Kudzu (ကဒ်ဇူပင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အသုံးပြုပုံများ

Kudzu(ကဒ်ဇူပင်)ကို ဘာအတွက်အသုံးပြုကြသလဲ

Kudzu ကို အောက်ပါ ကျန်းမာရေး အခြေအနေတွေကို ကုသဖို့ အသုံးပြုပါတယ်။

  • အရက်စွဲခြင်း
  • ခေါင်းကိုက်ခြင်း၊ အစာအိမ် မအီမသာဖြစ်ခြင်း၊ မူးဝေခြင်းနှင့် အော့အန်ခြင်းကဲသို့သော အရက်အလွန်အကျွန်သောက်မိသောကြောင့်ဖြစ်သော လက္ခဏာများ
  • ထိပ်ကပ်နာဖြစ်ခြင်း၊ အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ တုတ်ကွေးဖြစ်ခြင်း၊ ၀က်တုတ်ကွေးဖြစ်ခြင်း ကဲသို့သော အသက်ရှုလမ်းကြောင်း အပေါ်ပိုင်း ရောဂါများ
  • ဓာတ်မတည့်ခြင်းကြောင့် အင်ပျင်ထွက်ခြင်း၊ ယားယံခြင်း၊ ဆိုရီရေးစစ် ကဲ့သို့သော အရေပြားရောဂါများ
  • သွေးဆုံးခြင်း လက္ခဏာများ၊ ကြွက်သားနာကျင်ခြင်း၊ ၀က်သက်ထွက်ခြင်း၊ ၀မ်းကိုက်ခြင်း၊ အစာအိမ် အောင်ခြင့်(ရောင်ခြင်း)၊ အဖျားတက်ခြင်း၊ ၀မ်းလျောခြင်း၊ ရေဆာခြင်း၊ ဇက်ကျောတက်ခြင်း၊ ချွေးထွက်ခြင်း
  • ပိုလီယို၊ ဦးနှောက်ရောင်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ နားလေးခြင်း၊ ဆီးချိုသွေးချိုနှင့် ထိခိုက်ဒဏ်ရာများ
  • တရုတ်ရှိ ကျန်းမာရေးကျွမ်းကျင်သူတွေကတော့ သွေးခဲခြင်းကြောင့် ဖြစ်တဲ့ လေဖြတ်ခြင်းတွေမှာ Kudzu မှာတွေရတဲ့ ဒြပ်ပေါင်း puerarin ကို အသုံးပြုလေ့ရှိပါတယ်။

Kudzu ကို အခြားအရာတွေအတွက်လည်း အသုံးပြုပါတယ်။ နောက်ထပ် သိရှိလိုပါ ဆရာဝန်၊ ကျွမ်းကျင်သူတို့ကို မေးမြန်းပေးပါ။

ဘယ်လိုအလုပ်လုပ်လဲ

Kudzu မှာ အောက်ပါ အရာများ ပါဝင်ပါတယ်။

  • Glycosides (Kudzusaponins A1၊ A2၊ Ar၊ SA4၊ SB1)
  • Sterols နှင့် isoflavones (puerarin၊ daidzin နှင့် daidzein)။ Isoflavones မှာ မဟော်မုန်းလိုမျိုး စွမ်းရည်ရှိပါတယ်။ daidzin နှင့်  daidzein လို စွမ်းရည်မျိုးလည်း ရှိပါတယ်။
  • Puerarin ဒြပ်ပေါင်းကတော့ ဗီတာမင်အီးထက်ပိုပြီး ဓာတ်တိုးဆန့်ကျင်အားကောင်းတယ်လို့ သက်သေပြပြီးသားပါ။

Kudzu မှာပါတဲ့ ဒြပ်ပစ္စည်းတွေက နှလုံးနဲ့ ဦးနှောက်တွင်း သွေးလည်ပတ်မှုကောင်းအောင် ပြုလုပ်ပေးပါသေးတယ်။

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူများဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Kudzu(ကဒ်ဇူပင်)အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ ဖြစ်နေပါက ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

  • ကိုယ်ဝန် ရှိနေခြင်း သို့မဟုတ် နို့တိုက်မိခင်ဖြစ်နေခြင်း။ ဘာကြောင့်လဲဆိုတော့ ကလေးနို့တိုက်စဉ်၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဆရာဝန်ညွန်ကြားထားတဲ့ ဆေးများကိုသာ သောက်သုံးသင့်လို့ပါ။
  • အခြားဆေးများ သောက်သုံးနေခြင်း။ ဖြည့်စွက်ဆေးနှင့် ဘယဆေးတို့လို ဆရာဝန်ညွန်ကြားချက်မပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်မယ့် ဆေးတွေ အကုန် ပါပါတယ်။
  • Kudzu ရဲ့ ပါဝင်ပစ္စည်းများနဲ့ အခြားဆေးဝါးတို့ဖြင့် ဓာတ်မတည့်ခြင်း။
  • သွေးမတိတ်ခြင်း၊ နှလုံးသွေးကြောရောဂါများ၊ ဆီးချိုသွေးချို၊ ဟော်မုန်းကြောင့်ဖြစ်သော အခြေအနေများ (ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥကင်ဆာ၊ သားအိမ်တစ်ရှူးများ သားအိမ်ပြင်ပသို့  ရောက်နေခြင်း၊ သားအိမ်တွင် အသားလုံးဖြစ်ခြင်း)၊ အသည်းရောဂါများကဲသို့သော နာမကျန်းခြင်းနှင့် မူမမှန်ခြင်းနှင့် ကျန်းမာရေးပြဿနာများ ရှိနေခြင်း။
  • အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံဆေး နဲ့ တိရိစ္ဆာန်တို့နဲ့ ဓာတ်မတည့်ခြင်းကဲ့သို့သော အခြား ဓါတ်မတည့်မှုများခြင်း။

Kudzu သောက်သုံးခြင်းက အခြားတွေဆေးဝါးသောက်သုံးခြင်းလောက် တိကျဖို့မလိုပါဘူး။ ဘယ်လောက်ဘေးကင်းတယ်ဆိုတာ ဆုံးဖြတ်ဖို့ နောက်ထပ်လေ့လာမှုတွေ လုပ်ရပါအုန်းမယ်။

ယင်းဆေးကို သုံးရင် ရမယ့် အကျိုးကျေးဇူးတွေက သူ့ရဲ့ ဆိုးကျိုးတွေထက် ပိုများပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက်  ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Kudzu(ကဒ်ဇူပင်)က ဘယ်လောက်စိတ်ချရလဲ

  • ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက်

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များဖြစ်မယ်ဆိုရင် Kudzu ကို သောက်သုံးခြင်းသည် စိတ်ချရလား၊ စိတ်မချရဘူးလားဆိုတာ လုံလောက်တဲ့ လေ့လာခြင်းတွေ မပြုလုပ်ရသေးပါဘူး။ လုံခြုံစိတ်ချစွာ နေထိုင်ပြီး အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

  • ခွဲစိတ်ခြင်းအတွက်

Kudzu က ခွဲစိတ်နေစဉ်အတွင်းနဲ့ ခွဲစိတ်ပြီးနောက်အချိန်တွေမှာ သွေးတွင်း သကြားဓာတ်ထိန်းချုပ်ခြင်းကို နှောင့်ယှက်ပါတယ်။  မခွဲစိတ်ခင် အနည်းဆုံး၂ပတ်အလိုမှာ Kudzuအသုံးပြုခြင်းကို ရပ်တန့်ပေးပါ။

ဘေးထွက်ဆိုးကျိုးများ

Kudzu(ကဒ်ဇူပင်)ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Kudzu က အောက်ပါ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

  • ဓာတ်မတည့်ခြင်းများ
  • အဖုအပိမ့်များ ထွက်ခြင်း
  • ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ

လူတိုင်းတော့ ယင်းဆိုးကျိုးတွေကို မခံစားရနိုင်ပါဘူး။ အထက်တွင် မဖော်ပြထားသော ဆိုးကျိုးများလည်း ရှိနိုင်ပါသေးတယ်။ ဆိုးကျိုးများ ခံစားနေရပြီဆိုပါက ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓာတ်ပြုမှုများ

Kudzu(ကဒ်ဇူပင်)ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

Kudzu က လက်ရှိသောက်သုံးနေသော ဆေးဝါးများ၊ ကျန်းမာရေးအခြေအနေများဖြင့် အချင်းချင်း သက်ရောက်မှုတွေ ရှိပါတယ်။ အသုံးမပြုခင် ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

သန္ဓေတားဆေးများ

  • အချို့သန္ဓေတားဆေးဝါးများမှာ အီစထရိုဂျင်ဟော်မုန်း ပါဝင်ပါတယ်။ Kudzu က အီစထရိုဂျင်လို စွမ်းရည်အချို့  ရှိနိုင်ပါတယ်။ သန္ဓေတားဆေးအနေနဲ့ ဆိုရင်တော့ Kudzu က အီစထရိုဂျင်လောက် မပြင်းထန်ပါဘူး။ နှစ်ခုတွဲသုံးမယ်ဆိုရင် သန္ဓေတားဆေးဝါးရဲ့ အာနိသင်လျော့နည်းစေပါလိမ့်မယ်။ Kudzu နဲ့ သန္ဓေတားဆေးဝါးတွဲသုံးနေမယ်ဆိုရင် ကွန်ဒုံးလိုမျိုး အခြားသားဆက်ခြားနည်းတွေ အသုံးပြုပေးပါ။
  • အခြားထိန်းချုပ်ဆေးဝါးများတွင် ethinyl estradiol နှင့် levonorgestrel (Triphasil)၊ ethinyl estradiol နှင့် norethindrone (Ortho-Novum 1/35၊ Ortho-Novum 7/7/7) နှင့် အခြားဒြပ်ပေါင်းများ ပါဝင်ပါတယ်။

အီစထရိုဂျင်

  • Kudzu မှာပါဝင်တဲ့ ကဖင်းဓာတ်ကို ခန္ဓာကိုယ်က ဖျက်စီးပစ်ပါတယ်။ အီစထရိုဂျင်က မြန်မြန်မဖျက်စီးနိုင်အောင် လုပ်ပါတယ်။ ကဖင်းဖျက်ဆီးခြင်းနည်းသွားမယ်ဆိုရင် ကြောက်ရွံ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အခြား ဆိုးကျိုးတွေ ဖြစ်သွားပါလိမ့်မယ်။ အီစထရိုဂျင် သောက်နေမယ်ဆိုရင် ကဖင်းသောက်သုံးခြင်းကို ဆင်ခြင်ပေးပါ။
  • အခြားအီစထရိုဂျင်ဆေးတွေမှာ conjugated equine estrogens (Premarin)၊ ethinyl estradiol၊ estradiol နှင့် အခြား ဒြပ်ပေါင်းများ ပါဝင်ပါတယ်။

သွေးကျဲဆေးများ

  • Kudzu က သွေခဲခြင်းကို နှေးကွေးစေပါတယ်။ Kudzu ကို အခြားသွေးကျဲဆေးတွေနဲ့ တွဲသောက်မယ်ဆိုရင် အညိုအမဲစွဲခြင်း၊ သွေးထွက်ခြင်းတွေ ဖြစ်နိုင်ခြေ ပိုများပါလိမ့်မယ်။
  • အခြားသွေးကျဲဆေးတွေကတော့ aspirin၊ clopidogrel (Plavix)၊ diclofenac (Voltaren၊ Cataflam)၊ ibuprofen (Advil၊ Motrin)၊ naproxen (Anaprox၊ Naprosyn)၊ dalteparin (Fragmin)၊ enoxaparin (Lovenox)၊ heparin၊ warfarin (Coumadin)နှင့် အခြားဆေးဝါးများပဲ ဖြစ်ပါတယ်။

Methotrexate

  • Methotrexate(Rheumatrex) ဖျက်ဆီးခြင်းကို နှေးကွေးအောင် Kudzu က ပြုလုပ်ပေးပါတယ်။

Tamoxifen

  • Estrogen-sensitive ကင်ဆာဆိုတာ အီစထရိုဂျင် များပြားခြင်းကြောင့် ဖြစ်သော ကင်ဆာတွေပါ။ Tamoxifen (Nolvadex) က ယင်းကင်ဆာတွေကို ကုသဖို့ ကာကွယ်ဖို့ အသုံးပြုတာပါ။ Kudzu က ကိုယ်တွင်းရှိ အီစထရိုဂျင် အနည်းအများကို သက်ရောက်ပါတယ်။ ဒါကြောင့် Tamoxifen (Nolvadex)ရဲ့ ထိရောက်မှုကို လျော့နည်းစေပါလိမ့်မယ်။ Tamoxifen (Nolvadex) သောက်နေမယ်ဆိုရင် Kudzu ကို မသောက်သုံးပါနှင့်။

ဆီးချိုဆေးများ

  • Kudzu က သွေးတွင်း သကြားဓာတ်ကို လျော့နည်းစေပါတယ်။ ဆီးချိုဆေးတွေက သွေးတွင်း သကြားဓာတ်ကို လျော့ချပေးတာပါ။ Kudzu နဲ့ ဆီးချိုဆေးတွေ တွဲသောက်မယ်ဆိုရင် သွေးတွင်း သကြားဓာတ်တွေ အရမ်းကျနေပါလိမ့်မယ်။ သွေးတွင်းသကြားဓာတ်ကို အမြဲစစ်ဆေးနေပါ။ သောက်သုံးနေတဲ့ ဆီးချိုဆေးပမာဏကို ပြောင်းလဲ ပြစ်ဖို့ လိုပါလိမ့်မယ်။
  • ဆီးချိုဆေးတွေကတော့ glimepiride (Amaryl)၊ glyburide (DiaBeta၊ Glynase PresTab၊ Micronase)၊ insulin၊ pioglitazone (Actos)၊ rosiglitazone (Avandia)၊ chlorpropamide (Diabinese)၊ glipizide (Glucotrol)၊ tolbutamide (Orinase) နှင့် အခြားဆေးဝါးများပဲဖြစ်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Kudzu(ကဒ်ဇူပင်)အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Kudzu လက်ဖက်ရည်။ ပန်းအစို ခွက်တစ်ဝက်ကို ရေဆူဆူထဲမှာ ၅မိနစ်လောက် ကြိုလိုက်ပါ။

Kudzu အဆီအနှစ်။ အရက်အလွန်အကျွံ သောက်သူ လူကြီးများတွင် တစ်နေ့ကို ၃ ဂရမ် သောက်သုံးပါ။

နောက်ထပ်လေ့လာမှုတွေအရ

Kudzu အမြစ်။ တစ်နေ့ကို ၂.၄ ဂရမ် Kudzu အမြစ် သောက်ပေးပါ။

Kudzu ဆေးတောင့်၊ ဆေးပြား၊ အဆီအနှစ်။ နေစဉ် ၁၂၀-၁၅၀ မီလီဂရမ်ကို အစာနှင့် တွဲသောက်ရင်ပိုကောင်းပါတယ်။

သောက်ရမည့် Kudzu ပမာဏသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ ဆေးပမာဏသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ နှင့် အခြားသော အခြေအနေများပေါ်တွင် မူတည်ပါတယ်။ Kudzu သည် အမြဲတမ်းတော့ စိတ်မချရပါဘူး။ သင့်တော်တဲ့ ဆေးပမာဏကို သောက်သုံးနိုင်ရန်အတွက် ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင် ပေးပါ။

Kudzu(ကဒ်ဇူပင်)က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Kudzu ကို အောက်ပါပုံစံတွေနဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။

  • Kudzu ဆေးပြား၊ ဆေးတောင့်များ
  • Kudzu အပွင့်များကို လက်ဖက်ရည် အဖြစ်သောက်သုံးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 8, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 7, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။