backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bethroot (ဘတ်ဒ်အမြစ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Beth အမြစ် ကို ဘာအတွက်အသုံးပြုကြသလဲ

Beth အမြစ်ကို ဘာအတွက်အသုံးပြုပါသလဲ။

Beth အမြစ်သည် အမြစ်၊ ပင်စည်နှင့် အရွက်တို့ကို ဆေးအဖြစ်အသုံးပြုသော အပင်တစ်ခုဖြစ်သည်။

ဘေးထွက်ဆိုးကျိုူးများရှိမည်ကို စိတ်ပူရသော်လည်း ထိုဆေးပင်ကိုအမျိုးသမီးများရာသီသွေးလာသောအချိန် များပြီးနာကျင်သည့်အခါတွင် သုံးကြသည်။ ထိုဆေးပင်ကို အရောင်ကျရန် နှင့် ရင်ဘတ်အောင့်ခြင်းများသက်သာစေရန်လည်းသုံးကြသည်။

ထို့အပြင် ပိုးမွှားများကိုက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ သွေးအကျိတ်၊ သွေးပြန်ကြောဖောင်းခြင်း၊ နှင့် အနာများတွင်လည်း သုံးသည်။ အဖြူဆင်းများသောအခါတွင်လည်း ထိုဆေးပင်ကို သုံးကြသည်။

ချောင်းဆိုးပျောက်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး သွေးထွက်ခြင်း၊ မြွေကိုက်သောအနာနှင့် အရေပြားယားယံခြင်းများတွင်လည်း သုံးကြသည်။ ထိုအပင်သည် မျိုးတုန်းတော့မည့် အပင်အမျိုးအစားများတွင်ပါဝင်ပြီး သဘာဝပေါက်ရောက်သောနေရာများမှ မခူးဖြတ်သင့်ပေ။

ဘယ်လိုအလုပ်လုပ်လဲ

ယခုအထိ ထိုဘယဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများ မရှိသေးပါ။ ထို့ကြောင့် ထို့ထက်ပိုသိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် အချို့သော လေ့လာမှုများတွင် သွေးထွက်နည်းစေပြီး မှိုစွဲသောရောဂါများကို ကုသနိုင်သော အကျိုးများရှိကြောင်း တွေ့ရှိထားသည်။

PasteTextHere

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Beth အမြစ် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင်၏ သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ နှလုံးအခြေအနေ နှင့် အသက်ရှုလမ်းကြောင်း အခြေအနေ ပြောင်းလဲမှုများ ကို စောင့်ကြည့်သင့်သည်။

ဆေးပင်ကို အေးပြီး ခြောက်သွေ့သောနေရာတွင် ထားပါ။

ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Beth အမြစ် က ဘယ်လောက်စိတ်ချရလဲ

ဤဆေးပင်ကို ကိုယ်ဝန်ရှိနေချိန်တွင် အသုံးမပြုသင့်ပါ။ ၎င်းကို အသုံးပြုခြင်းဖြင့် ရာသီသွေးကို ပေါ်စေပြီး သားအိမ်ကျုံ့ခြင်းကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကိုယ်ဝန်ပျက်ကျစေနိုင်သည်။ သုတေသနများပို၍ မတွေ့ရှိသေးခင်အချိန်ထိ ထိုဆေးပင်ကို ကလေးနို့တိုက်နေသောမိခင်များနှင့် ကလေးငယ်များကို မတိုက်သင့်ပါ။

ဘေးထွက်ဆိုးကျိုးများ

Beth အမြစ် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Beth ဆေးမြစ်တွင် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်သည်။

• နှလုံးကို အဆိပ်သင့်စေခြင်း- သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ ECG ပုံစံ များပြောင်းလဲနိုင်ခြင်း။

• အော့အန်ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း။

• သွေးကြောများ ကျုံ့ခြင်း။

ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Beth အမြစ် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

ထိုဆေးပင်သည် နှလုံးရောဂါတွင် အသုံးပြုသော ဆေးအချို့၏ အစွမ်းကို လျော့ကျစေနိုင်သဖြင့် အတူတကွအသုံးပြုခြင်းကို သတိပြုသင့်သည်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Beth အမြစ် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ထရီလီယမ် ၏ ဆေးပမာဏအတွက် ညွှန်ကြားထားသော ပမာဏမရှိပါ။ စံပမာဏသည် ဆေးမြစ်၂ ဂရမ်မှ ၄ ဂရမ် အထိ ကို အကြောဆေးအဖြစ်သွင်းရန် အသုံးပြုကြသည်။ လူနာတိုင်းအတွက် အသုံးပြုရန် ဆေးပမာဏမှာ ကွဲပြားနိုင်ပါသည်။ လူနာ၏ အသက်၊ကျန်းမာရေး၊ နှင့် အခြားသော ကျန်းမာရေးအခြေအနေများကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ဘယဆေးများသည် အမြဲတမ်းအသုံးပြုရန် စိတ်မချရပါ။ သင့်တော်သော ဆေးပမာဏအတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Beth အမြစ် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။

• အဆီအနှစ်

• အမှုန့်

• အမြစ်ကို အမှုန့်ကြိတ်ထားခြင်း

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement