backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Daffodil (ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ ကို ဘာအတွက်အသုံးပြုကြသလဲ

ဘေးကင်းမကင်းစိုးရိမ်နေရင်းနဲ့တောင်မှ နှင်းပန်းဝါကို ကြက်ညှာချောင်းဆိုး၊ ရင်ကြပ်ခြင်း၊ အအေးမိခြင်း တွေအတွက် သုံးတတ်ကြတယ်။ အန်စေဖို့အတွက်လည်း သုံးကြပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ။် သို့ပေမယ့် နှင်းပန်းဝါမှပါတဲ့ polysaccharide နဲ့ lectin ခေါ်ပစ္စည်းတွေက HIV ကိုတိုက်နိုင်တဲ့ အာနိသင်ရှိတယ်လို့တော့ တချို့လေ့လာမှုတွေကဆိုပါတယ်။ lectin တွေက ကင်ဆာအတွက်တော့ အဆိပ်ဖြစ်စေပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ပန်းနဲ့အဖူးတွေကိုသုံးမယ်ဆိုရင်တော့ သတိကြီးကြီးထားရပါလိမ့်မယ်။ ပြင်းထန်တဲ့၊ သေပင်သေစေနိုင်တဲ့ တုံ့ပြန်မှုတွေဖြစ်လာနိုင်လို့ပါ။

ဒါကြောင့် တတ်ကျွမ်းတဲ့ပညာရှင်၊ ဆရာဝန်က မညွှန်းမချင်း ထိုနှင်းပန်းဝါနဲ့ပတ်သတ်တဲ့ ထုတ်ကုန်တွေကို မသုံးပါနဲ့။

ဆေးဖက်ဝင်ဖြည့်စွတ်စာတွေရဲ့ စည်းမျဉ်းတွေက ဆေးတွေလောက် စည်းကမ်းမတင်းကြပ်ပါဘူး။ ဘေးကင်းမှုကို ထောက်ခံပေးဖို့က လေ့လာမှုတွေအများကြီးလိုအပ်ပါတယ်။ ထိုကဲ့သို့ဆေးဖက်ဝင်ဖြည့်စွတ်စာတွေကို မမှီဝဲမီ ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ချင့်ချိန်သင့်တယ်။ ဒါကြောင့် ဆရာဝန် သို့မဟုတ် ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးကြည့်ပါ။

ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ က ဘယ်လောက်စိတ်ချရလဲ

နှင်းပန်းဝါကို ကိုယ်ဝန်သည်၊ နို့တိုက်မိခင်နဲ့ ကလေးတွေအတွက် မသုံးသင့်ပါဘူး။ ထိုပန်းနဲ့ ဓါတ်မတည့်သူတွေလည်း မသုံးသင့်ပါဘူး။

နှင်းပန်းဝါရဲ့ ပန်းတွေ၊ အဖူးတွေကိုလည်း မသုံးသင့်ပါဘူး။ ထိုကနေ ပြင်းထန်တဲ့၊ သေပင်သေစေနိုင်တဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်လို့ပါ။

ဘေးထွက်ဆိုးကျိုးများ

ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိပါတယ်။

  • ထိတွေ့မှုကိုမသိခြင်း (လေဖြတ်ခြင်း)၊ ပုံမှန်မဟုတ်သော အာရုံခံစားရခြင်း၊ ချမ်းတုန်ခြင်း
  • အဖူးများမှ သွေးကြောများပိပြားကာ ပိတ်သွားစေနိုင်ခြင်း
  • ပါးစပ်၊ လျှာ၊ လည်ချောင်း ရောင်ရမ်းခြင်း
  • ပျို့ခြင်း၊ အန်ခြင်း၊ မစားနိုင်ခြင်း၊ တံတွေးထွက်ခြင်း
  • ဓါတ်မတည့်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ ယားယံခြင်း
  • အဖူးများကြောင့် အသက်ရှူကြပ်ခြင်း

လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ ဓါတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာဝန်ကိုပြောပြတိုင်ပင်ပါ။

နှင်းပန်းဝါက အစားအစာများမှရသော သတ္ထုဓါတ်စုပ်ယူမှုကို လျှော့ချပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

လူနာအသီးသီးအတွက် ပမာဏအသီးသီးဖြစ်နိုင်တယ်။ အသက်၊ ကျန်းမာရေးအခြေအနေ နဲ့ တခြားအချက်တွေ အများအပြားပေါ်မူတည်နိုင်ပါတယ။် ကျန်းမာရေးဖြည့်စွတ်စာတွေဟာ အမြဲဘေးကင်းနေတာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။

ဒက်ဖဒေးလ် ခေါ် နှင်းပန်းဝါ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အမှုန့်၊ အဆီအနှစ် အနေဖြင့် ထုတ်ယူရရှိပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement