Generic Name: Fish oils (ငါးကြီးဆီ)

အသုံးပြုပုံများ

ငါးကြီးဆီ ကို ဘာအတွက်အသုံးပြုကြသလဲ

ငါးကြီးဆီကို ငါးစားခြင်း (သို့) ဖြည့်စွက်စာ စားခြင်းတွေကနေ ရရှိနိုင်ပါတယ်။ ကောင်းမွန်တဲ့ အဆီတစ်မျိုးဖြစ်တဲ့ omega-3 fatty acids တွေ ပါဝင်တဲ့ ငါးတွေကတော့ mackerel, tuna, salmon, sturgeon, mullet, bluefish, anchovy, sardines, herring, trout, and menhaden ပဲဖြစ်ပါတယ်။
ငါးကြီးဆီဖြည့်စွက်စာတွေကို mackerel, herring, tuna, halibut, salmon, cod liver, whale blubber သို့ seal blubber ငါးတွေကနေ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ငါးကြီးဆီ ဖြည့်စွက်စာတွေမှာ ပုပ်သိုးခြင်းကို ကာကွယ်ဖို့ ဗီတာမင်အီး အနည်းငယ် ပါဝင်ပါတယ်။ သူတို့မှာ calcium၊ သံဓါတ်၊ A, B1, B2, B3, C, or D တွေနဲ့ ပေါင်းစပ်နိုင်ပါတယ်။
ငါးကြီးဆီကို အခြေအနေ အတော်များများအတွက် အသုံးပြုနိုင်ပါတယ်။ သူ့ကို နှလုံးနဲ့ သွေးစနစ်တွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေအတွက် အများဆုံး အသုံးပြုကြပါတယ်။ လူအချို့ဟာ ငါးကြီးဆီ ကို သွေးပေါင်းကျစေခြင်း (သို့) triglyceride ပမာဏကို ကျစေဖို့ အသုံးပြုကြပါတယ်။ ငါးကြီးဆီကို နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ကာကွယ်ဖို့လည်း အသုံးပြုကြပါတယ်။ သိပ္ပံပညာအရ သက်သေပြချက်တွေက ငါးကြီးဆီဟာ triglycerides ပမာဏ များပြားခြင်းကို ကျဆင်းစေပြီး သင့်လျော်တဲ့ပမာဏ သုံးစွဲရင် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်လို့ ဆိုပါတယ်။ ဖြစ်ချင်တော့ ငါးကြီးဆီ အများအပြားစားသုံးခြင်းကလည်း လေဖြတ်ခြင်းကို အားပေးနိုင်ပါတယ်။
ငါးတွေကို ဦးနှောက်ကောင်းစေတဲ့ အစားအစာတွေအဖြစ် အသိများကြပြီး သူတို့ဟာ စိတ်ကျခြင်း၊ psychosis၊ ADHD၊ Alzheimer’s ရောဂါနဲ့ အခြားတွေးတောမှုဆိုင်ရာ ရောဂါတွေအတွက် ကူညီပေးပါတယ်။
အချို့သူတွေဟာ ငါးကြီးဆီကို မျက်လုံးခြောက်ခြင်း၊ ရေတိမ်၊ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပြီး ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်တဲ့ age-related macular degeneration အတွက်လည်း အသုံးပြုကြပါတယ်။
အမျိုးသမီးတွေဟာ နာကျင်တဲ့ ရာသီလာခြင်းကို ကာကွယ်ဖို့ ငါးကြီးဆီိကို အသုံးပြုကြပါတယ်။ ရင်သားနာကျင်ခြင်း၊ ကိုယ်ဝန်နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တဲ့ ကလေးပျက်ကျခြင်း၊ ကိုယ်ဝန်နောက်ပိုင်းမှာ သွေးပေါင်တက်ခြင်းနဲ့ ကလေးစောမွေးခြင်းတွေမှာလည်း အသုံးပြုကြပါတယ်။
ငါးကြီးဆီ ကို ဆီးချို၊ ပန်းနာရင်ကျပ်၊ ဖွံ့ဖြိုးမှုဆိုင်ရာ coordination ရောဂါများ၊ စာဖတ်ရခက်သောရောဂါ၊ အဝလွန်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အရိုးပွခြင်း၊ နာကျင်ရောင်ရမ်းမှုတွေဖြစ်စေတဲ့ Psoriasis နဲ့ ကင်ဆာဆေးအချို့ကြောင့် ဖြစ်တဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်းတွေကို ကာကွယ်ခြင်း တွေအတွက်လည်း အသုံးပြုပါတယ်။
ငါးကြီးဆီကို နှလုံးအစားထိုးခွဲစိတ်မှုအပြီးမှာ သွေးပေါင်တက်ခြင်းကို ကာကွယ်ဖို့နဲ့ ခွဲစိတ်မှုကြောင့် (သို့) ကိုယ်ခန္ဓာက နှလုံးအသစ်ကို ငြင်းပယ်မှု လျော့ကျစေဖို့ ပေးတဲဆေးတွေကြောင့်ဖြစ်တဲ့ ကျောက်ကပ်ပျက်ဆီးခြင်းကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ ငါးကြီးဆီကို တခါတရံ နှလုံးသွေးကြောခွဲစိတ်မှု အပြီးမှာလည်း အသုံးပြုပါတယ်။ ပိတ်နေတဲ့ သွေးကြောတွေ လမ်းကြောင်းပြောင်းခြင်းကလည်း အသုံးပြုနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ငါးကြီးဆီရဲ့ အကျိုးကျေးဇူး အတော်များများဟာ သူ့မှာ ပါဝင်တဲ့ omega-3 fatty acids တွေက ရတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ကိုယ်ခန္ဓာက omega-3 fatty acids တွေ ထုတ်လုပ်ခြင်းမရှိပါဘူး။ ဒါတင်သာမက အနောက်ပိုင်းစားသောက်ပုံတွေမှာ တွေ့ရတတ်တဲ့ omega- fatty acids တွေကလည်း omega-3 fatty acids တွေအဖြစ် ကိုယ်ခန္ဓာက မပြောင်းလဲနိုင်ပါဘူး။ Omega- 3 fatty acids နှစ်မျိုးဖြစ်တဲ့ EPA နဲ့ DHA တွေဟာ ငါးကြီးဆီ ဖြည့်စွက်စာတွေမှာ ပါဝင်ပြီး သူတို့အကြောင်းလုပ်ထားတဲ့သုတေသန များစွာ ရှိပါတယ်။
Omega-3 fatty acids တွေဟာ နာကျင်ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ငါးကြီးဆီဟာ psoriasis နဲ့ မျက်ရည်ခမ်းခြင်းတွေအတွက် အစွမ်းထက်ခြင်း ဖြစ်ပါတယ်။ ဒီ fatty acids တွေဟာ သွေးခဲ လွယ်ခြင်းကနေလဲ ကာကွယ်ပေးပါတယ်။ ဒါကြောင့် နှလုံးရောဂါတွေအတွက် အသုံးပြုခြင်း ဖြစ်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ငါးကြီးဆီ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ငါးကြီးဆီ ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
သွေးခဲဆေးတွေ သောက်နေရင် ငါးကြီးဆီနဲ့ အတူ မသောက်သင့်ပါဘူး။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ငါးကြီးဆီ က ဘယ်လောက်စိတ်ချရလဲ

ငါးကြီးဆီ ဟာ တစ်နေ့ကို အနည်းငယ်စီ (တစ်နေ့ ၃ ဂရမ်အောက်) သုံးစွဲရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အပါအဝင် လူအတော်များများအတွက် စိတ်ချရပါတယ်။ ငါကြီးဆီကို သူနဲ့ မတည့်တဲ့သူတွေ (သို့) ရင်သား၊ ဆီးကျိတ် ကင်ဆာ ရှိသူတွေနဲ့ နှလုံးရောဂါရှိသူတွေမှာ အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ငါးကြီးဆီ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဘေးထွက်ဆိုးကျိုးများ
ငါးကြီးဆီ ကနေ ဘယ်လိုဆိုးကျိုးတွေ ရနိုင်ပါသလဲ။
ငါးကြီးဆီ ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
• ကိုယ်ခံအား ကျဆင်းစေခြင်း
• လေတက်ခြင်း
• ပါးစပ်အနံ့ဆိုးထွက်ခြင်း
• ရင်ပူခြင်း
• ပျို့ခြင်း
• ဝမ်းပျက်ခြင်း
• အနီကွက်ထခြင်း
• နှာခေါင်းသွေးယိုခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓာတ်ပြုမှုများ

ငါးကြီးဆီ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

ငါးကြီးဆီ ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ငါးကြီးဆီ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ပုံမှန် လူကြီးတွေအတွက် ငါးကြီးဆီ အတောင့်၊ အရည် သုံးစွဲသင့်တဲ့ပမာဏကတော့ တစ်နေ့ကို ၃-၉ ဂရမ်ပဲ ဖြစ်ပါတယ်။ ထုတ်ကုန်တွေဟာ ပမာဏကွာခြားမှု ရှိတာကြောင့် ထုတ်ပိုးမှုပေါ်မှာပါတဲ့ ဆေးအညွှန်းအတိုင်း လိုက်နာသင့်ပါတယ်။
ငါးကြီးဆီ ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ငါးကြီးဆီ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ငါးကြီးဆီ ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
• ဆေးတောင့်
• အရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 26, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ