backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Boron (ဘိုရွန်)


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ဘိုရွန် ကို ဘာအတွက်အသုံးပြုကြသလဲ

ဘိုရွန် သည် သဘာဝအတိုင်းတွေ့ရသော သတ္ထုဓါတ်တစ်မျိုးဖြစ်သည်။ အရိုးသိပ်သည်းဆကောင်းစေရန်၊ အရိုးအဆစ်ရောင်ရောဂါကို သက်သာစေရန်၊ ကြွက်သားများသန်မာစေရန်၊ တက်စရိုစတီရုန်းဟော်မုန်းပမာဏများစေရန်၊ နှင့် အတွေးအခေါ်ကောင်းစေရန်အတွက် ဘိုရွန်ကို အသုံးပြုကြသည်။

ဘိုရစ်အက်ဆစ်ကို သွေးတိတ်စေသောဆေးအဖြစ်သုံးကြပြီး၊ မျက်စဉ်းခတ်ရန်အတွက်လည်း အသုံးပြုကြသည်။ တခါတရံ အမျိုးသမီးများ၏ မိန်းမကိုယ်တွင် ဖြစ်တတ်သော မှိုစွဲသောရောဂါအတွက် ဘိုရစ်အက်ဆစ်ပါသော ဆေးကို မိန်းမကိုယ်ထဲထည့်ပြီးကုသကြသည်။

ဘယ်လိုအလုပ်လုပ်လဲ

ဤဘယဆေး ဘယ်လိုလုပ်ဆောင်မှုတွေ ရှိသည်ဆိုသည်နှင့်ပတ်သတ်၍ လုံလောက်သော လေ့လာမှုများမရှိသေးပါ။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ဘိုရွန် သည် အစားအစာမှ ကယ်စီယမ်ဓါတ်၊ ဖော့စဖိတ်ဓါတ်နှင့် မက်ဂနီဆီယမ်ဓါတ်များကို စုပ်ယူမှုအပေါ်တွင် သက်ရောက်မှုရှိနိုင်ကြောင်းကို လေ့လာထားသော လေ့လာမှုများရှိသည်ကို တွေ့ရသည်။ ယခုအခါ သုတေသနပညာရှင်များနှင့် ဆေးဝါးထုတ်လုပ်သောလုပ်ငန်းများသည် ဆေးများထုတ်လုပ်ရာတွင် ကာဗွန်အစားထိုးသုံးနိုင်ရန် ဘိုရွန်ကို ပို၍စိတ်ဝင်စားလာကြသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ဘိုရွန် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဘိုရွန်ကို ခြောက်သွေ့ပြီး နေရောင်တိုက်ရိုက်မကျရောက်သော နေရာတွင် ထားပါ။

အဆိပ်သင့်သောလက္ခဏာများရှိမရှိကိုလည်း စစ်ဆေးသင့်သည်။

ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။

ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဘိုရွန် က ဘယ်လောက်စိတ်ချရလဲ

သုတေသနများပို၍ မတွေ့ရှိသေးခင်အချိန်ထိ ဘိုရွန်ကို ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးနို့တိုက်နေသောမိခင်များနှင့် ကလေးငယ်များကို မတိုက်သင့်ကြောင်း သုံးစွဲသူကို အသိပေးပါ။

ဘေးထွက်ဆိုးကျိုးများ

ဘိုရွန် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဘိုရွန် တွင် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်သည်။

• အော့အန်ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမကြေခြင်း (ပမာဏများလျင်)

• ဆံပင်ကျွတ်ခြင်း၊ အရေပြားယောင်ယမ်းခြင်း။

• ယာယီအဆိပ်သင့်သောလက္ခဏာများ- လက်တုန်ခြင်း၊ တက်ခြင်း၊ စိတ်တိုခြင်း၊ အားနည်းခြင်း၊ နုန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အရေပြားကွာခြင်း၊ အနီကွက်များပေါ်ခြင်း။

အသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ဘိုရွန် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

ဘိုရွန်သည် အီစထရိုဂျင်ဟော်မုန်း၏အကျိုးသက်ရောက်မှုကို တိုးပွားစေပြီး မက်ဂနီဆီယမ်နှင့် ဖော့စဖိတ်ဓါတ်တို့ကို အကျိုးအားနိသင်လျော့စေသည်။

ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ဘိုရွန် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဘိုရွန်ကို ပမာဏအမျိုးမျိုးနှင့် အသုံးပြုကြောင်း လေ့လာမှုအမျိုးမျိုးတွင် ဖော်ပြထားသည်။ နေ့စဉ် ၃ မီလီဂရမ်မှ ၆ မီလီဂရမ်အထိ သုံးလေ့ရှိသည်။ ဘိုရစ်အက်ဆစ်ကို ပါးစပ်မှသောက်သုံးခြင်းသည် သေစေနိုင်သည့်အတွက် အသုံးမပြုသင့်ပါ။

လူနာတိုင်းအတွက် အသုံးပြုရန် ဆေးပမာဏမှာ ကွဲပြားနိုင်ပါသည်။ လူနာ၏ အသက်၊ကျန်းမာရေး၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ဘယဆေးများသည် အမြဲတမ်းအသုံးပြုရန် စိတ်မချရပါ။ သင့်တော်သော ဆေးပမာဏအတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဘိုရွန် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။

• ဆေးပြား

• ဆေးတောင့်

• အရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement