backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chromium (ခရိုမီယမ်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ခရိုမီယမ် ကို ဘာအတွက်အသုံးပြုကြသလဲ

Chromium ကို ဆီးချိုမဖြစ်မီ၊ ဆီးချိုအမျိုးအစား ၁ နဲ့ ၂၊ စတီးရွိုက်တွေ သောက်နေတာကြောင့် သွေးသကြားဓါတ်တွေ များနေခြင်းတွေမှာ သကြားဓါတ်ကို ထိန်းချုပ်ဖို့ အသုံးပြုပါတယ်။

သူ့ကို စိတ်ကျခြင်း၊ polycystic ovarian syndrome (PCOS)၊ beta blockers လို့ခေါ်တဲ့ နှလုံးဆေး သောက်နေသူတွေမှာ ကော်လက်စထရော ပမာဏ ကျဆင်းအောင်နဲ့ ကောင်းမွန်တဲ့ ကော်လက်စထရောဓါတ်တက်အောင်လည်း အသုံးပြုကြပါတယ်။

အချို့သူတွေကတော့ Chromium ကို ကိုယ်အလေးချိန်ကျဆင်းအောင်၊ ကြွက်သား တိုးတက်လာအောင်၊ ကိုယ်ခန္ဓါအဆီဓါတ် လျော့ကျအောင် အသုံးပြုကြပါတယ်။ Chromium ဟာ အားကစား စွမ်းဆောင်ရည်နဲ့ အားအင်တွေကို မြှင့်တင် ပေးနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Chromium ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် Chromium ကို သတ္တုဆိုတာ ဖေါ်ပြတဲ့ လေ့လာမှုတွေတော့ ရှိပြီး သူ့ကို မရှိမဖြစ် အနည်းငယ်လိုအပ်တဲ့ သတ္တုဓါတ်လို့ ဆိုတာ အနည်းငယ် သုံးစွဲခြင်းဟာ ကျန်းမာရေးအတွက် အကျိုး ရှိပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ခရိုမီယမ် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Nutritional trivalent chromium (Cr+3) ဟာ industrial hexavalent chromium (Cr+6) နဲ့ ကွာခြားမှု ရှိပါတယ်။ industrial hexavalent chromium ဟာ ထိမိတဲ့ အလုပ်သမားတွေမှာ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

Chromium ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ခရိုမီယမ် က ဘယ်လောက်စိတ်ချရလဲ

Nutritional trivalent chromium (Cr+3) ဟာ industrial hexavalent chromium (Cr+6) နဲ့ ကွာခြားမှု ရှိပါတယ်။ industrial hexavalent chromium ဟာ ထိမိတဲ့ အလုပ်သမားတွေမှာ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

Chromium ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

ခရိုမီယမ် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Chromium ဟာ အောက်ပါဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

• ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ပြောင်းလဲခြင်း၊ ဂနာမငြိမ်ခြင်း၊ စိတ်တိုခြင်း။

• အများကြီး သောက်မိရင် – သွေးအားနည်းခြင်း၊ platelet နည်းခြင်း၊ သွေးဆဲလ်တွေ ပေါက်ထွက်ခြင်း။

• အများကြီး သောက်မိရင် – ကျောက်ကပ် ပျက်စီးခြင်း၊ အသည်းအလုပ်ကောင်းကောင်း မလုပ်ခြင်း။

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ခရိုမီယမ် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Chromium ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Chromium ဟာ အောက်ဖေါ်ပြပါ ဆေးတွေ Herbal တွေနဲ့ ဓါတ်ပြုမှု ရှိနိုင်ပါတယ်။

• အစာအိမ်ဆေး

• ဆီးချိုဆေး

• Ascorbic acid

• သံဓါတ်၊ ဇင့် ပါတဲ့ဆေး

Chromium ဟာ သွေးဂလူးကို့စ်၊ HDL နဲ့ Tryglycerides တွေရဲ့ စစ်ဆေးမှုတွေကို အကျိုါ်သက်ရောက်မှု ရှိနိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ခရိုမီယမ် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဆီးချိုအမျိုးအစား ၂ အတွက် သောက်ဆေး – 200-1000mcg နေ့စဉ် ခွဲသောက်ရန်

Chromium ကို သောက်သုံးရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ခရိုမီယမ် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Chromium ကို သောက်ဆေးလုံး အနေဖြင့် ရရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement