backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cacao Tree (ကိုကိုးပင်)


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ကိုကိုးပင် ကို ဘာအတွက်အသုံးပြုကြသလဲ

ကိုကိုးပင်သည် ချောကလက်ပြုလုပ်သော အပင်တစ်မျိုးဖြစ်သည်။ အစားအစာပြုလုပ်ရာတွင်သာ အသုံးပြုရသည်ဟု ကြာမြင့်စွာ သတ်မှတ်ခဲ့ကြသော်လည်း ယခုအခါတွင် အချို့ကဆေးအဖြစ်လည်း အသုံးပြုကြသည်။ ကိုကိုးပင်၏ အစေ့ ကို အူလမ်းကြောင်းရောဂါများ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ ရင်ကြပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ နှင့် အဆုတ်ရောင်ရောဂါအတွက်ဆေးအဖြစ် အသုံးပြုသည်။ အစေ့ခွံကို အသည်း၊ ဆီးအိတ်၊ ကျောက်ကပ်၊ ဆီးချိုရောဂါ များအတွက် အားဆေးရည်အဖြစ်လည်းကောင်း၊ အထွေထွေရောဂါသုံး အိမ်သုံးဆေးအဖြစ် လည်းကောင်း အသုံးပြုကြသည်။ ကိုကိုးထောပတ် ကို ကိုလက်စထရောများခြင်းအတွက် အသုံးပြုသည်။

၎င်းကို အရေပြားတွင်အရေးကြောင်းများလျော့ကျရန်နှင့် ကိုယ်ဝန်ကြောင့် အကြောပြတ်ခြင်းတွင် လည်း အသုံးပြုကြသည်။

ဘယ်လိုအလုပ်လုပ်လဲ

ဤဘယဆေး ဘယ်လိုလုပ်ဆောင်မှုတွေ ရှိသည်ဆိုသည်နှင့်ပတ်သတ်၍ လုံလောက်သော လေ့လာမှုများမရှိသေးပါ။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

သို့သော် ကိုကိုးပင်တွင်ပါဝင်သော flavonoids သည် သည် သွေးပေါင်ကိုကျစေသော ဓါတုပစ္စည်းတစ်ခုဖြစ်ကြောင်း လေ့လာမှုအချို့တွင် ဖော်ပြထားသည်။ ချောကလက်အမည်းသည် ချောကလက်အဖြူနှင့် နို့ချောကလက်တို့ထက် ထိုဓါတ်ပိုမိုပါဝင်သည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ကိုကိုးပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ချောကလက်နှင့် ဓါတ်မတည့်သော လက္ခဏာများ ရှိမရှိကို ဆန်းစစ်ပါ။ ဓါတ်မတည့်မှုရှိသောသူများ ကိုကိုးပင် ကို အသုံးမပြုသင့်ပါ။

နှလုံးသွေးကြောရောဂါ၊ အူယောင်ရောဂါ၊ နှင့် အူလမ်းကြောင်းမကောင်းသောရောဂါများ ရှိမရှိ စစ်ဆေးပါ။ ထိုရောဂါများရှိလျင် ကိုကိုး ကို အများကြီးမသုံးသင့်ပါ။

သွေးပေါင်ချိန်တက်နိုင်သဖြင့် သွေးပေါင်ချိန်ကို စောင့်ကြည့်တိုင်းတာသင့်သည်။

ကိုကိုးပင်ကို အေးပြီး ခြောက်သွေ့သောနေရာတွင် ထားပါ။

ကိုကိုး ပါဝင်သောထုတ်ကုန်များကို တိရိစ္ဆာန် များနှင့် ဝေးဝေးတွင်ထားပါ။

ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။

ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ကိုကိုးပင် က ဘယ်လောက်စိတ်ချရလဲ

သုတေသနများပို၍ မတွေ့ရှိသေးခင်အချိန်ထိ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးနို့တိုက်နေသောမိခင်များနှင့် ကလေးငယ်များတွင် ကိုကိုးပင် ကို ပမာဏအတော်အသင့်သာ အသုံးပြုသင့်ကြောင်း သုံးစွဲသူကို အသိပေးပါ။

ဘေးထွက်ဆိုးကျိုးများ

ကိုကိုးပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ကိုကိုးပင်ကို သင့်တော်ရုံသာသောက်သုံးလျင် များသောအားဖြင့် ခံနိုင်ရည်ရှိကြသည်။ သို့သော်လည်း တခါတရံ အနီကွက်များလည်းထွက်နိုင်ပါသည်။

အသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ကိုကိုးပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

• MAOIs: ကိုကိုးပင်တွင် ပါဝင်သော tyramine ဓါတ်သည် MAOI ဆေးများ၏ သွေးကြောပိတ်သောအာနိသင်ကို တိုးစေသည်။ အတူတွဲမသုံးသင့်ပါ။

• Theophylline: ကိုကိုးပင်သည် Theophylline ပမာဏကို တိုးစေသောကြောင့် အတူတွဲ မသုံးသင့်ပါ။

• Ephedra, guarana, yerba mate: ကိုကိုးပင်သည် ထိုပစ္စည်းများ၏ အာနိသင်ကို တိုးစေသည်။

• ကိုကိုး ကို ကော်ဖီ၊ လဘက်ရည်၊ ကိုလာ ကဲ့သို့သော ကဖင်းဓါတ်ပါသော အစာအစာ၊အရည်များနှင့်တွဲ သောက်သည့်အခါ ပင်မအာရုံကြောစနစ်ကို လှုံဆော်မှုကို တိုးစေသည်။

• Catecholamines, VMA levels, bleeding time: ကိုကိုး ကို အများကြီး သောက်သောအခါ သွေးထဲရှိ Catecholamines ဓါတ်ကို များစေသောကြောင့် သွေးထွက်ချိန်ကြာတတ်သည်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ကိုကိုးပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ကိုကိုးပင် ကို မည်သည့် ပမာဏနှင့်သုံးသင့်ကြောင်း သတ်မှတ်မထားပါ။

လူတိုင်းအတွက် အသုံးပြုရန် ဆေးပမာဏမှာ ကွဲပြားနိုင်ပါသည်။ လူနာ၏ အသက်၊ကျန်းမာရေး၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ဘယဆေးများသည် အမြဲတမ်းအသုံးပြုရန် စိတ်မချရပါ။ သင့်တော်သော ဆေးပမာဏအတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ကိုကိုးပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။

• ထောပတ်အဆီ

• အဆီအနှစ်

• အမှုန့်

• အရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement