backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cascara (ကပ်စ်ကားရာ)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Cascara ကို ဘာအတွက်အသုံးပြုကြသလဲ

Cascara ကို ဝမ်းနုတ်ဆေး အဖြစ်သော်လည်းကောင်း သည်းခြေကျောက်၊ အသည်းရောဂါနဲ့ ကင်ဆာရောဂါတို့ကို ကုသဖို့အတွက်သော်လည်းကောင်း အသုံးပြုကြပါတယ်။ အချို့သူတွေဟာ သူ့ကို ခါးသက်တဲ့အရည်အဖြစ် အသုံးပြုကြပါတယ်။ ဒီနေ့မှာတော့ Cascara ကို ဆေးအနေနဲ့ မဟုတ်ပဲ အစားအသောက်ဖြည့်စွက်စာအနေနဲ့ ရရှိနိုင်ပါတယ်။

Cascara ဘယ်လိုအလုပ်လုပ်လဲ

Cascara ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် Cascara ဟာ အူတွေကို လှုံ့ဆော်ပေးပြီး ဝမ်းနုတ်စေတဲ့ အစွမ်းရှိတယ်ဆိုတာကို ဖေါ်ပြထားတဲ့ လေ့လာမှုတွေတော့ ရှိပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Cascara အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေကို လေ့လာသင့်ပါတယ်။ အမျှင်ဓါတ်၊ အရည်၊ သို့ လေ့ကျင့်ခန်း အစရှိတာတွေဟာ လူနာရဲ့ လူမှုဘဝ နေထိုင်ပုံတွေကနေ ပျောက်ဆုံးနေလားဆိုတာ ဆုံးဖြတ်သင့်ပါတယ်။

ဗိုက်နာခြင်း၊ စအိုမှ သွေးဆင်းခြင်း၊ ပျို့အန်ခြင်းတွေဖြစ်ရင် Cascara ကို ရပ်သင့်ပါတယ်။

သူဟာ အူတွေရဲ့ မာကျောမှုကို ထိခိုက်နိုင်တာကြောင့် ရေရှည်သုံးဖို့ မသင့်လျော်ပါဘူး။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Cascara က ဘယ်လောက်စိတ်ချရလဲ

Cascara ကို ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေမှာ နောက်ထပ်လေ့လာမှုတွေ မရှိမချင်း အသုံးမပြုသင့်ပါဘူး။

Cascara ကို နို့တိုက်နေတုံး ပါးစပ်က သောက်မိရင် လုံခြုံစိတ်ချရခြင်းမရှိပါဘူး။ သူဟာ နို့မှတစ်ဆင့် ဖြတ်သန်းပြီး ကလေးငယ်မှာ ဝမ်းလျှောစေပါလိမ့်မယ်။

ဘေးထွက်ဆိုးကျိုးများ

Cascara ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အောက်ဖေါ်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

• ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ဆေးစွဲခြင်း။

• အချိန်အကြာ ပမာဏ အများကြီး သုံးစွဲမှုဟာ အရိုးတွေ ပျော့လာခြင်း၊ ဆီးအတွင်း သွေးပါခြင်း၊ သွေးအတွင်း albumin ပါ ခြင်း အစရှိတဲ့ ကျောက်ကပ်ထိခြင်းတွေ ဖြစ်နိုင်ပါတယ်။

• ဗီတာမင် သတ္တုဓါတ် မလုံလောက်မှုများ၊ fluid and electrolyte imbalance

• ဆီး ပန်းရောင် (သို့ ) လိမ္မော်ရောင် ပြောင်းခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Cascara ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

Cascara ဟာ အောက်ဖေါ်ပြပါ ဆေးတွေ၊ တိုင်းရင်းဆေးတွေ၊ စစ်ဆေးမှုတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။

• အခြား ဝမ်းနုတ်ဆေးများ

• ရေဆေး

• သောက်ဆေးများ

• အရောင်ကျဆေးများ

• ၂၄ နာရီ ဆီးနှင့် ဝမ်း estrogen စစ်ဆေးမှု

• Potassium ပမာဏ စစ်ဆေးခြင်း

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Cascara အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဝမ်းနုတ်ဆေးအနေနဲ့ တစ်နေ့ကို ၂၀-၃၀ ဂရမ် အသုံးပြုနိုင်ပါတယ်။ ပုံမှန် ပမာဏကတော့ သေချာစွာ ခုတ်ထားတဲ့ သစ်ပင်ခေါက် ၂ ဂရမ်ကို ရေပွက်ပွက် ၁၅၀ ml ထဲမှာ ငါးမိနစ်ကနေ ဆယ်မိနစ်လောက်ထားပြီး သောက်သုံးတာပဲဖြစ်ပါတယ်။ Cascara liquid extract ကို တစ်နေ့မှာ သုံးကြိမ် ၂ – ၅ ml သောက်နိုင်ပါတယ်။

Cascara ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Cascara က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Cascara ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးလုံး၊ fluid extract၊ လက်ဖက်ရည်၊ တင်ချာရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement