Barberry (ဘယ်ရီပင်တစ်မျိုး) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသုံးပြုပုံများ

( Barberry )ဘယ်ရီပင်တစ်မျိုး ကို ဘာအတွက်အသုံးပြုကြသလဲ

Barberry ဟာ ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။ အသီး၊ အခေါက်နဲ့ အမြစ်တွေဟာ ဆေးဘက်ဝင်ပါတယ်။
Barberry ကို တိုင်းရင်းဆေးမှာ အောက်ပါ ရောဂါလက္ခဏာတွေ အတွက်အသုံးပြုပါတယ်။
• သွားချိုး၊ သွားဖုံးရောင်ခြင်း
• ရင်ပူခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ အသည်းရောဂါ၊ သရက်ရွက်ရောဂါ
• လေပြွန်နဲ့ အဆုတ်ရောဂါ
• ဂေါက်ရောဂါ၊ အဆစ်ရောင်ခြင်း
• သွေးလှည့်ပတ်မှု ဆိုင်ရာ ပြဿနာများ
• ကိုယ်ခံအားတိုးမြှင့်စေဖို့ အသုံးပြုကြပါတယ်။
ဒါပေမယ့် Barberry ဟာ ကျန်းမာရေးအခြေအနေတွေအတွက် ကုသဖို့ အာနိသင်ရှိလားဆိုတာ တိကျသေချာစွာ မပြောနိုင်ပါဘူး။ သူ့ကို ဆေးကုသဖို့အတွက် FDA က ထောက်ခံချက် ပေးမထားပါဘူး။ Barberry ကို သင့်ဆရာဝန်က မညွှန်ကြားဘူးဆိုရင် ဆေးအနေနဲ့ အသုံးမပြုသင့်ပါဘူး

( Barberry )ဘယ်ရီပင်တစ်မျိုးဘယ်လိုအလုပ်လုပ်လဲ

Barberry ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သို့သော်လည်း Barberry ကို မှိုတွေ၊ ကပ်ပါးကောင်တွေ၊ helminths တွေ၊ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေအတွက် အသုံးဝင်တယ်ဆိုတာ ဖေါ်ပြထားတဲ့ လေ့လာမှုတွေလည်း ရှိပါတယ်။ ပိုးသေစေတဲ့ အာနိသင်နဲ့ နှလုံးသွေးကြောအတွက် ကူညီပေးတဲ့ အာနိသင်တွေကို Barberry မှာ တွေ့ရပါတယ်။ ဒီ အစွမ်းတွေဟာ Barberry သီးနဲ့ အမြစ်တွေမှာ ပါတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့ berberine ကြောင့် ဖြစ်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

( Barberry )ဘယ်ရီပင်တစ်မျိုး အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ကိုယ်ဝန်ရှိနေချိန် (သို့) နို့တိုက်နေချိန် (သို့) ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိနေရင် Barberry ကို မသုံးသင့်ပါဘူး။
Barberry ဟာ သွေးခဲခြင်းကို သက်ရောက်မှုရှိပြီး သွေးထွက်နှုန်းကို မြင့်တက်စေပါတယ်။ တကယ်လို့ ခွဲစိတ်ကုသဖို့၊ သွားနှုတ်ဖို့၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေ လုပ်ဖို့လိုတယ်ဆိုရင် Barberry ကို နှစ်ပတ်လောက်ကြိုပြီး ဆေးသောက်ရပ်ထားသင့်ပါတယ်။
သင့်ဆရာဝန်ကို သောက်နေတဲ့ ဆေးအကုန်ကို ပြောထားသင့်ပါတယ်။ Barberry သုံးနေစဉ်မှာ စသောက်တဲ့ (သို့) ရပ်လိုက်တဲ့ ဆေးတွေပါ ပါဝင်ပါတယ်။ အထူးသဖြင့် သွေးကြဲဆေးတွေ၊ အင်ဆူလင် (သို့) ဆီးချိုဆေးတွေပဲ ဖြစ်ပါတယ်။
Barberry ကို ဓါတ်မတည့်ဘူးဆိုရင် အသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကို အောက်ဖေါ်ပြပါ အခြေအနေတွေ ရှိရင် သင့်အတွက် စိတ်ချရလားဆိုတာ မေးမြန်းသင့်ပါတယ်။
• သွေးထွက်ခြင်း (သို့) haemophilia လို သွေးခဲခြင်းဆိုင်ရာ ပြဿနာများ
• သွေးပေါင်ကျခြင်း
• ဆီးချို
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

( Barberry )ဘယ်ရီပင်တစ်မျိုး က ဘယ်လောက်စိတ်ချရလဲ

Barberry ဟာ မွေးကင်းစကလေးတွေ (သို့) သန္ဓေသားကို ကိုယ်ခန္ဓာ ချို့ယွင်းမှုတော့ မဖြစ်စေပဲ ဆိုးဝါးတဲ့ သက်ရောက်မှု အများအပြား ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေတွေဟာ ပြန်လည် ပြုပြင်ခြင်း မပြုနိုင်ပါဘူး။ ကလေးနို့တိုက်နေတဲ့ မိခင်တွေမှာ Barberry ကို အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

( Barberry )ဘယ်ရီပင်တစ်မျိုး ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Barberry မှာ အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
• စိတ်ရှုပ်ခြင်း၊ စဉ်းစားမရဖြစ်ခြင်း
• သွေးကျခြင်း၊ နှလုံး ပျက်စီးခြင်း
• ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အသည်းအဆိပ်သင့်ခြင်း
• ကျောက်ကပ်ရောင်ခြင်း၊ ကလေးပျက်ကျနိုင်ခြင်း
• မောခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓာတ်ပြုမှုများ

( Barberry )ဘယ်ရီပင်တစ်မျိုး ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

Barberry ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Barberry ကို အောက်ဖေါ်ပြပါ အာနိသင်ရှိတဲ့ အခြား ဆေးဘက်ဝင် အပင်တွေနဲ့ တွဲဖက် အသုံးပြုမှုကို ရှောင်ကျဉ်သင့်ပါတယ်။
• သွေးခဲခြင်းကို အကျိုးသက်ရောက်နိုင်သော
• သွေးပေါင်ကျစေသော
• သွေး သကြားဓါတ်နည်းစေသော
• အိပ်ချင်စေသော
Barberry ဟာ ALT, AST, total bilirubin, urine bilirubin တွေကို မြင့်တက်စေပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

( Barberry )ဘယ်ရီပင်တစ်မျိုး အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

နေ့စဉ် ၂ ဂရမ်လောက် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကွာခြားတဲ့ ဆေးအချိုးအစားတွေကို ဖေါ်ပြထားတဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ သူဟာ အဆိပ်သင့်နိုင်ခြေရှိတာကြောင့် တစ်နေ့မှာ ငါးဂရမ်အောက်ပဲ အသုံးပြုသင့်ပါတယ်။
Barberry ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

( Barberry )ဘယ်ရီပင်တစ်မျိုး က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Barberry ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
• အရည်
• ဆေးပြား
• လက်ဖက်ရည်
• တင်ချာရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။