Chaparral (ခရီရိုဆုတ် ခေါ် သစ်ဆီ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အသုံးပြုပုံများ

ခရီရိုဆုတ် ခေါ် သစ်ဆီ ကို ဘာအတွက်အသုံးပြုကြသလဲ

အရွက်ကိုဆေးအဖြစ်သုံးနိုင်တဲ့ အပင်တစ်မျိုးပါ။ ဘေးကင်းမကင်းစိုးရိမ်စရာနည်းနည်းတော့ရှိပါတယ်။

  • အစာချေခြင်းနဲ့ပတ်သတ်သောပြဿနာများ
  • အအေးမိခြင်း၊ ပိုးဝင်ခြင်းအပါအ၀င် အသက်ရှူလမ်းကြောင်းဆိုင်ရာအခြေအနေများ
  • နာတာရှည်အရေပြားရောဂါများ
  • ကင်ဆာ
  • အဆစ်ရောင်ခြင်း၊ တီဘီ
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း
  • လိင်လမ်းကြောင်းမှတဆင့်ကူးစက်သောရောဂါများ
  • အာရုံကြောအဖွဲ့အစည်းပြဿနာများ
  • ရေကျောက်
  • ကပ်ပါးကောင်ရောဂါများ
  • အ၀လွန်ခြင်း
  • မြွေကိုက်ခြင်းကြောင့်နာကျင်ခြင်း များအတွက် သုံးတတ်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ။်

ဒါပေမယ့် သွေးတွင်းသကြားထက်နည်းစေသော ဂုဏ်သတ္တိရှိခြင်း၊ အကျိတ်များအတွက်သုံးနိုင်ခြင်း တို့အတွက် လေ့လာမှုတွေတော့ရှိပါတယ်။ အပင်တွင်ပါဝင်သော ဓာတုပစ္စည်းများမှာ antioxidants သတ္တိရှိတယ်လို့ ယူဆပါတယ်။

ပစ္စည်မြောက်မြားစွာပါဝင်ပြီး အထင်ရှားဆုံးကတော့ antioxidant ဂုဏ်သတ္တိရှိသော nordihydroguaiaretic acid ဖြစ်တယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ခရီရိုဆုတ် ခေါ် သစ်ဆီ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ။် ဒါပေမယ့် သွေးတွင်းသကြားထက်နည်းစေသော ဂုဏ်သတ္တိရှိခြင်း၊ အကျိတ်များအတွက်သုံးနိုင်ခြင်း တို့အတွက် လေ့လာမှုတွေတော့ရှိပါတယ်။

အပင်တွင်ပါဝင်သော ဓာတုပစ္စည်းများမှာ antioxidants သတ္တိရှိတယ်လို့ ယူဆပါတယ်။ ပစ္စည်မြောက်မြားစွာပါဝင်ပြီး အထင်ရှားဆုံးကတော့ antioxidant ဂုဏ်သတ္တိရှိသော nordihydroguaiaretic acid ဖြစ်တယ်။

ခရီရိုဆုတ် ခေါ် သစ်ဆီ က ဘယ်လောက်စိတ်ချရလဲ

အသည်းပြင်းထန်စွာထိခိုက်စေနိုင်တာကြောင့် ရှောင်ရှားရင်ကောင်းပါတယ်။ FDA က မသုံးသင့်တဲ့ဆေးပင်တစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။

ကလေး၊ ကိုယ်ဝန်သည်၊ နို့တိုက်မိခင်တွေမှာ မသုံးသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

ခရီရိုဆုတ် ခေါ် သစ်ဆီ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အန္တရာယ်ရှိနိုင်သော အပင်တစ်မျိုးဖြစ်ပါတယ်။ ပြင်းထန်သော အဆိပ်မိခြင်း၊ အသည်းရောင်ခြင်း၊ ကျောက်ကပ် အသည်း ထိခိုက်မှုများ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်းတွေလည်း ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။

လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ကျွမ်းကျင်သူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓာတ်ပြုမှုများ

ခရီရိုဆုတ် ခေါ် သစ်ဆီ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ ဓာတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာဝန်ကိုပြောပြတိုင်ပင်ပါ။

သွေးကြဲဆေး – ထိုဆေးများရဲ့ လုပ်ဆောင်ချက်ကို များစေပါတယ်။

MAOIs – MAOIs တွေရဲ့ အာနိသင်ကိုလျော့ကျစေပါတယ်။

ALT, AST, bilirubin ပမာဏ၊ ဆီး bilirubin ပမာဏတွေကို တက်စေပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ခရီရိုဆုတ် ခေါ် သစ်ဆီ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

လူနာအသီးသီးအတွက် ပမာဏအသီးသီးဖြစ်နိုင်တယ်။ အသက်၊ ကျန်းမာရေးအခြေအနေ နဲ့ တခြားအချက်တွေ အများအပြားပေါ်မူတည်နိုင်ပါတယ။် ကျန်းမာရေးဖြည့်စွတ်စာတွေဟာ အမြဲဘေးကင်းနေတာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။

ခရီရိုဆုတ် ခေါ် သစ်ဆီ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်၊ လက်ဖက်ရည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ