မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
Betony ဟာ mint မျိုးနွယ်ဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ကို အနောက်ပိုင်းနဲ့ တောင်ဥရောပတွေမှာ အနှံ့အပြား ဖြန့်ဝေ အသုံးပြုကြပါတယ်။ Betony ကို အခြောက်ခံပြီး ဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။
Betony ဟာ သွေးတိတ်စေတဲ့ ဆေးအဖြစ် အသုံးပြုနိုင်ပြီး အာလုပ်ကျင်းရည် (သို့) လက်ဖက်ရည် အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ သူ့ကို စိတ်ပူပန်ခြင်းတွေကို ကုသဖို့ အသုံးပြုနိုင်ပြီး တင်ချာရည် (သို့) အငွေ့အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Betony ကို အောက်ပါ အခြေအနေတွေကိုကုသဖို့ အသုံးပြုနိုင်ပါတယ်။
အခြားအပင်တွေနဲ့ ရောသုံးရင် Betony ကို အာရုံကြောကြောင့် နာကျင်ခြင်းနဲ့ စိတ်ပူခြင်းတွေ အတွက် အသုံးပြုနိုင်ပါတယ်။
Betony ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် လေ့လာမှု အချို့ကတော့ သူ့မှာ အောက်ပါ အာနိသင်တွေ ရှိတယ်လို့ ဆိုပါတယ်။
သွေးတိတ်စေခြင်း၊ ဝမ်းလျှောတာ ရပ်စေခြင်း
သူ့မှာ tannin content များတာကြောင့် Betony ကို ဝမ်းလျှောခြင်း၊ ပါးစပ်၊ လည်ပင်း ယားယံခြင်းတွေကို ကုသဖို့ အသုံးပြုပါတယ်။ Betony ကို ဝမ်းပိတ်ဆေးအဖြစ် သုံးလို့ရတယ်ဆိုတဲ့ လေ့လာမှုတွေကို တိရိစ္ဆာန်တွေ မှာရော လူတွေမှာပါ ပြုလုပ်ထားခြင်း မရှိပါဘူး။
စိတ်ငြိမ်ဆေး
Betony ဟာ စိတ်ငြိမ်စေတဲ့ အစွမ်းတွေ ပါဝင်ပြီး အာရုံကြော တင်းကျပ်မှုနဲ့ နာကျင်မှုတွေကို သက်သာစေပါတယ်။ Betony ကို စိတ်ငြိမ်ဆေးအဖြစ် သုံးလို့ရတယ်ဆိုတဲ့ လေ့လာမှုတွေကို တိရိစ္ဆာန်တွေ မှာရော လူတွေမှာပါ ပြုလုပ်ထားခြင်း မရှိပါဘူး။ အခြားအပင်တွေ ဖြစ်တဲ့ comfrey (သို့) linden တို့နဲ့ ပေါင်းပြီး အသုံးပြုရင် သူဟာ ခေါင်းကိုက်ခြင်းနဲ့ ချွဲကျပ်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။
Betony ဟာ သွေးပေါင်ကို ပြောင်းလဲစေပါတယ်။ ခွဲစိတ်မှုလုပ်နေစဉ်နဲ့ လုပ်အပြီးမှာ သွေးပေါင်ထိန်းချုပ်မှုကို အနှောင့်အယှက်ပေးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။ ဒါကြောင့် သူ့ကို ခွဲစိတ်မှု မပြုလုပ်ခင် အနည်းဆုံးနှစ်ပတ်ကြိုပြီး အသုံးပြုမှု ရပ်တန့်သင့်ပါတယ်။
သွေးပေါင်၊ သွေးခုန်နှုန်း၊ အသည်းလုပ်ဆောင်မှုဆိုင်ရာ စစ်ဆေးမှုတွေကို Betony သုံးစဉ်မှာ အသည်းပျက်စီးခြင်းကို သိရှိစေဖို့ အမြဲစစ်ဆေးနေသင့်ပါတယ်။
Betony ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Betony ဟာသားအိမ် ကို လှုံ့ဆော်နိုင်တာကြောင့် ကိုယ်ဝန်ရှိနေစဉ်အတွင်းမှာ အသုံးမပြုသင့်ပါဘူး။ နို့တိုက်နေစဉ်မှာ ဒီအပင်အသုံးပြုခြင်းကို ရှောင်ကျဉ်သင့်ပြီး နောက်ထပ် လေ့လာမှုတွေ မရှိမချင်း ကလေးတွေမှာလည်း အသုံးပြုဖို့ မသင့်ပါဘူး။
ပမာဏ အများကြီး အသုံးပြုခြင်းဟာ အစာခြေလမ်းကြောင်း ယားယံမှုတွေဖြစ်စေနိုင်တာကြောင့် ပမာဏ အနည်းငယ်ကိုသာ အသုံးပြုသင့်ပါတယ်။
Betony ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
အသည်းပျက်စီးခြင်း၊ အစာခြေလမ်းကြောင်း ယားယံခြင်း၊ ပျို့ခြင်း၊ အစာစားချင်စိတ် မရှိခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
Betony ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Betony ဟာ သွေးပေါင်ကျစေနိုင်ပါတယ်။ သွေးပေါင်ကျတတ်တဲ့သူတွေမှာ သွေးပေါင်ပိုပြီး ကျစေနိုင်ပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
ယခုဖော်ပြပါအချက်အလက်တွေဟာ ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာမှာ အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။
Betony ကို အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။
Betony ကို လက်ဖက်ရည်၊ အာလုပ်ရည်နဲ့ အငွေ့အဖြစ် အသုံးပြုနိုင်ပါတယ်။ Betony ကို တင်ချာရည် အဖြစ်သုံးမယ် ဆိုရင် 2-4ml ကို တစ်နေ့မှာ ၂ခါကနေ ၃ခါ အသုံးပြုနိုင်ပါတယ်။
Betony ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Betony ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။