Generic Name: Clary (ကလယ်ရီပန်းအဆီ)

အသုံးပြုပုံများ

ကလယ်ရီပန်းအဆီ ကို ဘာအတွက်အသုံးပြုကြသလဲ

ကွက်သား၊ အကြောတွေတောင့်တင်း ရောင်းရမ်းခြင်း အတွက်သုံးတတ်ပါတယ်။ စိတ်ငြိမ်ဆေး၊ သွေးဆုံးချိန်၊ ဓမ္မတာမလာခင် တွေ့ကြုံရတတ်သည့် လက္ခဏာများကို သက်သာရန်အတွက်လည်းအသုံးပြုသလို၊ နွမ်းနယ်ခြင်း၊ လိင်ဆန္ဒလျှော့ချပေးဖို့အတွက်လည်း သုံးတတ်ကြပါတယ်။

အက်ဒရီနယ်ဂလမ်း(adrenal gland) အလုပ်ပိုလုပ်ရန်နှင့် လည်ချောင်းနာခြင်းတွေအတွက်လည်း သုံးနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ထိုဆေးဖက်ဝင်ဖြည့်စွတ်စာလုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ ဒါပေမယ့် ပါဝင်ပစ္စည်းတွေမှာ ဘတ်တီးရီးယားနဲ့ မှိုတွေကိုသတ်နိုင်တဲ့ ပစ္စည်းတွေပါကြောင်း လေ့လာမှုတွေတော့ရှိပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ကလယ်ရီပန်းအဆီ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ပူလွန်းသော၊ စိုထိုင်းသော နေရာမှဝေးရာ ခြောက်သွေ့ရာနေရာမှာသိမ်းဆည်းပါ။

ထိုအပင်မှီဝဲနေစဉ်အရက်၊ အိပ်ဆေးမသုံးစွဲပါနဲ့။

ဆေးဖက်ဝင်ဖြည့်စွတ်စာတွေရဲ့ စည်းမျဉ်းတွေက ဆေးတွေလောက် စည်းကမ်းမတင်းကြပ်ပါဘူး။ ဘေးကင်းမှုကို ထောက်ခံပေးဖို့က လေ့လာမှုတွေအများကြီးလိုအပ်ပါတယ်။ ထိုကဲ့သို့ဆေးဖက်ဝင်ဖြည့်စွတ်စာတွေကို မမှီဝဲမီ ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ချင့်ချိန်သင့်တယ်။ ဒါကြောင့် ဆရာဝန် သို့မဟုတ် ဆေးဖက်ဆိုင်ရာကျွမ်းးကျင်သူတွေနဲ့ ဆွေးနွေးကြည့်ပါ။

ကလယ်ရီပန်းအဆီ က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်သည်၊ နို့တိုက်မိခင်တွေမှာ သာမန်စားသောက်ရုံ ပမာဏလောက်သုံးစွဲပါက ဘေးကင်းပါတယ်။ ပိုများတဲ့ပမာဏကိုတော့ လေ့လာမှုတွေမပြုလုပ်ပြီးခင်ထိ မသုံးသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ကလယ်ရီပန်းအဆီ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

  • မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကြွခြင်း၊ မိန်းမောခြင်း၊ အိပ်မက်ဆိုးမက်ခြင်း
  • ဓမ္မတာသွေးများခြင်း တို့အပါအ၀င် ဘေးထွက်ဆိုးကျိုးများရှိပါတယ်။

လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ကျွမ်းကျင်သူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓာတ်ပြုမှုများ

ကလယ်ရီပန်းအဆီ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ ဓာတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာဝန်ကိုပြောပြတိုင်ပင်ပါ။

အိပ်ငိုက်စေနိုင်သော choral hydrate, hexobarbial တို့သက်ရောက်မှုကို တက်စေနိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ကလယ်ရီပန်းအဆီ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဒီအချက်အလက်တွေဟာ ကျန်းမာရေးအကြံဥာဏ်တွေအတွက် အစားထိုးမဟုတ်ပါဘူး။ အမြဲဆရာဝန်နဲ့တိုင်ပင်ပါ။

လူနာအသီးသီးအတွက် ပမာဏအသီးသီးဖြစ်နိုင်တယ်။ အသက်၊ ကျန်းမာရေးအခြေအနေ နဲ့ တခြားအချက်တွေ အများအပြားပေါ်မူတည်နိုင်ပါတယ။် ကျန်းမာရေးဖြည့်စွတ်စာတွေဟာ အမြဲဘေးကင်းနေတာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။

ကလယ်ရီပန်းအဆီ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အဆီအဖြစ်နဲ့ရနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 30, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ