backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Damiana (ဒါမီရာနာ)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Damiana (ဒါမီရာနာ) ကို ဘာအတွက်အသုံးပြုကြသလဲ

Damiana ကို ခေါင်းကိုက်ခြင်း၊ အိပ်ရာစိုခြင်း၊ စိတ်ကျရောဂါ၊ အစာအိမ်ရောဂါနဲ့ ဝမ်းချုပ်ခြင်းတွေကို ကုသဖို့အတွက် အသုံးပြုပါတယ်။ သူ့ကို လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသဖို့နဲ့ ပျောက်ကင်းစေဖို့အတွက်လည်း အသုံပြုပြီး စိတ်ရောလူပါ သက်လုံကောင်းစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

Damiana (ဒါမီရာနာ) ဘယ်လိုအလုပ်လုပ်လဲ

Damiana ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် အချို့လေ့လာမှုတွေက ဒီဆေးရဲ့ ကာမအားတိုးစေခြင်း အာနိသင်ဟာ ယောက်ျားဟော်မုန်းလိုမျိုး ဆောင်ရွက်တဲ့ alkaloid တစ်မျိုးပါဝင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Damiana (ဒါမီရာနာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Damiana ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး အေးမြ ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။

ဓါတ်မတည့်မှု လက္ခဏာတွေနဲ့ အသည်းအဆိပ်သင့်တဲ့ လက္ခဏာတွေဖြစ်တဲ့ ALT, AST, Bilirubin ပမာဏ များခြင်း၊ ဝမ်းမဲမဲသွားခြင်း၊ ဗိုက်အပေါ်ညာဘက်ပိုင်း နာခြင်း တွေကို ပုံမှန်စောင့်ကြည့်သင့်ပါတယ်။ အသည်းအဆိပ်သင့်တာမျိုးဖြစ်ခဲ့ရင် ဒီဆေးကို ရပ်သင့်ပြီး သင့်လျော်တဲ့ ကုသမှုတွေ လုပ်သင့်ပါတယ်။

ခွဲစိတ်မှု မပြုလုပ်ခင် အနည်းဆုံးနှစ်ပတ်ကြိုပြီး Damiana ကို ရပ်သင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Damiana (ဒါမီရာနာ) က ဘယ်လောက်စိတ်ချရလဲ

ကလေးငယ်တွေမှာ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးနို့တိုက်မိခင်တွေမှာ Damiana ကို အသုံးမပြုသင့်ပါဘူး။

Damiana ကို အသည်းရောဂါ၊ ဆီးချိုရောဂါနဲ့ သူနဲ့ ဓါတ်မတည့်သူများမှာ အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Damiana (ဒါမီရာနာ)ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Damiana ဟာ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

• စိတ်ခြောက်ခြားခြင်း၊ စိတ်ရှုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း

• ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အသည်းပျက်စီးခြင်း (ပမာဏများရင်)

• ဆီး ကျင်ခြင်း

• ဓါတ်မတည့်ခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Damiana (ဒါမီရာနာ)ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

Damiana ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Damiana (ဒါမီရာနာ) အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Damiana ကို အသုံးပြုဖို တိကျသေချာတဲ့အချိုးအစားကို လေ့လာမှု ပြုထားခြင်း မရှိပါဘူး။ ပုံမှန် အရွက်အချိုးအစားကတော့ ၂ ဂရမ်ဖြစ်ပါတယ်။

Damiana ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Damiana (ဒါမီရာနာ) က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Damiana ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးလုံး၊ အမှုန့်၊ လက်ဖက်ရည်၊ တင်ချာရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement