backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Kefir (ကီဖာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ကီဖာ ကို ဘာအတွက်အသုံးပြုကြသလဲ

အသုံးပြုပုံ

Kefir ကို ဘယ်နေရာတွင် သုံးသနည်း။

Kefir သည် နိကို အချဉ်ဖောက်ခြင်းမှ ရသည်။

Kefir ကို အစာမကြေခြင်း၊ အစာအိမ် ရောဂါ၊ lactose (လက်တို့စ်) ဓါတ်မတည့်ခြင်း၊ antibiotic ( ပိုးသတ်ဆေး) များကြောင့် ဝမ်းလျှောခြင်း၊ နှင့် သွေးတွင်း အဆီများခြင်းတွင် သုံးသည်။

ဘယ်လိုအလုပ်လုပ်လဲ

Kefirသည် ဘယ်လို အလုပ်လုပ်သနည်း။

Kefir ၏ အလုပ်လုပ်ပုံကို သေချာစွာလေလာထားမှုများ မရှိသေးပါ။ အသေးစိပ်အား သင့်ဆရာဝန် နှင့်ဆွေးနွေးပါ။ သို့သော် Kefirတွင် ပေါက်ပွားနေသော ဘက်တီးရီးယား နှင့် တစေး များပါဝင်သည်။ သူတို့၏ အစွမ်းသည် နို့ အပေါ်တွင်သက်ရောက်ပြီး အစာကြေစေသော အင်ဇိုင်း နှင့် ဓါတုပစ္စည်းများထွက်စေသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ကီဖာ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သတိထားသင့်သော အချက်များနှင့် သတိပေးချက်များ။

Kefir မသုံးခင် ဘယ် အချက်တွေကို သင်သိသင့်သနည်း။

သင့်ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် တိုင်းရင်းဆေးပညာရှင် များနှင့် ဆွေးနွေးပါ။

သင်သည် ကိုယ်ဝန်ရှိနေလျှင် (သို့မဟုတ်) နို့တိုက်နေလျှင် ပို၍ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် သင်ကလေးယူရန် ( သို့မဟုတ်) ကလေးနို့တိုက်နေလျှင် ဆရာဝန်၏ ညွှန်ကြားချက်အောက်တွင်သာ ဆေးများကို သောက်သင့်သည်။ ဆေးများဟုဆိုရာတွင် ကိုယ့်သဘောနှင့် ဝယ်သောက်နေသော ဆေးများလည်းပါသည်။ သင့်တွင် Kefir နှင့် ဓါတ်မတည့်လျှင် ( သို့မဟုတ်) အခြားသောဆေးများ၊ တိုင်းရင်းဆေးများနှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်အားပြောပြထားသင့်သည်။ သင့်တွင် ဖျားနာခြင်း၊ တစ်စုံတစ်ရာ ပုံမှန်မဟုတ်ခြင်း၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများ၊ အခြားသော အစာဓါတ်မတည့်ခြင်း၊ ဆိုးဆေးများနှင့်ဓါတ်မတည့်ခြင်း၊ တာရှည်ခံအောင် လုပ်ထားသော အရာများနှင့် တိရိစ ္ဆာန်များနှင့် ဓါတ်မတည့်မှု များရှိပါက ဆရာဝန်အား ကြိုပြောပြထားသည်။

ဖြည့်စွက်စာများထက်စာရင် ဆေးများကို အထိန်းအကွပ်နှင့် ပို၍သောက်သင်ပါသည်။ Kefir သောက်ခြင်းသည် စိတ်ချ၍ ရမရအား ရှာဖွေရန် လေ့လာမှုများပို၍ လုပ်သင့်ပါသည်။ Kefir ဖြည့်စွက်စာအား သောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများအား မသောက်ခင် အရင် ချိန်ဆသင့်ပါသည်။ ပို၍ အသေးစိပ်သိရှိရန် ဆရာဝန်များနှင့် ဆွေးနွေးသင့်ပါသည်။

ကီဖာ က ဘယ်လောက်စိတ်ချရလဲ

Kefir ဖြည့်စွက်စာသည် ဘယ်လောက်စိတ်ချရသနည်း။

Kefir ကို အရွယ်ရောက်ပြီးသူအများစု ၆လ ကြာသည်အထိ သောက်လျှင် စိတ်ချရနိုင်သည်။

အထူးသတိထားရမည့် အချက်နှင့် သတိပေးချက်များ

ကလေးများ ။ အသက် ၁နှစ်မှ ၅နှစ် အတွင်းကလေးများသည် Kefir ဖြည့်စွက်စာ ကို ၁၀ရက်အထိ သောက်လျှင် စိတ်ချရသည်။

ကိုယ်ဝန်ဆောင်များနှင့် နို့်တိုက်မိခင်များ ။ သင်ကိုယ်ဝန်ဆောင်နေစဉ် (သို့မဟုတ်) နို့တိုက်နေစဉ် Kefirဖြည့်စွက်စာ သောက်လျှင် စိတ်ချ၍ ရမရ လေ့လာထားမှုများ လုံလောက်စွာမရှိသေးသဖြင့် ပို၍စိတ်ချရစေရန် မသောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ နှင့် အခြားခုခံအားကျစေသော အခြေအနေများ ။ Kefirတွင် ပေါက်ပွားနေသော ဘက်တီးရီးယားပိုးများနှင့် တဆေးပါသည့် အတွက်ကြောင့် ခုခံအားနည်းသော ရောဂါများဖြစ်နေသော လူုနာများတွင် ရောဂါပိုးများ ပို၍ဝင်နိုင်သည်။

ဘေးထွက်ဆိုးကျိုးများ

ကီဖာ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Kefir မှ မည်သို့သော ဘေးထွက်ဆိုးကျိုးများရနိုင်သနည်း။

စစချင်းသောက်သူများတွင် Kefir သည် အူများတောင့်ခြင်းနှင့် ဝမ်းချုပ်ခြင်းကို ဖြစ်နိုင်သည်။

လူတိုင်း ဤဘေးထွက် ဆိုးကျိုးများကို မတွေ့နိုင်ပေ။ ဖေြာ်ပမထားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သေးသည့်အတွက်ကြောင့် သင့်တွင် တစ်စုံတစ်ရာ မူမမှန်ဖြစ်သည်ဟု သတိထားမိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ကီဖာ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Kefir သောက်ခြင်းဖြင့်မည်သို့သော ဓါတ်ပြုခြင်းများဖြစ်နိုင်သနည်း။

Kefir သည် သင့်ကျန်းမာရေး အပေါ်တွင် သက်ရောက်မှုရှိသောကြောင့် ဆေးမသောက်ခင် ဆရာဝန်နှင့်ဆွေးနွေးသင့်သည်။

Kefir နှင့် ဓါတ်ပြုသော ပစ္စည်းများတွင်

ခုခံအားကို ကျဆင်းစေသော ဆေးများ ပါဝင်သည်။ Kefirတွင် အသက်ရှိနေသော ဘက်တီးရီးယားနှင့် တစေးများပါဝင်သည်။ ကိုယ်တွင်းရှိ ခုခံအား စနစ်သည် ဘက်တီးရီးယားနှင့် တစေးများကို ခုခံပေးပြီး ရောဂါပိုးများ မဝင်အောင် ကာကွယ်ပေးတယ်။ ခုခံအားကျဆင်းစေသော ဆေးများကို Kefir နှင့် တွဲသောက်လျှင် ရောဂါပိုးများပိုဝင်နိုင်ပြီး သင်ဖျားနာနိုင်ခြင်းများ ပိုဖြစ်နိုင်သည်။

အချို့သော ခုခံအားကျဆင်းစေသည့် ဆေးများဖြစ်သော azathioprine (Imuran), basiliximab (Simulect), cyclosporine (Neoral, Sandimmune), daclizumab (Zenapax), muromonab-CD3 (OKT3, Orthoclone OKT3), mycophenolate (CellCept), tacrolimus (FK506, Prograf), sirolimus (Rapamune), prednisone (Deltasone, Orasone), corticosteroids (glucocorticoids) များကိုလည်း Kefir နှင့်တွဲသောက်ရန် မသင့်တော်ပါ။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ကီဖာ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

သောက်သင့်သော ပမာဏ

အောက်ပါဖော်ပြချက်များသည် ဆေးတိုင်းအတွက် မဟုတ်ပါ။ Kefir..မသုံးခင် ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးသင့်သည်။

Kefir သောက်သင့်သော ပမာဏ။

Kefir သောက်သင့်သောပမာဏသည် လူနာတိုင်းတွင် မတူပေ။ သောက်သင့်သော ဆေးပမာဏသည် သင့် ကျန်းမာရေး၊ အသက်အရွယ်၊ နှင့် အခြားသော အခြေအနေများအပေါ်တွင် မူတည်သည်။ ဖြည့်စွက်စာများသည် အမြဲစိတ်ချရသည်ဟု မပြောနိုင်ပေ။ သင့်တော်သော ပမာဏ သောက်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်သင့်ပေသည်။

ကီဖာ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Kefir ကို ဘယ်လိုပုံစံမျိုးဖြင့် ရနိုင်သနည်း။

Kefir ကိုအောက်ပါ ပုံစံများဖြင့်ရနိုင်သည်။

Kefir အစိမ်း

သောက်ဆေး ကပ်ဆူးလ်များ

Kefirပါသော ထုတ်ကုန်များ ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement