Ipriflavone (အိုင်ပရီဖလေဗုန်း ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အသုံးပြုပုံများ

အိုင်ပရီဖလေဗုန်း ကို ဘာအတွက်အသုံးပြုကြသလဲ

အသုံးပြုပုံ

Ipriflavone ဘယ်မှာသုံးသနည်း။

Ipriflavone ကိ ုဓါတ်ခွဲခန်းတွင် ပဲပိစပ်မှ ထုတ်ယူထားသော Daidzein မှ ပြုလုပ်သည်။

Ipriflavone ကို

အသက်ကြီးသော အမျိုးသမီးများတွင် ဖြစ်သောOsteroporosis ဟု ခေါ်သော အရိုးပါးခြင်းရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကုသခြင်းတွင်သုံးသည်။ အရိုးပါးခြင်းရောဂါကို အောက်ပါ Ipriflavone ကုသခြင်းများဖြင့် ကြိုတင်ကာကွယ်နိုင်သည်။

-အရိုးပါးခြင်းကြောင့်ရသော နာတာကို သက်သာစေခြင်း

-Paget’s ရောဂါဟုခေါ်သော အရိုးရောဂါ တစ်မျိုးကို ကုသခြင်း။ ။

Ipriflavone ကို နာတာရှည်ကျောက်ကပ်ရောဂါ ကြောင့်ဖြစ်သော အရိုးများဆုံးရှံူးခြင်းကို လျော့ပါးစေရန် အတွက်နှင့် လေဖြတ်ခြင်းကြောင့် ကိုယ်တစ်ခြမ်းသေခြင်းကို ကုသရာတွင်သုံးသည်။ လေ့လာတွေ့ရှိချက်များအရ လေဖြတ်နေသော လူနာများတွင် ကိုယ်တစ်ခြမ်းသေနေသော ဘက်မှ အရိုးများ အားနည်းနေတတ်သည်မှာ လှုပ်ရှားမှု မရှိခြင်း နှင့် ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်သည်။ ဗီတာမင် ဒီ ချို့တဲ့ခြင်းသည် နေရောင်နှင့် မထိတွေ့တာများခြင်းကြောင့် ဖြစ်သည်။

Ipriflavoneကို ခန္ဓါကိုယ်ပုံကျ လှပအောင် တည်ဆောက်နေသူများတွင် ဇီဝကမ္မဖြစ်စဉ်မြန်စေခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျစေအောင် သုံးသည်။

ဘယ်လိုအလုပ်လုပ်လဲ

Ipriflavone သည် ဘယ်လို အလုပ်လုပ်သနည်း။

Ipriflavone အလုပ်လုပ်ပုံကို သေချာလေ့လာထားမှုများ မရှိသေးပါ။ အချက်အလက်များပို၍ သိနိုင်ရန် ဆရာဝန်နှင့်ေ ဆွေးနွေးသင့်သည်။ Ipriflavone သည် အရိုးအားနည်းခြင်းကို ကာကွယ်ပေးခြင်း၊ အီစတိုဂျင် ဟော်မုန်း၏ အာနိသင်ကို တိုးစေခြင်းဖြင့် အရိုးပါးခြင်းကို ကာကွယ်ပေးသည်။ Ipriflavone ကိုအီစတိုဂျင်နှင့် တွဲသုံးမည်ဆိုလျှင် သွေးဆုံးပြီးသော အမျိုးသမီးများတွင် အီစတိုဂျင် ပမာဏ နည်းနည်းသုံးခြင်းကိုသာ ခွင့်ပြုတော့သည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အိုင်ပရီဖလေဗုန်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သတိထားသင့်သော အချက်များနှင့် သတိပေးချက်များ

Ipriflavoneမသုံးခင် ဘာအချက်များ သိထားသင့်သနည်း။

သင်သည် ကိုယ်ဝန်ရှိနေ ၊ နို့တိုက်နေသော မိခင်ဖြစ်နေပါက Ipriflavone မသုံးခင် ဆရာဝန် တိုင်းရင်းဆေးသမားတော်များနှင့် အရင်ဆွေးနွေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် သင်ကလေးနို့တိုက်တော့မည်ဆိုလျှင် ကလေးကို မထိခိုက်အောင် ဘာဆေးပဲသောက်သောက် ဆရာဝန်၏ညွှန်ကြားမှု အောက်တွင်သာ သောက်သင့်ပါသည်။ ဆေးများဟုဆိုရာတွင် ဆရာဝန်မညွှန်ဘဲ သင်ဝယ်သောက်နေသော ဆေးများလည်း ပါဝင်သည်။ သင့်တွင် Ipriflavone နှင့် ဓါတ်မတည့်လျှင် ( သို့မဟုတ်) အခြားသောဆေးများ၊ တိုင်းရင်းဆေးများနှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်အားပြောပြထားသင့်သည်။ သင့်တွင် ဖျားနာခြင်း၊ တစ်စုံတစ်ရာ ပုံမှန်မဟုတ်ခြင်း၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများ၊ အခြားသော အစာဓါတ်မတည့်ခြင်း၊ ဆိုးဆေးများနှင့်ဓါတ်မတည့်ခြင်း၊ တာရှည်ခံအောင် လုပ်ထားသော အရာများ၊ တိရိစ ္ဆာန်များနှင့် ဓါတ်မတည့်မှု များရှိပါက ဆရာဝန်အား ကြိုပြောပြထားသည်။

ဖြည့်စွက်စာများထက်စာရင် ဆေးများကို အထိန်းအကွပ်နှင့် ပို၍သောက်သင်ပါသည်။ Ipriflavone သောက်ခြင်းသည် စိတ်ချ၍ ရမရအား ရှာဖွေရန် လေ့လာမှုများပို၍ လုပ်ရန် လိုအပ်ပါသည်။ Ipriflavone ဖြည့်စွက်စာအား သောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးနှင့် ဆိုးကျိုးများအား မသောက်ခင် အရင် ချိန်ဆသင့်ပါသည်။ ပို၍ အသေးစိပ်သိရှိရန် ဆရာဝန်များနှင့် ဆွေးနွေးသင့်ပါသည်။

အိုင်ပရီဖလေဗုန်း က ဘယ်လောက်စိတ်ချရလဲ

Ipriflavone သည် ဆရာဝန်များ၏ စောင့်ကြည့်မှု အောက်တွင် သောက်နေသောလူအများစု အတွက် စိတ်ချရသည်။

Ipriflavone ကိ ု၆လထက်ပို သောက်လျှင် သွေးဖြူဥများ လျော့နည်းစေတတ်သည်။ ထို့ကြောင့် Ipriflavone ကို အချိန်ကြာကြာ သောက်နေသော လူနာများတွင် သွေးဖြူဥ အရေအတွက် ကို စောင့်ကြည့်နေသင့်ပါသည်။

အထူးသတိထားသင့်သော အချက်များနှင့် သတိပေးချက်များ။

ကိုယ်ဝန်ဆောင်များနှင့် နို့်တိုက်မိခင်များ ။ သင်ကိုယ်ဝန်ဆောင်နေစဉ် (သို့မဟုတ်) နို့တိုက်နေစဉ် Ipriflavone ဖြည့်စွက်စာ သောက်လျှင် စိတ်ချ၍ ရမရ လေ့လာထားမှုများ လုံလောက်စွာမရှိသေးသဖြင့် ပို၍စိတ်ချရစေရန် မသောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ကိုယ်ခံအားနည်းနေသော လူနာများ။ Ipriflavone သည် သွေးဖြူဥများကို လျော့နည်းစေသည့် အတွက်ကြောင့် ကိုယ်တွင်းပိုးဝင်ခြင်းကို တိုက်ထုတ်ရာတွင် ခက်ခဲစေသည်။ AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်နေသောလူနာများ၊ ကိုယ်တွင်းကလီစာ အစားထိုးခြင်းများတွငိ အစားထိုးသော ကလီစာကို ခန္ဓါကိုယ်မှ လက်မခံခြင်းနည်းစေရန်အတွက် သောက်ရသောဆေးများ၊ ကင်ဆာဆေးသွင်းနေသော လူနာများ၊တွင် Ipriflavone သုံးလျှင် သတိထား၍ သုံးသင့်သည်။ ထို့ကြောင့် သင့်ခုခံအား စနစ်သည် အားနည်းနေပါက Ipriflavone မသုံးခင် ဆရာဝန်နှင့် ဆွေးနွေးသင့်သည်။

သွေးဖြူဥနည်းခြင်း။ ။ Ipriflavone သည် သွေးဖြူဥ အရေအတွက်ကို နည်းစေသောကြောင့် ယခင်တည်းက သွေးဖြူဥနည်းရောဂါရှိနေလျှင် ပို၍ ဆိုးသွားနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

အိုင်ပရီဖလေဗုန်း ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဘေးထွက်ဆိုးကျိုးများ

Ipriflavone သုံးလျှင့် မည်ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရရှိနိုင်သနည်း။

Ipriflavoneသည် မူးဝေစေခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်းများကို ဖြစ်စေသည်။

လူတိုင်းဆိုးဝါးသော ဆိုးကျိုးများနှင့် မကြုံတွေ့နိုင်ပါ။ ဖော်ပြမထားသော ဆိုးကျိုးများလည်း ရှိနိုင်သေးသည့်အတွက် တစ်စုံတစ်ရာ ထူးခြားသည် ဟု ခံစားရပါက ဆရာဝန်နှင့် ဆွေးနွေးသင့်ပါသည်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

အိုင်ပရီဖလေဗုန်း ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဓါတ်ပြုခြင်းများ

Ipriflavone သုံးခြင်းဖြင့် မည်သို့သော ဓါတ်ပြုခြင်းများရနိုင်သနည်း။

Ipriflavone သည်သင့် ကျန်းမာရေး အခြေအနေကို ထိခိုက်စေသည့်အတွက်ကြောင့် မသုံးခင် ဆရာဝန်နှင့် ဆွေးနွေးသင့်ပါသည်။

Ipriflavoneနှင့် ဓါတ်ပြုသော ထုတ်ကုန်များမှာ

အသည်းမှ ပြောင်းပေးလိုက်သော ဆေးဒြပ်ပေါင်းများ

Cytochrome P450 1A2 (CYP1A2) ။ အချို့သော ဆေးများကို အသည်းမှ ပုံစံပြောင်းပေး၍ ဖြိုခွဲပေးသည်။

Ipriflavone သည် အသည်း၏ အချို့သောဆေးများ ဖြိုခွဲမှုကို နှေးစေသည်။ Ipriflavone နှင့် အသည်းတွင် ဖြိုခွဲသော အချို့ဆေးများကို တွဲသုံးမည်ဆိုလျှင် ထိုဆေးများ၏ ဆိုးကျိုးများကို လူနာ အနေနှင့် ပို၍ ခံစားရနိုင်သည်။ ထို့ကြောင့် Ipriflavone သုံးမည်ဆိုလျှင် မသုံးခင် ဆရာဝန်နှင့်တိုင်ပင်၍ သင်သည် အသည်းတွင်ဖြိုခွဲသော အချို့ ဆေးများ သုံးနေကြောင်း ပြောပြသင့်ပါသည်။

အသည်းတွင်ဖြိုခွဲ၍ ပြောင်းသွားသောဆေးများမှာ

clozapine (Clozaril), cyclobenzaprine (Flexeril), fluvoxamine (Luvox), haloperidol (Haldol), imipramine (Tofranil), mexiletine (Mexitil), olanzapine (Zyprexa), pentazocine (Talwin), propranolol (Inderal), tacrine (Cognex), theophylline, zileuton (Zyflo), zolmitriptan (Zomig), တို့ဖြစ်သည်။

အချို့သောဆေးများသည် အသည်းတွင် ပြိုကွဲ၍ ပြောင်းသွားသည်။ ထိုဆေးများမှာ amitriptyline (Elavil), diazepam (Valium), zileuton (Zyflo), celecoxib (Celebrex), diclofenac (Voltaren), fluvastatin (Lescol), glipizide (Glucotrol), ibuprofen (Advil, Motrin), irbesartan (Avapro), losartan (Cozaar), phenytoin (Dilantin), piroxicam (Feldene), tamoxifen (Nolvadex), tolbutamide (Tolinase), torsemide (Demadex), warfarin (Coumadin) တို့ဖြစ်သည်။

Ipriflavone သည် ခုခံအားစနစ်ကို နည်းစေသည့် အတွက်ကြောင့် ခုခံအားကျဆင်းစေသည့် ဆေးများနှင့် တွဲသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ ခုခံအားကို နည်းစေသည့် ဆေးများမှာ azathioprine (Imuran), basiliximab (Simulect), cyclosporine (Neoral, Sandimmune), daclizumab (Zenapax), muromonab-CD3 (OKT3, Orthoclone OKT3), mycophenolate (CellCept), tacrolimus (FK506, Prograf), sirolimus (Rapamune), prednisone (Deltasone, Orasone), corticosteroids (glucocorticoids), တို့ဖြစ်သည်။

Theophylline သောက်လိုက်လျှင် ကိုယ်ခန္ဓါမှ စွန့်ထုတ်ပေးသည်။ Ipriflavone သည် ကိုယ်ခန္ဓါမှ Theophylline စွန့်ထုတ်ခြင်းကို နှေးစေသည်။ ထိုဲကြောင့် Theophylline နှင့် Ipriflavone တွဲသောက်လျှင် Theophylline ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ ခံစားရစေသည်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အိုင်ပရီဖလေဗုန်း အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

သုံးသင့်သော ပမာဏ

အောက်ပါဖော်ပြချက်များသည် ဆေးတိုင်းအတွက် မဟုတ်ပါ။ ipriflavone မသုံးခင် ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးသင့်သည်။

Ipriflavone သုံးသင့်သော ပုံမှန်ပမာဏ။

သိပ္ပံပညာရှင်များမှ လေ့လာထားချက်များအရ အောက်ပါ ပမာဏများသုံးသင့်ပါသည်။

သောက်ဆေး

သွေးဆုံးပြီး လူနာများတွင် အရိုးအားနည်းခြင်းမျးာအတွက် ၂၀၀ မီလီဂရမ် ipriflavone ကိုတစ်နေ့ သုံးကြိမ်သောက်သင့်ပါသည်။

Paget’s လို့ခေါ်သော အရိုးရောဂါတွင်၆၀၀ မှ ၁၂၀၀ မီလီဂရမ် ipriflavone ကို နေ့စဉ်သောက်သင့်သည်။ ကျောက်ကပ်ရောဂါကြောင့်ဖြစ်သော အရိုးအားနည်းခြင်းများအတွက် ipriflavone ၄၀၀-၆၀၀ မီလီဂရမ် ipriflavone ကို နေ့စဉ်သောက်သင့်သည်။

Kale သောက်သင့်သောပမာဏသည် လူနာတိုင်းတွင် မတူပေ။ သောက်သင့်သော ဆေးပမာဏသည် သင့် ကျန်းမာရေး၊ အသက်အရွယ်၊ နှင့် အခြားသော အခြေအနေများအပေါ်တွင် မူတည်သည်။ ဖြည့်စွက်စာများသည် အမြဲစိတ်ချရသည်ဟု မပြောနိုင်ပေ။ သင့်တော်သော ပမာဏ သောက်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်သင့်ပေသည်။

အိုင်ပရီဖလေဗုန်း က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Ipriflavone ကို အောက်ပါပုံစံများဖြင့်ရနိုင်သည်။

သောက်ဆေးတောင့်များ

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဒီဇင်ဘာ 21, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 6, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။