backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Manna

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Manna ကို ဘာအတွက်အသုံးပြုကြသလဲ

အသုံးပြုပုံ

Manna ကို ဘယ်နေရာတွင် သုံးသနည်း။

Manna သည် အပင်တစ်မျိုးဖြစ်သည်။ Manna မှရသော သစ်စေးခြောက်ကို ဆေးဖော်စပ်ရာတွင်သုံးသည်။

Manna၏ သစ်ဆေးခြောက်ကို ဝမ်းချုပ်ခြင်းများအတွက် ဝမ်းနှုတ်ဆေးအဖြစ်သုံးသည်။ ဝမ်းချုပ်ခြင်းကြောင့် စအိုဝကွဲသွား၍ မစင်တုံးဖြတ်သွားသော အခါ နာကျင်တတ်သည်။ Manna ကိ ု ထိုနာကျင်မှု လျော့ပါးစေရန်အတွက် နှင့် လိပ်ခေါင်းရောဂါ၊ နှင့် စအိုခွဲစိတ်ခြင်းပြီးပြီးချင်းဝမ်းသွားသောအခါ ဝမ်းပျော့စေရန်သုံးသည်။

ဘယ်လိုအလုပ်လုပ်လဲ

Manna ဘယ်လို အလုပ်လုပ်သလဲဆိုတာ သေချာလေ့လာထားခြင်းများ မရှိသေးပါ။ သင့်ဆရာဝန် ၊ တိုင်းရင်းဆေးသမားတော်များနှင့်အသေးစိပ် ဆွေးနွေးသင့်ပါသည်။ manna တွင် mannitol ဟုခေါ်သော ဓါတုပစ္စည်းပါသည့်အတွက် အူအတွင်းရှိဝမ်းများ ပျော့စေရန်အတွက်သုံးသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Manna အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

Manna မသုံးခင် သင့်အနေနှင့်ဘာတွေ သိထားသင့်သနည်း။

သင်သည် ကိုယ်ဝန်ရှိနေ ၊ နို့တိုက်နေသော မိခင်ဖြစ်နေပါက Manna မသုံးခင် ဆရာဝန် တိုင်းရင်ဆေးသမားတော်များနှင့် အရင်ဆွေးနွေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် သင်ကလေးနို့တိုက်တော့မည်ဆိုလျှင် ကလေးကို မထိခိုက်အောင် ဘာဆေးပဲသောက်သောက် ဆရာဝန်၏ညွှန်ကြားမှု အောက်တွင်သာ သောက်သင့်ပါသည်။ ဆေးများဟုဆိုရာတွင် ဆရာဝန်မညွှန်ဘဲ သင်ဝယ်သောက်နေသော ဆေးများလည်း ပါဝင်သည်။ သင့်တွင် Manna နှင့် ဓါတ်မတည့်လျှင် ( သို့မဟုတ်) အခြားသောဆေးများ၊ တိုင်းရင်းဆေးများနှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်အားပြောပြထားသင့်သည်။ သင့်တွင် ဖျားနာခြင်း၊ တစ်စုံတစ်ရာ ပုံမှန်မဟုတ်ခြင်း၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများ၊ အခြားသော အစာဓါတ်မတည့်ခြင်း၊ ဆိုးဆေးများနှင့်ဓါတ်မတည့်ခြင်း၊ တာရှည်ခံအောင် လုပ်ထားသော အရာများ၊ တိရိစ ္ဆာန်များနှင့် ဓါတ်မတည့်မှု များရှိပါက ဆရာဝန်အား ကြိုပြောပြထားသည်။

ဖြည့်စွက်စာများထက်စာရင် ဆေးများကို အထိန်းအကွပ်နှင့် ပို၍သောက်သင်ပါသည်။ Manna သောက်ခြင်းသည် စိတ်ချ၍ ရမရအား ရှာဖွေရန် လေ့လာမှုများပို၍ လုပ်ရန် လိုအပ်ပါသည်။ Manna ဖြည့်စွက်စာအား သောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများအား မသောက်ခင် အရင် ချိန်ဆသင့်ပါသည်။ ပို၍ အသေးစိပ်သိရှိရန် ဆရာဝန်များနှင့် ဆွေးနွေးသင့်ပါသည်။

Manna က ဘယ်လောက်စိတ်ချရလဲ

Manna ကို အချိန်အတိုအတွင်းသာသုံးမည်ဆို လူအများစု အတွက် စိတ်ချရသည်။

အထူးသတိပြုသင့်သော အချက်များနှင့် သတိပေးချက်များ။

ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များတွင် Manna သုံးလျှင် စိတ်ချ၍ ရမရ မသိသောကြောင့် ပို၍ စိတ်ချရစေရန် မသုံးသည်က အကောင်းဆုံး့ဖြစ်သည်။

အူပိတ်ခြင်းရောဂါများတွင် manna ကို လုံးဝ မသုံးသင့်ပါ။

ဘေးထွက်ဆိုးကျိုးများ

Manna ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အချို့ သောသူများတွင် manna သည် ပျို့ အန်ခြင်းနှင့် လေထခြင်းများဖြစ်စေသည်။

လူတိုင်းထို ဘေးထွက်ဆိုးကျိုးများ မခံစားရပါ။ ဖော်ပြမထားသော ဆိုးကျိုးများလည်း ရှိနိုင်သေးသည့် အတွက် သင်တစ်စုံတစ်ခု မူမမှန် ဖြစ်နေသည်ဟု သတိထားမိပါက ဆရာဝန်နှင့်ဆွေးနွေးသင့်သည်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Manna ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဓါတ်ပြုခြင်းများ။

Manna သုံးခြင်းဖြင့် မည်ကဲ့သို့သော ဓါတ်ပြုခြင်းများ ရရှိနိုင်သနည်း။

Manna သည် သင့်လက်ရှိ ကျန်းမာရေး အခြေအနေ ပေါ်တွင် သက်ရောက်မှုများရှိနိုင်သဖြင့် မသုံးခင် ဆရာဝန် တိုင်းရင်းဆေးသမားတော်များနှင့် ဆွေးနွေးသင့်ပါသည်။

Manna နှင့် ဓါတ်ပြုသောပစ္စည်းများမှာ

Digoxin ( Lanoxin)

Manna သည် ဝမ်းပျော့ဆေးတစ်ခုဖြစ်သည်။ ဝမ်းပျော့ဆေးတို့သည် ပိုတက်စီယမ် ပမာဏကို လျော့နည်းစေသည်။ လျော့နည်းစေသည့် ပိုတက်စီယမ် ပမာဏသည် Digoxin ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ ခံစားရစေသည်။

Wafarin ( Coumadin) သွေးကျဲဆေး

Mannaကို ဝမ်းပျော့ဆေးအဖြစ်သုံးသောကြောင့် တစ်ချို့ သောလူများတွင Manna သည် ဝမ်းလျှောခြင်းကိုဖြစ်စေသည်။ ဝမ်းလျှောခြင်းသည် wafirin ၏ဘေးထွက်ဆိုးကျိုးဖြစ်သော သွေးကျဲခြင်းကို ပို၍ဆိုးစေခြင်းဖြင့် သွေးထွက်ခြင်းကိုပိုဖြစ်စေသည်။ အကယ်၍ သင်သည် wafirin သောက်နေသော လူနာဖြစ်ပါက manna အများကြီး မသောက်မိစေရန် သတိပြုရမည်။

Diuretic ( ဆီးဆေး)

Mannaသည် ဝမ်းပျော့ဆေးဖြစ်သည်။ တစ်ချို့သော ဝမ်းပျော့ဆေးများသည် ကိုယ်တွင်း ပိုတက်စီယမ် ပမာဏကို လျော့နည်းစေသည်။ ဆီးဆေးများသည်လည်း ပိုတက်စီယမ် ပမာဏကို လျော့နည်းစေသည့်အတွက်ကြောင့် ဆီးဆေးနှင့် Manna အတူတူ တွဲသုံးလျှင် ကိုယ်တွင်း ပိုတက်ဆီယမ် မာဏကို တော်တော်လျော့နည်းစေမည်ဖြစ်သည်။

ပိုတက်စီယမ် လျော့နည်းစေသော ဆီးဆေးများမှာ

chlorothiazide (Diuril), chlorthalidone (Thalitone), furosemide (Lasix), hydrochlorothiazide (HCTZ, Hydrodiuril, Microzide), တို့ဖြစ်သည်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Manna အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဆေးပမာဏ။

အောက်ပါဖော်ပြချက်များသည် ဆေးတိုင်းအတွက် မဟုတ်ပါ။ Manna..မသုံးခင် ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးသင့်သည်။

Manna သောက်သင့်သော ပုံမှန် ပမာဏသည် မည်မျှနည်း။

Manna သောက်သင့်သောပမာဏသည် လူနာတိုင်းတွင် မတူပေ။ သောက်သင့်သော ဆေးပမာဏသည် သင့် ကျန်းမာရေး၊ အသက်အရွယ်၊ နှင့် အခြားသော အခြေအနေများအပေါ်တွင် မူတည်သည်။ တိုင်ရင်းဆေးများသည် အမြဲစိတ်ချရသည်ဟု မပြောနိုင်ပေ။ သင့်တော်သော ပမာဏ သောက်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်သင့်ပေသည်။

Manna က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Manna ကိ ုအောက်ပါ ပုံစံများဖြင့်ရနိုင်သည်။

Manna အပင်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement