Bearberry ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အသုံးပြုပုံများ

Bearberry ကို ဘာအတွက်အသုံးပြုကြသလဲ

Bearberry သည် ဆီးသွားနိုင်စေရန်ကူညီပေးပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ရန်လည်း အသုံးပြုကြသည်။ အမျိုးသမီးများ ရာသီလာသည့်အချိန်တွင်လည်း ဆေးအဖြစ် အသုံးပြုကြသည်။ အရောင်ကျဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး အခြားသော အသုံးဝင်မှုများလည်း ရှိပါသည်။

Bearberry ဘယ်လိုအလုပ်လုပ်လဲ

ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ အောက်ပါတို့သည် တွေ့ရှိထားသော လေ့လာမှုအချို့ဖြစ်ပါသည်။
• ပိုးသတ်နိုင်ခြင်း၊ ဆီးဆေးအဖြစ်သုံးနိုင်ခြင်း။ Bearberry ၏ ပါဝင်သောဓာတုပစ္စည်းများတွင် ဆီးဆေးအဖြစ်အသုံးပြုနိုင်သော triterpene chemical components and arbutin, a hydroquinone ကဲ့သို့သော ပစ္စည်းများပါဝင်သည်။ ဆီးလမ်းကြောင်းတွင် ပိုးပွားခြင်းကို ကာကွယ်နိုင်သည့် အပြင် ဆီးဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။
• အရောင်ကျစေသော အာနိသင်- bearberry, quercitrin ၏ အစိတိအပိုင်းများတွင် အရောင်ကျစေသော အာနိသင်ပါရှိသည့်အတွက် အရောင်ကျဆေးအဖြစ်အသုံးပြုနိုင်သည်။ Arbutin and urosolic acid တွင်လည်း အရောင်ကျစေသော အာနိသင်ရှိသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Bearberry အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Bearberry ပါဝင်သော ဆီးဆေးများကို အသုံးပြုလျှင် electrolyte ကို စစ်ဆေးကြည့်သင့်သည်။
ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓာတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Bearberryက ဘယ်လောက်စိတ်ချရလဲ

Bearberry ကို အောက်ပါတို့ဖြစ်လျှင် မသုံးပါနှင့်။
• ဓာတ်မတည့်ခြင်းရှိလျှင်
• အစာအိမ်နှင့် ကျောက်ကပ်ရောဂါရှိလျှင်
• ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးနို့တိုက်နေလျှင်
အသုံးမပြုရပါ။

ဘေးထွက်ဆိုးကျိုးများ

Bearberryကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဤဆေးပင်ကို အသုံးပြုခြင်းသည် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။
• ပျို့ခြင်း၊ အန်ခြင်း၊အစားအသောက် ပျက်ခြင်း၊ အသည်း အဆိပ်အတောက်ဖြစ်စေခြင်း၊
• ဆီးအရောင်မည်းခြင်း
• ပြာနှမ်းခြင်း
• နားအူခြင်း၊ တက်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ဂယောင်ဂတမ်းဖြစ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူကြပ်ခြင်း။
ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓာတ်ပြုမှုများ

Bearberry ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓာတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
သွေးကျဲဆေး၏ အာနိသင်ကို တိုးစေသောကြောင့် အညိုအမဲစွဲခြင်း၊ သွေးယိုခြင်းများ ဖြစ်စေနိုင်သည်။
ဤ ဆေးပင်သည် ဆီးဆေးများနှင့် တွဲသုံးလျှင် electrolyte ဆုံးရှုံးမှုကို ဖြစ်စေပြီး ပိုတက်ဆီယမ်ဓာတ်နည်းစေပါသည်။
အကိုက်အခဲပျောက်ဆေးများ၏ အာနိသင်ကိုလည်း တိုးစေသည်။
Urine acidifiers သည် bearberry ၏ အာနိသင်ကို ပိတ်ပင်သောကြောင့် တွဲဖက်အသုံးမပြုသင့်ပါ။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Bearberryအတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။

Bearberry က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။
• အရွက်ခြောက်
• ဆေးရည်
• အဆီအနှစ်အရည်
• ပေါင်ဒါအမှုန့်
• ဆေးပြား
• လက်ဘက်ရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ