Tansy ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အသုံးပြုပုံများ

Tansy ကို ဘာအတွက်အသုံးပြုကြသလဲ

အသုံးပြုခြင်း

Tansy ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Tansy သည် အပင်တစ်မျိုးဖြစ်ပြီး မြေပေါ်ပေါက်သော အစိတ်အပိုင်းများကို ဆေးဖက်ဝင်အဖြစ် အသုံးပြုကြပါတယ်။

Tansy ကို အစာချေလမ်းကြောင်း ပြဿနာများဖြစ်သော အစာအိမ်နာ၊ အူနာ၊ အချို့ သည်းခြေရောဂါများ၊ လေပွခြင်း၊ အစာအိမ်နာခြင်း၊ ခံတွင်းပျက်ခြင်း တို့အတွက် အသုံးပြုပါတယ်။

ထို့ပြင် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ အာရုံကြောနာခြင်း၊ အဆစ်များနာခြင်း၊ တင်ပါးအကြောနာခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရေပြင်းစွဲခြင်း တို့အတွက်လည်း အသုံးပြုပါတယ်။

အချို့အမျိုးသမီးများသည် Tansy ကို ရာသီလာစေရန်၊ ကိုယ်ဝန်ပျက်ကျစေရန်တို့အတွက် အသုံးပြုကြသည်။

ထို့ပြင် ကလေးများတွင် သံကောင်၊တုပ်ကောင် တွယ်ခြင်းများအတွက်လည်း Tansy ကို အသုံးပြုကြပါတယ်။

ထို့ပြင် အတက်ရောဂါ၊ အအေးမိခြင်း၊ ဖျားခြင်း၊ စိတ်ခံစားချက်ပြင်းထန်ခြင်း၊ အဆစ်ရောင်ခြင်း၊ ကျောက်ကပ်ရောဂါ၊ နှင့် တီဘီရောဂါ တို့အတွက်လည်း အသုံးပြုပါတယ်။ ထို့ပြင် သန်းများ၊ ဘက်တီးရီးယားများကို သေစေရန်၊ ချွေးထွက်ခြင်းကိုအားပေးရန်၊ အာရုံကြောများကိုငြိမ်သက်စေရန်၊ ကင်ဆာကာကွယ်ရန်၊ လှုံ့ဆော်ရန် အသုံးပြုကြပါတယ်။ ဝဲပေါက်ခြင်း၊ ယားယံခြင်း၊ သွေးခြေဥခြင်း၊ အနာဖြစ်ခြင်း၊ ရောင်ရမ်းခြင်း၊ အမဲစက်များဖြစ်ခြင်း၊ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ နေလောင်ခြင်း၊ သွားနာခြင်း၊ အလုံးအကျိတ်များဖြစ်ခြင်းတို့အတွက်လည်း အသုံးပြုကြပါတယ်။ ခြင်နှင့် အင်းစက်ပိုးများသေစေရန်လည်း အသုံးပြုကြပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Tansy မည်သို့ အလုပ်လုပ်ပါလဲ။

တိကျ သေချာသော လေ့လာချက်များ လုံလောက်စွာ မရှိသေးပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ သို့သော် Tansy တွင် ခံတွင်း၊အစာအိမ်၊အူနှင့် တင်ပါးဝန်းကျင်သို့ သွေးလည်ပတ်မှုကောင်းစေသော၊ တံတွေးထွက်များစေသော၊ အာနိသင် များပါဝင်ပါတယ်။ အချို့သုတေသနာပညာရှင်များက Tansy တွင် ဦးနှောက်ကိုသက်ရောက်သောဓါတ်များ ပါဝင်သည်ဟုဆိုကြပါတယ်။ Tansy အနှစ်များသည် နာကျင်မှုကို ကျစေခြင်း၊ သည်းခြေရည်ထွက်စေခြင်း၊ အစာစားချင်စိတ်ကိုဖြစ်စေခြင်း အာနိသင်များလည်း ရှိပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tansy အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

Tansy ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

-ကိုယ်ဝန်ရှိမယ် သို့မဟုတ် ကလေးနို့တိုက်နေချန်ဖြစ်မယ် ဆိုပါက ဆရာဝန် ထောက်ခံသော ဆေးများသာသောက်သုံးသင့် ပါတယ်။

-အခြားသော ဆေးများ၊ တိုင်းရင်းဆေးများ မည်သည့်ဆေးမဆို သောက်သုံးနေပါက ဆရာဝန်ကို ပြောပြသင့်ပါတယ်။

-ဓါတ်မတည့်သော ဆေးများ ၊အစားအစာ၊ ဆိုးဆေး၊ တိရစ္ဆာန်များ ရှိပါက လည်းဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

-သင့်တွင် အခြားသော ရောဂါများ ရှိပါကလည်း ဆရာဝန်ကို ကြိုတင် ပြောပြထားသင့်ပါတယ်။

-ဆေးဖက်ဝင်အပင်များ ဟာ ဆေးများကဲ့သို့ အသေးစိတ်လေ့လာမှုများ မပေါများသဖြင့် စိတ်ချလုံခြုံရမှုအတွက် လေ့လာမှုများ ပို၍ လုပ်သင့်ပါသည်။ ဆေးဖက်ဝင်အပင်များ စားသုံးခြင်းဖြင့် ရရှိသော ကောင်းကျိုးများ ဟာ ဆိုးကျိုးများ ထက်သာလွန်နေရပါမည်။ အသေးစိတ် သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် သင့်ပါတယ်။

Tansy က ဘယ်လောက်စိတ်ချရလဲ

Tansy ဟာ မည်မျှ စိတ်ချရပါသလဲ။

Tansy ကို စားသုံးပါက စိတ်မချရပါ။ သူဂျုန်းဟုခေါ်သော အဆိပ်တစ်မျိုး ပါဝင်ပါတယ်။ Tansy အဆီ ၁၀ စက်မျှကို သောက်မိပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

Tansy လက်ဖက်ရည် သို့မဟုတ် အမှုန့်ပုံစဲများကို စားသုံးသောကြောင့် သေဆုံးမှုများကိုလည်း တွေ့ရပါတယ်။

အရေပြားကို လိမ်းလျှင်လည်း စိတ်မချရပါ။

အထူး သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

အောက်ပါအခြေအနေများတွင် Tansy ကို အသုံးပြုပါက စိတ်မချရပါ။

ကိုယ်ဝန်သည်များ တွင် Tansy ကို အသုံးပြုပါက စိတ်မချရပါ။ Tansy သည် ရာသီလာစေပြီး သားအိမ်ကျုံ့ခြင်းကိုဖြစ်စေကာ ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။ Tansy တွင် သူဂျုန်းအဆိပ်ပါဝင်သောကြောင့် နို့တိုက်မိခင်များတွင်လည်း စိတ်မချရပါ။

Asteraceae/Compositae အနွယ်ဝင်အပင်များနှင့် ဓါတ်မတည့်ပါက Tansy နှင့်လည်း ဓါတ်မတည့်နိုင်ပါ။ Asteraceae/Compositae အနွယ်ဝင်အပင်များမှာ ragweed, chrysanthemums, marigolds, daisies တို့ဖြစ်ပါတယ်။ ထိုသို့ ဓါတ်မတည့်ခြင်းများဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Tansy သည် မွေးရာပါ porphyria ရောဂါကို လည်း ပိုဆိုးစေပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Tansy ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဘေးထွက် ဆိုးကျိုးများ။

Tansy က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

Tansy သည် ဂနာမငြိမ်ဖြစ်ခြင်း၊ အန်ခြင်း၊ ပြင်းထန် ဝမ်းလျှောခြင်း၊ အစာအိမ်နာခြင်း၊ မူးဝေခြင်း၊ လက်တုန်ခြင်း၊ ကျောက်ကပ် သို့မဟုတ် အသည်းပျက်စီးခြင်း၊ သွေးယိုခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ တက်ခြင်း၊ ပြင်းထန် အရေပြားရောဂါ များကို ဖြစ်စေပါတယ်။ လူတိုင်းထိုသို့ကြုံတွေ့ရမည်မဟုတ်ပါ။ ဖေါ်ပြမထားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Tansy ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဆေးဝါးဓါတ်ပြုမှုများ။

ဘယ်ဆေးဝါးတွေက Tansy နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Tansy ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Tansy နှင့် ဓါတ်ပြုနိုင်သော ဆေးများမှာ-

-အရက်

အရက်သည် ငိုက်မျည်းခြင်းကို ဖြစ်စေပါတယ်။ Tansy ကလည်း ငိုက်မျည်းစေပါတယ်။ ထို့ကြောင့် ထိုနှစ်မျိုးကို တွဲမသုံးသင့်ပါ။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Tansy အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

Tansy ရဲ့ ပမာဏဟာ လူတစ်ဦးချင်းအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ အသက်၊ ကျန်းမာရေးနှင့် အခြားသော အခြေအနေများအပေါ် မူတည်ပါတယ်။ သဘာဝဆေးဖက်ဝင်အပင်/ပစ္စည်းများဟာ အမြဲတစေတော့ စိတ်မချရပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန်များနှင့် ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။

Tansy က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Tansy ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Tansy ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

– Tansy အရည်အနှစ်

– Tansy အမှုန့်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဒီဇင်ဘာ 21, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 16, 2019