backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Calumba (ကာလန်းဘာ)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Calumbaကို ဘာအတွက်အသုံးပြုကြသလဲ

Calumba ကို Madagascar နှင့် Mozambique တွင်သာတွေ့ရပါသည်။ Calumba ကို အစာမကြေခြင်း၊ ရင်ပူခြင်း၊ အူဆိုင်ရာရောဂါများ၊ ဝမ်းလျှောခြင်းများတွင် သုံးကြ၏။

Calumba ဘယ်လိုအလုပ်လုပ်လဲ

ဒီဆေးဖက်ဝင်အပင်ထွက်ပစ္စည်းအတွက် လုံလောက်သည့်လေ့လာမှုမျိုးမရှိသေးပါ။ ဒီထက်ပိုသိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့်ဆွေးနွေးပါ။ တစ်ချို့သောလေ့လာမှုများအရ Calumba သည် အူလမ်းကြောင်းမှကြွက်သားများကိုပြေလျော့စေနိုင်သည်ကို တွေ့ရ၏။ ထို့အပြင် အစာအိမ်မှအစာခြေအက်စစ်ထွက်ခြင်းကိုလဲ တိုးပွားစေသည်။ Columbin ဟုခေါ်သော ဓါတုဓါတ်ပေါင်းသည် အိပ်ပျော်စေသည့်သတ္တိရှိနိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Calumba အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Calumba ကို သေချာစွာပိတ်ထားသည့်ဗူးထဲတွင်သိုလှောင်ပါ။

အပင်ထွက်ဆေးပစ္စည်းများကို ချုပ်ထိန်းထားခြင်းသည် ဆေးများကိုချုပ်ထိန်းခြင်းလောက် တင်းကြပ်မှုများမရှိပါ။ စိတ်ချလက်ချသုံးနိုင်ရန်အတွက် လေ့လာမှုများ ထပ်လိုနေပါသေးသည်။ အသုံးမပြုမှီ ဒီအပင်ထွက်ဆေးကိုသုံးပြီး ရရှိလာမည်အကျိုးသည် အန္တရာယ်ရှိသည်ထက် သာလွန်ကြောင်းသိဖို့လိုသည်။ ထို့ကြောင့် ဆေးပင်ဗေဒဆရာများ ဆရာဝန်များနှင့် သေချာဆွေးနွေးပါ။

Calumba က ဘယ်လောက်စိတ်ချရလဲ

ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ နောက်ထပ်သုသေတနများ ထွက်မလာမချင်း မသုံးသင့်သေးပါ

ဘေးထွက်ဆိုးကျိုးများ

Calumba ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Calumba ၏ဘေးထွက်ဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။

• ဆေးပမာဏများလျှင်: အိပ်ပျော်ခြင်း၊ သတိလစ်ခြင်း၊ လေဖြတ်ခြင်းများဖြစ်နိုင်

• ပျို့အန်ခြင်း

(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Calumba ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

Calumba ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

Antacids များ၊ အစာအိမ်အက်စစ်ဓါတ်လျှော့နည်းစေသည့်ဆေးများသည် အက်စစ်ထုတ်လုပ်မှုကိုလျော့စေသည်။ Columba သည် အစာအိမ်အက်စစ်ကိုတိုးပွားစေနိုင်၏။ ထို့ကြောင့် Columba သည် အဆိုပါဆေးများ၏ အာနိသင်အား လျော့ပါးစေနိုင်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Calumba အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများအတွက် Columba ကို အရည်အဖြစ်သောက်သုံးနိုင်ပြီး တစ်နေ့လျှင် ၁-၃ အောင်စခန့် သောက်နိုင်ပါသည်။ Tincture အနေဖြင့်ဆိုလျှင် ၁-၂ cc ခန့် ထမင်းမစားမှီသောက်သုံးနိုင်သည်။ (1:5 ဖျော်စပ်ရန်)

လိုအပ်သောဆေးပမာဏသည် တစ်ဦးနှင့်တစ်ဦးမတူနိုင်ပါ။ သောက်သုံးရမည့်ပမာဏသည် အသက်၊ ကျန်းမာရေးအခြေအနေနှင့် တခြားအချက်များစွာအပေါ်မူတည်ပါသည်။ အပင်ထွက်ဆေးပစ္စည်းများသည် အမြဲတမ်းစိတ်ချရသည်မဟုတ်ပါ။ မှန်ကုန်သောဆေးပမာဏအတွက် သင့်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့် ဆွေးနွေးတိုင်ပင်ကြည့်ပါ။

(Calumba )က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Calumba ကို ဆေးတောင့် Tincture နှစ်မျိုးအနေနဲ့ရရှိနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement