Cloves (လေးညှင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အသုံးပြုပုံများ

လေးညှင်း ကို ဘာအတွက်အသုံးပြုကြသလဲ

လေးညှင်းပွင့် ကို ဗိုက်နာခြင်းအတွက် အသုံးပြုပြီး သလိပ်ပျော်ဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ သလိပ်ပျော်ဆေးဟာ သလိပ်လို အလွယ်တကူ ခပ်ထုတ်နိုင်စေပါတယ်။ လေးညှင်းပွင့်နဲ့ လေးညှင်းဆီတွေဟာ လေထခြင်း၊ ပျို့အန်ခြင်းတွေ အတွက်လည်း အသုံးပြုကြပါတယ်။
လေးညှင်းပွင့် ကို သွားနာခြင်းအတွက် သွားဖုံးပေါ်ကို တိုက်ရိုက်လိမ်းနိုင်ပြီး သွားနှုတ်စဉ်မှာလည်း နာကျင်မှုကို သက်သာစေကာ dry socket လို့ ခေါ်တဲ့ သွားနှုတ်အပြီး ဖြစ်တဲ့ ဆိုးကျိုးအတွက်လညး အသုံးပြုနိုင်ပါတယ်။ သူ့ကို ပါးစပ်နဲ့ လည်ချောင်းရောင်ရမ်းခြင်းအတွက်နဲ့ နာကျင်မှုကို သက်သာစေဖို့လည်း အသုံးပြုနိုင်ပါတယ်။ အခြားပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး လေးညှင်းပွင့် ကို အမျိုးသားတွေ အချိန်မတိုင်မီ သုက်လွှတ်ခြင်းကို ကာကွယ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

လေးညှင်းပွင့် ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် လေ့လာမှုအချို့က လေးညှင်းပွင့်ဟာ prostaglandin synthesis, cydooxygenase, နဲ့ lypooxigenase တွေကို တားမြစ်တယ်လို့ သိရပါတယ်။ လေးညှင်းပွင့်ရဲ့ပါဝင်ပစ္စည်းတစ်ခု ဖြစ်တဲ့ Eugenol ဟာ ထုံကျင်စေတဲ့ အာနိသင်နဲ့ ပိုးသတ်ပေးတဲ့ အာနိသင်တွေ ရှိပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

လေးညှင်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

လေးညှင်းပွင့် ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
လေးညှင်းပွင့် ကို essential oil တွေနဲ့ရောသင့်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လေးညှင်း က ဘယ်လောက်စိတ်ချရလဲ

လေးညှင်းပွင့် ကို နောက်ထပ်စမ်းသပ်လေ့လာမှုတွေ မရှိမချင်း ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေမှာ အသုံးမပြုသင့်ပါဘူး

ဘေးထွက်ဆိုးကျိုးများ

လေးညှင်း ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

လေးညှင်းပွင့် ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
• စိတ်ကျခြင်း၊ တက်ခြင်း
• အရေပြား ယားယံခြင်း၊ အသက်ရှူလမ်းကြောင်း ထိခိုက်ခြင်း
• Disseminated intravascular coagulation
• အရေပြား ယားယံခြင်း
• လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

လေးညှင်း ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

လေးညှင်းပွင့် ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သွေးခဲခြင်းကို တားမြစ်တဲ့ ဆေးတွေဟာ လေးညှင်းပွင့်နဲ့ ဓါတ်ပြုနိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

လေးညှင်း အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

အချိန်မတိုင်မီ သုက်လွှတ်ခြင်းအတွက် အမျိုးသားတွေမှာ လိမ်းခြင်းအားဖြင့်သာ အသုံးပြုသင့်ပါတယ်။ ပုံမှန်အားဖြင့် လိင်မဆက်ဆံခင် တစ်နာရီလောက်ကြိုပြီး လိမ်းပေးထားသင့်ပြီး လိင်ဆက်ဆံမှု ပြီးပြီးချင်း ဆေးကြော သင့်ပါတယ်။
လေးညှင်းပွင့် ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတ

လေးညှင်း က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

လေးညှင်းပွင့် ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
စီးကရက်နဲ့ ပါးစပ်ကျင်းရည်တွေမှာ ပါဝင်ပစ္စည်းအဖြစ်၊ essential oil နဲ့ တင်ချာဆေးရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 8, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 9, 2017

ရင်းမြစ်များ