backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Papaya (သင်္ဘောသီး)


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Papaya (သင်္ဘောသီး)

Papaya (သင်္ဘောသီး)

သင်္ဘောသီးစားသုံးတာက ကျန်းမာရေးကိုတော်တော်များများအကျိုးပြုနိုင်တယ်လို့သိထားကြတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက ကျန်းမာရေးအတွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။

အထူးသဖြင့် သင်္ဘောသီးစိမ်း၊ သင်္ဘောသီးစေ့၊သင်္ဘောရွက်နဲ့ အစာကြေညက်စေဖို့ထောက်ပံ့ပေးတဲ့ဓါတ်တစ်မျိုးဖြစ်တဲ့papain enzyme တို့က ခန္ဓါကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်စေတာဖြစ်ပါတယ်။

သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုမျိုးအခြေအနေတွေမှာ သင်္ဘောသီးမစားတာက အကောင်းဆုံးဖြစ်မလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ သင်္ဘောသီး

သင်္ဘောသီးအစိမ်းမှာကြွယ်ဝစွာ ပါဝင်နေတဲ့ သဘော်သီးမှာအဓိကပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့papain အင်ဇိုင်းကို အာရှတိုက်နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သန္ဓေပျက်ကျေစေဖို့အသုံးပြုလေ့ရှိကြပါတယ်။

သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကို သန္ဓေသားကိုထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သင်္ဘောသီးစိမ်းသုတ် စားတာ၊သန်ကောင် တုတ်ကောင်ကင်းအောင်ဆိုပြီး သင်္ဘောသီးစေ့ကိုစားသုံးတာမျိုးနဲ့papain အင်ဇိုင်းပါဝင်တဲ့ဖြည့်စွက်ဆေးတွေကိုရှောင်ကြဉ်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။

သင်္ဘောသီးမှည့်ကိုတော့ စားသုံးပေးလို့ရပါတယ်။ သင်္ဘောသီးမှည့်မှာ သင်္ဘောသီးအစိမ်းထက်papain အင်ဇိုင်းပါဝင်မှုနည်းပါးသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ဗီတာမင်တွေနဲ့ အခြားကျန်းမာရေးအတွက်အကျိုးပြုနိုင်တဲ့ ဓါတ်တွေကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးဖို့သင့်တော်ပါတယ်။

Papain အင်ဇိုင်း၊ သင်္ဘောသီးစေ့နဲ့ ရာသီစက်ဝန်း

ကလေးယူဖို့ ကြိုးစားနေသူတွေ (သို့) အစီအစဉ်ရှိသူတွေအနေနဲ့papain အင်ဇိုင်းကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ သင်္ဘောသီးစေ့၊ သင်္ဘောသီးစိမ်း နဲ့ သင်္ဘောသီးကနေရရှိတဲ့ အင်ဇိုင်းတွေပါဝင်နေတဲ့အရာတွေကို ပမာဏများများစားသုံးတာ (သို့) ပုံမှန်မှီဝဲနေတာမျိုး ရှိမယ်ဆိုရင် ရာသီစက်ဝန်းကို အနှောက်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။

သုတေသနစာတမ်းတစ်စောင်မှာpapain အင်ဇိုင်း (သို့) သင်္ဘောသီးစေ့နဲ့ သင်္ဘောသီးစိမ်းမှာပါတဲ့ အင်ဇိုင်းတွေက ပုံမှန် ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှုရှိတာဖြစ်နိုင်တယ်။ လို့ သုံးသပ်ထားပါတယ်။

သိပ္ပံပညာရှင်တွေကတော့ သင်္ဘောသီးစိမ်းမှာပါတဲ့ papain အင်ဇိုင်းက ကိုယ်ဝန်ဆောင်နိုင်စေဖို့ နဲ့ သန္ဓေမြစြေဖို့အတွက် သားအိမ်ကိြုပ်င်ဆင်ရာမှာလိုအပ်တဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့progesteroneဟော်မုန်းတွေကို ပျက်စီးစေနိုင်တယ်၊လို့ပြောကြားခဲ့ပါတယ်။papain အင်ဇိုင်းက သန္ဓေသားကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အလွှာပါးကို ပျက်စီးစေနိုင်ပါတယ်၊လို့လည်းဆိုပါတယ်။

သင်္ဘောသီးမှည့်မှာတော့papain အင်ဇိုင်းပါဝင်မှု ပမာဏလျော့နည်းသွားတာကြောင့် အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းအပေါ်မှာရော ကိုယ်ဝန်ဆောင်နိုင်စွမ်းအပေါ်မှာပါ ထိခိုက်မှုမရှိနိုင်ပါဘူး။

သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်း နဲ့ နို့တိုက်မိခင်

နို့တိုက်မိခင်တွေအနေနဲ့ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်း၊ သင်္ဘောသီးစိမ်း (သို့) သင်္ဘောသီးမှည့်ကို နို့တိုက်နေစဉ်အတွင်း စားသုံးပေးသင့်တယ်၊လို့ အကြံပြုတာမျိုးတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ အကြောင်းအရင်းခိုင်ခိုင်လုံလုံပြောနိုင်ခြင်းမရှိသေးပါဘူး။

အာရှ တလွှားမှာ သင်္ဘောသီးစိမ်းသုတ်နဲ့ သင်္ဘောသီးစိမ်းဟင်းချိုတွေက နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းစေတယ်။ လို့ လက်ခံယုံကြည်ထားပါတယ်။papain အင်ဇိုင်းအပြည့်အဝပါဝင်တဲ့ သင်္ဘောသီးစိမ်းကို နို့တိုက်မိခင်တွေစားသုံးပေးသင့်တယ်၊လို့ထောက်ခံအကြံပြုတာမျိုးလည်းရှိပါတယ်။ သင်္ဘောသီးမှာပါတဲ့ Papain အင်ဇိုင်းက ကလေးငယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်နိုင်တာကြောင့် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

အာရှတလွှားကအမျိုးသမီးတွေက နို့တိုက်မိခင်မဟုတ်ရင်တောင်မှာ သင်္ဘောသီးစိမ်းသုတ်ကိုမှန်မှန်စားသုံးပေးမယ်ဆိုရင် သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကရေရှည်စားသုံးတဲ့အခါ ရင်သားအရွယ်အစားကိုဖွံ့ထွားစေတယ်၊ လို့လက်ခံယုံကြည်ထားကြပါတယ်။

အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ သင်္ဘောသီးစေ့

သင်္ဘောသီးစေ့က အမျိုးသမီးရဲ့မျိုးပွားမှုကိုထိခိုက်စေတာမဟုတ်ဘဲ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကိုလည်းထိခိုက်စေနိုင်ပါတယ်။ အာရှဒေသတော်တော်များများမှာ အမျိုးသားတွေအတွက် သန္ဓေတားဆေးအနေနဲ့ အသုံးပြုကြပါတယ်။

ကလေးယူဖို့ဆုံးဖြတ်ထားတဲ့ အမျိုးသားတွေအနေနဲ့ သင်္ဘောသီးစိမ်းတွေနဲ့ သင်္ဘောသီးစေ့တွေကိုရှောင်ကြဉ်သင့်ပါတယ်။

ကလေးတွေမှာမွေးရာပါချို့ယွင်းချက်ဖြစ်စေနိုင်ခြင်း

သင်္ဘောရွက် နဲ့ သင်္ဘောသီးတွေမှာတွေ့ရတဲ့ ဓါတုဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ Papain က ကလေးငယ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကစားသုံးမယ်ဆိုရင်မွေးလာတဲ့ကလေးငယ်မှာမွေးရာပါချွတ်ယွင်းမှုဖြစ်စေနိုင်ပါတယ်။ သင်္ဘောသီးစိမ်းမှာ သင်္ဘောသီးမှည့်ထက် papain ပါဝင်မှုပိုများတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်နိုင်ရင် သင်္ဘောသီးစိမ်းရော သင်္ဘောသီးမှည့်ကိုပါ မစားသုံးသင့်ပါဘူး။ နို့တိုက်နေရစဉ်ကာလအတွင်းမျာ သင်္ဘောသီးစားသုံးတာက ကလေးငယ်အတွက်ဘးကင်းရဲ့လားဆိုတာကိုသေချာမသိရသေးပါဘူး။ဖြစ်နိုမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်နေစဉ်ကာလအတွင်းမှာ သင်္ဘောသီးစိမ်းရော သင်္ဘောသီးမှည့်ကိုပါ အတိုင်းအချင့်နဲ့စားတာပိုကောင်းပါတယ်။

၁ နှစ်အောက်ကလေးငယ်တွေ နဲ့ သင်္ဘောသီး

လေ့လာမှုတွေအတွင်း မိခင်တွေအနေနဲ့မွေးကင်းကနေ တစ်နှစ်အထိကာလအတွင်း ကလေးငယ်တွေကို သင်္ဘောသီးမကျွေးသင့်ပါဘူးမွေးကင်းစနေ ၁ နှစ်အရွယ်အတွင်း ကလေးငယ်မှာ လိုအပ်တဲ့အမျှင်ဓါတ်တွေပြည့်စုံနေတာကြောင့် မကျွေးသင့်တာဖြစ်ပါတယ်။ အမျှင်ဓါတ်လါန်ကဲမှုက ကလေးတွေရဲ့ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

  • ဝမ်းပျော့စေနိုင်ခြင်း
  • ရေဓါတ်လုံလောက်မှုမရှိပါက ဝမ်းချုပ်စေနိုင်ခြင်း
  • ကလေးငယ်ကို သင်္ဘောသီးစိမ်းပဲဖြစ်ဖြစ် သင်္ဘောသီးမှည့်ပဲဖြစ်ဖြစ်မကျွေးခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

Papain နဲ့သွေးကျဲဆေး

Papain အင်ဇိုင်းကသွေးကျဲဆးတွေရဲ့ အာနိသင်ကိုတိုးစေနိုင်ပါတယ်။သွေးကြဲဆေးတွေသောက်သုံးနေသူတွေအနေနဲ့Papain အင်ဇိုင်း ကိုသွေးကြဲဆေးမှီဝဲနေစဉ်ကာလအတွင်းမှာ မစားသုံးမိစေဖို့အကြံပြုထားပါတယ်။

ခွဲစိတ်ကုသမှုခံယူဖို့ရှိပါကလည်း ခွဲစိတ်ကုသမှုခံယူမယ့်ရက်မတိုင်ခင်အနည်းဆုံး ၂ ပတ်လောက်အလိုကတည်းက papain ဖြည့်စွက်ဆေးဝါးတွေ၊ သင်္ဘောသီးစိမ်း နဲ့ သင်္ဘောသီးစေ့တွေကို မစားသုံးမိအောင်ဆင်ခြင်ရမှာဖြစ်ပါတယ်။သွေးခဲပိတ်ဆို့ခြင်း (thrombosis) နဲ့ သွေးမတိတ်ခြင်း (hemophilia) တို့လိုမျိုး သွေးနဲ့ပတ်သက်တဲ့ဝေဒနာရှိသူတွေအနေနဲ့papain အင်ဇိုင်း နဲ့ သင်္ဘောသီးစိမ်းတို့ကိုရှောင်ကြဉ်သင့်ပါတယ်။

သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်ခြင်း

သင်္ဘောသီးကသွေးတွင်းသကြားဓါတ်ကိုကျဆင်းစေနိုင်တာကြောင့်သွေးချိုကျဆေးတွေမှီဝဲနေရတဲ့ ဆီးချိုဝေဒနာသည်တွေအနေနဲ့ သွေးတွင်းသကြားဓါတ်ကိုတိုင်းတာပြီးမှသာ သင်္ဘောသီးကို ချင့်ချိန်စားသုံးသင့်ပါတယ်။ သင်္ဘောသီးက သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်တာကြောင့် သွေးတွင်းအချိုဓါတ်တအားနည်းတဲ့သူတွေနဲ့သွေးတွင်းအချိုဓါတ်နည်းတဲ့ အခ့ရှိသူတွေအနေနဲ့ မစားသုံးသင့်ပါဘူး။

နှလုံးခုန်နှေးစေနိုင်ခြင်း

နှလုံးနဲ့ပတ်သက်တဲ့ဝေဒနာခံစားနေရသူတွေအနေနဲ့ သင်္ဘောသီးကိုမစားသုံးသင့်ပါဘူး။ သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းက နှလုံးခုန်နှုန်းကိုနှေးစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုခံစားရစေနိုင်ပါတယ်။

Carotenemiaဖြစ်စေနိုင်ခြင်း

သင်္ဘောသီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် သင်္ဘောသီးမှာပါတဲ့ ဘီတာကယ်ရိုတင်းပမာဏများတာ ကြောင့်အသားအရေအရောင်ပြောင်းလာခြင်း carotenemia ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မျက်လုံး၊ခြေဖဝါးလက်ဖဝါးတွေ ဝါလာတာမျိုးဆိုရင်တော့ အသားဝါရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။

ဆီးကျောက်တည်စေနိုင်ခြင်း

သင်္ဘောသီးမှာ ဗီတာမင် စီကြွယ်ဝစွာပါဝင်ပြီး သင်္ဘောသီးတစ်လုံးမှာနေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ပမာဏ ၃၀၀ ရာခိုင်နှုန်းကျော်ပိုမိုပါဝင်ပါတယ်။ စွမ်းအင်ပြည့်ဝတဲ့ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးပြီးကင်ဆာရောဂါကနေ ကာကွယ်ပေးသလိုသွေးတိုး (hypertension)၊သွေးကြောဆိုင်ရာဝေဒနာတွေနဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ကိုယ်တွင်းမှာ ဗီတာမင် ပမာဏ အရမ်းများလာတဲ့အခါ အဆိပ်အတောက်ဖြစ်စေပြီး ဆီးကျောက်တည်စေနိုင်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်စေနိုင်ခြင်း

သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကပြင်းထန်တဲ့ ဓါတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့အရာဖြစ်ပါတယ်။ သင်္ဘောသီးကိုအလွန်အကျွံစားသုံးမယ်ဆိုရင်

-အသက်ရှုကြပ်တာ

-သလိပ်ကပ်ပြီး အသက်ရှုရခက်တာ

-နှာခေါင်းပိတ်တာ

ဓါတ်မတည့်မှုကြောင့်နှာစေးတာ

-ပန်းနာရင်ကြပ် (Asthma) တို့ခံစားရနိုင်ပါတယ်။

အဆိပ်အတောက်ဖြစ်စေနိုင်ခြင်း

သင်္ဘောသီးက ကျန်းမာရေးကိုတော်တော်လေးအကျိုးပြုသလို အသည်းနဲ့ကျောက်ကပ်အတွက်ကောင်းတယ်ဆိုပေမယ့် အကန့်အသတ်နဲ့ပဲစားသုံးသင့်ပါတယ်။ သင်္ဘောစေ့မှာပါတဲ့benzyl isothiocyanate ဒြပ်ပေါင်းတစ်မျိုးက များများစားရင်အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

သင်္ဘောရွက်ကိုသွေးလွန်တုပ်ကွေး (Dengue fever)၊ ငှက်ဖျား (Malaria) အတွက် သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။ ကင်ဆာရောဂါအတွက်လည်း အသုံးပြုကြပါတယ်။

သင်္ဘောသီးနဲ့သင်္ဘောရွက်မှာ ကျန်းမာရေးအတွက်အကျိုးပြုတဲ့အချက်တွေရှိပေမယ့်လို့ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ အနေနဲ့ရှောင်ကြဉ်သင့်ပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေအတွက်ကုသမှုခံယူနေရသူတွေနဲ့သွေးကျဲဆးသောက်သုံးနေရသူတွေအနေနဲ့ သင်္ဘောသီးမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement