Fenugreek ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အသုံးပြုပုံများ

Fenugreek ကို ဘာအတွက်အသုံးပြုကြသလဲ

Fenugreek ကို အခြေအနေ အတော်များများအတွက် အသုံးပြုကြပြီး ဒီအခြေအနေတွေအတွက် တကယ်အသုံးဝင်ရဲ့လားဆိုတာ သိပ္ပံနည်းအရ သက်သေပြနိုင်ခြင်းတော့ မရှိပါဘူး။
Fenugreek ကို အစာခြေ ပြဿနာတွေဖြစ်တဲ့ အစာမစားချင်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာအိမ်ရောင်ခြင်း တွေအတွက် အသုံးပြုာကပါတယ်။ သူ့ကို နှလုံးကျန်းမာရေး အခြေအနေတွေဖြစ်တဲ့ နှလုံးသွေးကြော မာကျွတ်ခြင်းနဲ့ သွေးအတွင်း အဆီဓါတ် များပြားခြင်း တွေအတွက် လည်း အသုံးပြုကြပါတယ်။
Fenugreek ကို ကျောက်ကပ်မကောင်းခြင်း၊ ဗီတာမင်ချို့တဲ့မှု တစ်ခုဖြစ်တဲ့ beriberi၊ ပါးစပ် အနာများ၊ အပူလောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အရေပြားအောက်က တစ်ရှူးတွေမှာ ရောဂါပိုးဝင်ခြင်း၊ တီဘီရောဂါ၊ နာတာရှည် ချောင်းဆိုးခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ ထိပ်ပြောင်းခြင်း၊ ကင်ဆာရောဂါနဲ့ ဆီးချိုလူနာတွေမှာ သွေးသကြားဓါတ်နည်းပါးခြင်းတွေ အတွက် အသုံးပြုပါတယ်။
အမျိုးသားအချို့ဟာ Fenugreek ကို အူကျခြင်း၊ လိင်တံထောင်မတ်မှုဆိုင်ရာပြဿနာနဲ့ အခြား အမျိုးသားပြဿနာတွေအတွက် အသုံးပြုကြပါတယ်။
Fenugreek ကို တခါတရံ နာကျင်မှုနဲ့ ရောင်ရမ်းမှု၊ ကြွက်သားနာကျင်ခြင်း၊ ပြန်ရည်ကျိတ် နာကျင်ရောင်ရမ်းခြင်း၊ ဂေါက်ရောဂါ၊ အနာ၊ ခြေထောက်အနာများနဲ့ နှင်းခူနာတွေအတွက် အသုံးပြုနိုင်ပါတယ်။
သူ့ရဲ့ အရသာနဲ့အနံ့ဟာ မေပယ်သကာနဲ့ တူညီပြီးတော့ ဆေးတွေရဲ့ အရသာတွေကို ဖုံးလွှမ်းဖို့လည်း အသုံးပြုကြပါတယ်။

Fenugreekဘယ်လိုအလုပ်လုပ်လဲ

Fenugreek ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် အချို့လေ့လာမှုတွေက Fenugreek ဟာ အစာအိမ်ထဲမှာ သကြားစုပ်ယူမှုကို နှေးကွေးစေပြီး အင်ဆူလင်ဓါတ်ကို လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။ ဒီအာနိသင်နှစ်ခုလုံးဟာ ဆီးချိုရှိတဲ့လူနာတွေမှာ ဆီးချိုကျဆင်းစေပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Fenugreekအသုံးမပြုခင် ဘာတွေသိသင့်သလဲ

Fenugreek ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
ဓါတ်မတည့်တဲ့ လက္ခဏာတွေ၊ ပါးစပ်အတွင်း အနာပေါက်မှုနဲ့ ကြွက်သား၊ အရိုးတွေ နာကျင်မှု (သို့) တောင့်တင်းမှုတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။ ရှိလာခဲ့ရင် Fenugreek ကို အသုံးမပြုသင့်တော့ပဲ antihistamine (သို့) အခြားသင့်လျော်တဲ့ နည်းတစ်ခုခုကို အသုံးပြုသင့်ပါတယ်။
ဆီးဟာ မေပယ်သကာရဲ့ အနံ့နံနိုင်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Fenugreekက ဘယ်လောက်စိတ်ချရလဲ

Fenugreek ဟာ ကိုယ်ဝန်မှာ အစာမှာပါတာထက် ပိုများများစားရင် လုံခြုံစိတ်ချရမှု မရှိပါဘူး။ စောစောဗိုက်နာခြင်းတွေ ဖြစ်တတ်ပါတယ်။ Fenugreek ကို ကလေးမမွေးခင် သောက်သုံးခြင်းဟာ ကလေးမှာ ပုံမှန်မဟုတ်တဲ့ အနံ့ကို ရရှိစေပြီး maple syrup urine disease နဲ့ မှားနိုင်ပါတယ်။ ကြာရှည်စွာ သက်ရောက်မှုတွေတော့ မရှိပါဘူး။ Fenugreek ကို ကလေးတွေမှာ အသုံးမပြုသင့်ပါဘူး။
Fenugreek ကို ဓါတ်မတည့်တဲ့သူတွေမှာ အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Fenugreekကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Fenugreek ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
• ဓါတ်မတည့်ခြင်း
• အညိုအမဲစွဲခြင်း၊ အစက်ပေါ်ခြင်း၊ သွေးထွက်ခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Fenugreekကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Fenugreek ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သွေးခဲခြင်းကို တားမြစ်တဲ့ ဆေးတွေ (ဥပမာ warfarin) ရဲ့ အာနိသင်ဟာ ပိုမိုများပြားနိုင်ပါတယ်။ ဒီဆေးသောက်နေတဲ့သူတွေဟာ Fenugreek ကိုမသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးပမာဏ ညှိနှိုင်းမှု လိုအပ်နိုင်ပါတယ်။
ဒီအပင်ဟာ အူအတွင်းမှာ လျင်မှန်စွာ ဖြတ်သန်းသွားပြီး အူနံရံတွေကို ကာထားနိုင်တာကြောင့် Fenugreek ဟာ ဆေးတွေရဲ့ ကိုယ်ခန္ဓါက စုပ်ယူမှုကို တားမြစ်နိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Fenugreekအတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဆီးချိုနဲ့ ကိုလက်စထရောဓါတ်ကျဆင်းရန် အတွက်
အစေ့ – 5g/day
Hydro alcoholic extract – 1g အသုံးပြုသင့်ပါတယ်။
Fenugreek ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Fenugreekက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Fenugreek ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ဆေးတောင့်၊ အပင်၊ အမှုန့်၊ အရည်၊ ပေါင်ဒါ

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 8, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 9, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။