Barley ဟာ ပင်မ အစားအသောက်တစ်ခုဖြစ်ပြီး ဘီယာချက်ဖို့အတွက် အသုံးပြုပြီး miso ပြုလုပ်ဖို့လည်း အချဉ်ဖေါက်နိုင်ကာ မုယောသကြားရရှိဖို့ သန့်စင်နိုင်ပါတယ်။
Barley ကို သွေးသကြားဓါတ်နည်းအောင်၊ သွေးပေါင်နဲ့ ကိုလက်စထရောကျအောင်၊ ကိုယ်အလေးချိန်ကျဆင်းအောင် အသုံးပြုကြပါတယ်။ သူ့ကို ဝမ်းလျှောခြင်း၊ အစာအိမ်နာခြင်းနဲ့ အူရောင်ခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။
အချို့သူတွေက Barley ကို အားရှိပြီး ခံနိုင်ရည်မြင့်မားအောင် အသုံးပြုကြပါတယ်။ အခြားအသုံးဝင်ပုံတွေကတော့ ကင်ဆာကာကွယ်ခြင်းနဲ့ အဆုတ် ပြွန်ရောင်ခြင်းကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။
Barley ကို အပူလောင်တာတွေကို ကုသဖို့အတွက်လည်း အရေပြားပေါ်ကို လိမ်းပေးနိုင်ပါတယ်။
Barley ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် အောက်ပါအချက်တွေကို ဖေါ်ပြခဲ့တဲ့ လေ့လာမှုတွေတော့ ရှိပါတယ်။
HIV ရောဂါ၊ ညစ်ညမ်းစေတဲ့ အရာတွေကို အဆိပ်ထုတ်ခြင်း၊ အားအင်နဲ့ ကိုယ်ခံအား မြှင့်တင်ပေးခြင်း
Barley ဟာ သွေးသကြားဓါတ်ကို ကျဆင်းစေနိုင်ပါတယ်။ သူဟာ ခွဲစိတ်နေစဉ်နဲ့ ခွဲစိတ်အပြီးမှာ သွေးသကြားဓါတ် ထိန်းချုပ်မှုကို နှောင့်ယှက်တတ်ပါတယ်။ အစီအစဉ်လုပ်ထားတဲ့ ခွဲစိတ်မှု မပြုလုပ်ခင် နှစ်ပတ်လောက်ကြိုပြီး Barley အသုံးပြုမှုကို ရပ်တန့်သင့်ပါတယ်။ ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ
ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Barley ကို ကိုယ်ဝန်အောင် အမျိုးသမီးတွေမှာ ဆေးအနေနဲ့ ပမာဏအများကြီး အသုံးမပြုသင့်ပါဘူး။
Celiac ရောဂါနဲ့ အခြား Barley ကို ဓါတ်မတည့်တဲ့သူတွေမှာ Barley ပင်ကို စားခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။
Barley ဟာ သွေးသကြားဓါတ်ကို လျော့နည်းစေပါတယ်။ ဆီးချိုဆေးတွေ သောက်နေရင် ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ပြီး ဆေးပမာဏ အတိုးအလျှော့ပြုလုပ်သင့်ပါတယ်။
Barley မှာ အရေပြားရောင်ခြင်း၊ ပန်းနာရင်ကျပ်၊ အန္တရာယ်ရှိတဲ့ ပြန်ဖြစ်တတ်တဲ့ ဓါတ်မတည့်မှုတွေ အစရှိတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Barley ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အောက်ဖေါ်ပြပါဆေးတွေကိုအသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သောက်ဆေးများ – Barley မှာပါတဲ့ အမျှင်ဓါတ်ဟာ ဆေးတွေကို ကိုယ်ခန္ဓါက စုပ်ယူမှုကို လျော့ကျစေပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
အဆီကျစေတဲ့ အာနိသင်ကို စမ်းစစ်ထားတဲ့ လေ့လာမှုတွေဟာ ဆေးပမာဏကို တစ်နေ့ကို 3-10 g အသုံးပြုကြပါတယ်။ တစ်နေ့ကို အနည်းဆုံး 3g အသုံးပြုခြင်းဟာ ကိုလက်စထရော ပမာဏကို ကျဆင်းစေပါတယ်။
Barley ကို သောက်သုံးရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Barley ဟာ အစားအသောက်တွေမှာ ပါဝင်ပါတယ်။ အထူးပြုလုပ်ထားတဲ့ ပုံစံဆိုပြီး မရှိပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။