backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Figwort (ဖစ်ဝေါ့)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Figwort ကို ဘာအတွက်အသုံးပြုကြသလဲ

Figwort ကို ရေဆေးလို့ ခေါ်ပြီး ဆီးသွားမှုကို များစေကာ ဖေါရောင်ခြင်းကို ကျစေတဲ့ ဆေးအဖြစ် အသိများကြပါတယ်။

Figwort ကို တခါတလေ အရေပြားရောဂါတွေဖြစ်တဲ့ နှင်းခူ၊ Psoriasis၊ လိပ်ခေါင်း၊ ရောင်ရမ်းခြင်းနဲ့ အနီကွက်ထခြင်းတို့အတွက် အရေပြားပေါ်ကို တိုက်ရိုက်လိမ်းပြီး အသုံးပြုကြပါတယ်။

လူအချို့က Figwort ကို devil’s claw ရဲ့ အစားထိုးအဖြစ်သုံးပါတယ်။ သူတို့ နှစ်မျိုးဟာ တူညီတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။

Figwort ဘယ်လိုအလုပ်လုပ်လဲ

Figwort ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် အချို့လေ့လာမှုတွေက Figwort မှာ အရောင်ကျတာကို လျော့ကျစေတဲ့ ပစ္စည်းပါဝင်တယ်လို့ ဆိုကြပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Figwort အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Figwort ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး အေးမြ ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။

ဓါတ်မတည့်မှုတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။ ရှိလာခဲ့ရင် Figwort ကိုဖြတ်ပြီး antihistamine သို့ အခြားကုသမှုတွေ ပြုလုပ်သင့်ပါတယ်။

နှလုံးအခြေအနေနဲ့ဆိုင်တဲ့ သွေးပေါင်၊ သွေးခုန်နှုန်းတွေကိုလည်း သတိထားစောင့်ကြည့်ပါတယ်။ သွေးခုန်နှုန်းနှေးသွားခြင်းကို သတိထားပါ။ နှလုံးရောဂါ ရှိသူတွေဟာ Figwort ကို မသုံးစွဲသင့်ပါဘူး။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Figwort က ဘယ်လောက်စိတ်ချရလဲ

ကလေးငယ်တွေမှာ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးနို့တိုက်မိခင်တွေမှာ Figwort ကို အသုံးမပြုသင့်ပါဘူး။ အခြားဓါတ်မတည့်သူတွေနဲ့ နှလုံးရောဂါ ရှိသူတွေမှာလည်း ဒီဆေးကို မသုံးသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Figwort ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

• နှလုံးခုန်နှုန်းနှေးခြင်း၊ နှလုံးရပ်ခြင်း

• ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းလျှောခြင်း

• ဓါတ်မတည့်ခြင်းများ

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Figwort ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

Figwort ဟာ အခြားရေဆေးတွေနဲ့ ဓါတ်ပြုနိုင်ပြီး lithium ပမာဏ မညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။

အောက်ဖေါ်ပြပါ ဆေးတွေနဲ့လည်း ဓါတ်ပြုနိုင်ပါတယ်။

• နှလုံးရောဂါဆေးများ

• ဆီးချိုဆေး

• Cardiac glycoside herbs

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Figwort အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Figwort ရဲ့ ပုံစံပေါ်မူတည်ပြီး အချိုးအစား ကွာခြားမှု ရှိပါတယ်။

• Fluid extract: 2-8 ml (1:1) တစ်နေ့နှစ်ကြိမ်

• Infusion: 2-8 g herb နေ့စဉ်

• Tincture: 2-4 ml (1:5 dilution) တစ်နေ့နှစ်ကြိမ်

• Topical: ရေစိမ်ခြင်း (သို့) ဖိခြင်းပုံစံနဲ့ လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

Figwort ကို အသုံးပြုရမယ့် အချိုးအစား တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဖFigwort က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Fluid extract၊ ရေစိမ်ခြင်း၊ တင်ချာဆေးရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement