ဓာတ်မတည့်လျှင်။
    • ကိုယ်ခံအားကျဆင်းခြင်း၊ကြွက်သားအားနည်းသော ရောဂါတမျိုးရှိခြင်း၊သိုင်းရွိုက်ဂလင်း ကောင်းစွာအလုပ်မလုပ်နိုင်သောရောဂါရှိခြင်း၊ထိုရောဂါကို ထိရောက်စွာ ကုသမှု မပြုခြင်း သို့မဟုတ် thymus ဂလင်းတွင် အကျိတ်များ ရှိနေလျှင်။
    • အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓာတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများ ရှိလျှင်။

    ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။

သိုင်းမက်စ်ဂလင်း-အဆီ က ဘယ်လောက်စိတ်ချရလဲ

ကလေးများ :

ကလေးတွေမှာ အသုံးပြုသင့်တဲ့ ဆေးပမာဏကို မသိရှိရသေးပါ။

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန် :

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ thymus-extract ဆေးကို သုံးစွဲခြင်းဟာ စိတ်ချရမှုရှိမရှိနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်များ မရှိသေးပါ။ဒါကြောင့် စိတ်ချရအောင် မသုံးဘဲနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှု ခံယူချိန် :

ကြိုတင်စီမံထားတဲ့ ခွဲစိတ်ကုသမှု မတိုင်မီ အနည်းဆုံး နှစ်ပတ်လောက်အလိုမှာ thymus-extract သုံးစွဲခြင်းကို ရပ်ဆိုင်းထားရပါမယ်။

ဘေးထွက်ဆိုးကျိုးများ

သိုင်းမက်စ်ဂလင်း-အဆီ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အောက်ပါဘေးထွက်ဆိုးကျိုးတွေကို ရရှိစေနိုင်ပါတယ်။

  • နှင်းခူ။
  • သိုင်းရွိုက်ဂလင်း အလေးချိန် လျော့နည်းသွားခြင်း။
  • ကျားဟော်မုန်းတမျိုး ဖြစ်သော dihydrotestosterone ပမာဏ လျော့နည်းသွားခြင်း။
  • တွယ်ဆက်တစ်ရှူးများ များပြားလာခြင်း။
  • သွေးပမာဏများပြားပိုလျှံလာခြင်း။
  • သွေးဖြူဥပမာဏ အနည်းငယ် (ယာယီ) နည်းပါးခြင်း။
  • သိုင်းရွိုက်ဂလင်းအတွင်းမှ အိတ်ကလေးများ၏ အရွယ်အစားနှင့် colloid ပါဝင်မှုပမာဏ လျော့ကျသွားခြင်း။
  • ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

 

ဆေးဓာတ်ပြုမှုများ

သိုင်းမက်စ်ဂလင်း-အဆီ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

Thymus-extract  ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အထူးသဖြင့် သင့်အနေနဲ့ ခုခံအားကို ကျဆင်းစေတဲ့ ဆေးဝါးတွေကို သုံးစွဲနေရင်ပေါ့။ဘာလို့လဲဆိုတော့ သင့်အနေနဲ့ ဖျားနာခြင်း နဲ့ အခြားရောဂါတွေ ဝင်လာနိုင်ချေ ပိုများလာမှာကြောင့်ပါ။

အဆိုပါ ဆေးတွေကတော့ azathioprine (Imuran), basiliximab (Simulect),cyclosporine (Neoral, Sandimmune), daclizumab (Zenapax), muromonab-CD3 (OKT3, Orthoclone OKT3), mycophenolate (CellCept), tacrolimus (FK506, Prograf),sirolimus (Rapamune), prednisone (Deltasone, Orasone), corticosteroids (glucocorticoids) နဲ့ အခြားဆေးတွေပဲ ဖြစ်ကြပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

သိုင်းမက်စ်ဂလင်း-အဆီ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

crude thymus polypeptide ၇၅၀ မီလီဂရမ် ဒါမှမဟုတ်  pure thymus polypetides (thymomodulin) ၁၂၀ မီလီဂရမ် ပမာဏလောက် နေ့စဉ်သုံးစွဲပေးရမှာဖြစ်ပြီး လူနာတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏကလည်း တူချင်မှ တူမှာ ဖြစ်ပါတယ်။သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ

သိုင်းမက်စ်ဂလင်း-အဆီ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

thymus-extract  ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးတောင့်။

ဆေးပြား။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 30, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ