၅. အစာအိမ် အချဉ်ပေါက်တာနဲ့ ရင်ပူတာကို သက်သာစေခြင်း
ပင်ပွားစေ့က အစာမကြေတာကြောင့်ရင်ပူတာကို သက်သာစေသလို ဆီးရွှင်စေတာကြောင့် ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အစာအိမ်ထဲမှာ ပူလောင်နေသလိုမျိုးခံစားနေမယ်ဆိုရင် ပင်ပွားစေ့ကိုစားသုံးပေးနိုင်ပါတယ်။ ရေစိမ်ထားတဲ့ ပင်ပွားစေ့က အစာအိမ်ရဲ့အတွင်းမျက်နှာပြင်မှာဖြစ်ပေါ်နေတဲ့ဝေဒနာတွေကိုလျော့ပါးသက်သာစေမှာဖြစ်သလို ရင်ပူတာကိုလည်းသက်သာစေမှာဖြစ်ပါတယ်။
၆. အရေပြားနဲ့ဆံပင်တွေကိုကျန်းမာစေခြင်း
ပင်ပွားစေ့ကို အုန်းရည်စိမ်ပြီး အရေပြားပေါ်မှာဖြစ်ပေါ်တတ်တဲ့ အနီအပိမ့်တွေထွက်တာလိုမျိုး အရေပြားရောဂါ ခံစားနေရတဲ့နေရာကို ပွတ်လိမ်းပေးမယ်ဆိုရင် သက်သာအောင်အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ပင်ပွားစေ့မှာ အရေပြားဆဲလ် အသစ်ဖြစ်ပေါ်စေနိုင်တဲ့ ကော်လာဂျင်တစ်မျိုးဖြစ်ပေါ်အောင်လှုံ့ဆော်ပေးနိုင် အစွမ်းသတ္တိရှိပါတယ်။ ပင်ပွားမှာ သံဓါတ်၊ ဗီတာမင်ကေ နဲ့ ပရိုတင်းတို့လိုမျိုး ဆံပင်သန်စွမ်းပြီး အရှည်မြန်စေဖို့အတွက် အရေးပါတဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဆံပင်ထူစေပြီး ဆံပင်သန်စေမှုကို တိုးမြှင့်ပေးတဲ့ ပရိုတင်းနဲ့ သံဓါတ်တွေလည်းပါဝင်ပါတယ်။
၇.ချောင်းဆိုးတာနဲ့တုပ်ကွေးကို သက်သာစေနိုင်ခြင်း
ပင်ပွားစေ့မှာ ကြွက်သားတွေတောင့်တင်းမှုကိုပြေလျော့စေနိုင်တဲ့ အစွမ်းရှိတာကြောင့်ချောင်းဆိုးတာကို ထိန်းချုပ်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ပင်ပွားစေ့က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ပင်ပွားစေ့မှာပါတဲ့vicenin၊ orientin နဲ့ beta carotene လိုမျိုး ဖလေဗာနွိုက်တွေက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်အောင်အားဖြည့်ပေးပါတယ်။
၈. အရိုးကိုကြံ့ခိုင်သန်စွမ်းစေခြင်း
ပင်ပွားစေ့မှာ သံဓါတ်၊ပိုတက်ဆီယမ်၊copper၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တွေအပါအဝင် သတ္တုဓါတ်တွေက အရိုးတွေကို ကြံ့ခိုင်အောင် အထောက်အကူပြုပါတယ်။ ပင်ပွားစေ့က အရိုးပွရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေပြီး အမြတြမ်းဖျတ်လတ်သွက်လက်နေစေမှာဖြစ် ပါတယ်။
၉. ကိုလက်စထရောပမာဏကျဆင်းစေခြင်း
လေ့လာမှုတွေအရ ပင်ပွားစေ့က ခန္ဓါကိုယ်အတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေနိုင်တာကြောင့် နှလုံးသွးကြောကျဉ်းတာဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျစေနိုင်သလိုသွေးကြောတွေထဲမှာ အနှစ်တွေစုပုံတာမျိုးကိုလည်းဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။ ပင်ပွားက နှလုံးဝန်ပိတာကိုသက်သာစေသလို ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုးတွေကိုဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျော့ကျစေပါတယ်။
၁၀. စိတ်ဖိစီးမှုကို သက်သာစေခြင်း
စိတ်ကမရပ်မနားတွေးနေတာကြောင့် စိတ်ဖိစီးမှုကလည်းတိုးလာနေပါတယ်။ စိတ်ပူပန်မှုတွေကိုပြေလျော့စေမယ့် အကောင်းဆုံးသောနည်းလမ်းကတော့ ပင်ပွားစေ့ဖျော်ရည်သောက်တာပဲဖြစ်ပါတယ်။ ပင်ပွားစေ့နေ့စဉ်စားသုံးတာက စိတ်ဓါတ်ကျတာကိုလျော့ကျစေဖို့ အထောက်အကူပြုသလို စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေဖို့လည်း အထောက်အပံ့ဖြစ်စေပါတယ်။ ခန္ဓါကိုယ်ရဲ့ စိတ်ဖိစီးမှုဖြစ်ပေးစေတဲ့ ဟော်မုန်းပမာဏကိုလည်းလျော့ကျစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။