Arnica (အာနီကာ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အသုံးပြုပုံများ

Arnica ကို ဘာအတွက်အသုံးပြုကြသလဲ

Arnica ကို အရိုးအဆစ်ရောင်ခြင်းတွေအတွက် အသုံးပြုပါတယ်။ သူ့ကို အညိုအမဲစွဲခြင်းတွေ၊ ဒဏ်ရာတွေ၊ ဝက်ခြံ၊ ရေနွေးပူလောင်ခြင်းတွေနဲ့ အနီကွက်တွေကို ကုသဖို့အသုံးပြုပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါတွေမှာလည်း ကော်လက်စထရောကို ကျဆင်းစေဖို့ ဆေးဖက်ဝင်အပင် ကျွမ်းကျင်သူတွေက စောင့်ကြပ်ကြည့်ရှုပေးရင် အသုံးပြုနိုင်ပါတယ်။ ကျွမ်းကျင်သူ အကူအညီမပါပဲ Arnica ကို မသောက်သုံးသင့်ပါဘူး။ သူ့ကို အချိုရည်တွေ အချိုပွဲတွေထဲမှာ ပမာဏ အနည်းငယ်သာ အသုံးပြုသင့်ပါတယ်။ ခေါင်းလျှော်ဖို့အတွက်ရော၊ ဗောက်ပျောက်ဖို့အတွက်ပါ အသုံးဝင်ပါတယ်။ အဆီကို ရေမွှေးတွေနဲ့ အလှအပဆိုင်ရာ ပစ္စည်းတွေမှာပါ အသုံးပြုနိုင်ပါတယ်။

Arnica ဘယ်လိုအလုပ်လုပ်လဲ

Arnica ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် ဆေးဖက်ဝင်အပင်ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သို့သော်လည်း အချို့ လေ့လာမှုတွေက အောက်ပါ အာနိသင်ရှိတယ်လို့ ဆိုပါတယ်။

• အရောင်ကျစေခြင်း
• ဆဲလ်သေစေခြင်း

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Arnica အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ကလေးတွေ လက်လှမ်းမမီတဲ့နေရာမှာ ထားသင့်ပါတယ်။ အပွင့်တွေ၊ အပင်ရင်းတွေကို စားမိရင် သေနိုင်ပါတယ်။
ကျွမ်းကျင်တဲ့ ဆေးဖက်ဝင်အပင်ပညာရှင်ရဲ့ စောင့်ကြည့်မှုမပါရင် Arnica ကို ကိုယ်ခန္ဓါအတွင်းပိုင်းအတွက် အသုံးမပြုသင့်ပါဘူး။ Arnica ဟာ အဆိပ်ရှိပြီးတော့ နှလုံးကိုလည်း အဆိပ်အတောက်ဖြစ်စေပါတယ်။ ပြင်းထန်တဲ့ အသည်းနဲ့ ကျောက်ကပ် အဆိပ်တက်မှုလည်း ဖြစ်ပွားနိုင်ပါတယ်။
ဒီဆေးကို အချိန်အကြာကြီး သုံးစွဲရန် မသင့်ပါဘူး။ ဓါတ်မတည့်ခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဒီ ဆေးဖက်ဝင်အပင်ဖြည့်စွက်စာ အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ ဆေးဖက်ဝင်အပင်ဖြည့်စွက်စာကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် ဆေးဖက်ဝင်အပင်ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Arnica က ဘယ်လောက်စိတ်ချရလဲ

Arnica ဟာ အဆိပ်ရှိတာကြောင့် ဆေးထိုးခြင်း မပြုသင့်ပါဘူး။ သေစေနိုင်ပါတယ်။ ကျွမ်းကျင်သူက စောင့်ကြည့်ပေးမယ်ဆိုရင် ကိုယ်ခန္ဓါအတွင်းပိုင်းအတွက် သုံးနိုင်ပါတယ်။ ပြင်းထန်တဲ့ ကျောက်ကပ်နဲ့ အသည်းပျက်စီးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ Arnica ကို ကလေးတွေနဲ့ ကိုယ်ဝန်ရှိ (သို့) ကလေးနို့တိုက်နေတဲ့ အမျိုးသမီးတွေမှာ အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Arnica ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အချို့ဘေးထွက်ဆိုးကျိုးတွေကတော့
• ဂနာမငြိမ်ဖြစ်ခြင်း
• သွေးတိုးခြင်း
• ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ အစာမစားခြင်း
• အရေပြားရောင်ခြင်း
• အားနည်းခြင်း
• မောခြင်း တို့ပဲဖြစ်ပါတယ်။

Arnica ဟာ ပြင်းထန်တဲ့ အောက်ပါဆိုးကျိုးတွေကိုလည်း ဖြစ်စေပါတယ်။
• နှလုံးရပ်ခြင်း
• အသည်း ပျက်စီးခြင်း
• သွေးထွက်ခြင်း
• Sweet syndrome (ရုတ်တရက်သွေးဖြူဥဆဲလ်ကျ အဖျားတက် အရေပြားထိသော ရောဂါ)
• ကိုမာဝင်ခြင်း၊ သေဆုံးခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Arnicaကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။

Arnica ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Arnica ဟာ သွေးတိုးကျဆေးတွေရဲ့ အာနိသင်ကို ကျဆင်းစေပါတယ်။
APTT, PT, INR အစရှိတဲ့ သွေးခဲခြင်းစစ်ဆေးမှုတွေကိုလည်း မြင့်တက်စေနိုင်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Arnica အတွက် ပုံမှန်အသုံးပြုရန်အညွှန်းက ဘယ်လောက်လဲ

Arnica ကို သောက်ဆေးအဖြစ် (သို့) စုပ်ယူနိုင်တဲ့ ကိုယ်ခန္ဓါ အပေါ်ယံအရေခွံပြဲနေတဲ့နေရာတွေမှာ အသုံးမပြုသင့်ပါဘူး။ အပေါ်ယံလိမ်းဆေးဖို့အတွက် ဆေးအချိုးအစားကို သတ်မှတ်ထားခြင်း မရှိပါဘူး။ ဒီဆေးကို အာနိသင်ထိရောက်ဖို့ အသုံးပြုနိုင်တဲ့ ပမာဏနှင့် ပတ်သက်ပြီး စမ်းသပ်လေ့လာထားမှုများ အလုံအလောက်မရှိပါ။
Arnica ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ ဆေးဖက်ဝင်အပင်ဖြည့်စွက်စာ တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Arnica က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Arnica ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• ဖျန်းဆေး
• ခရင်မ်
• လိမ်းဆီ
• လိမ်းဆေး
• သောက်ဆေး
• လက်ဖက်ရည်
• တင်ချာဆေးရည်
• လျှာအောက် ငုံဆေး

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇူလိုင် 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 26, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။