backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Arginine


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Arginine ကို ဘာအတွက်အသုံးပြုကြသလဲ

Arginine ဟာ အမိုင်နိုအက်ဆစ်လို့ခေါ်တဲ့ ဓါတုပစ္စည်းပဲ ဖြစ်ပါတယ်။ အစားအစာကနေရရှိပြီးကိုယ်ခန္ဓါအတွက် ပရိုတိန်းတည်ဆောက်ဖို့ လိုအပ်ပါတယ်။ နီတဲ့အသား၊ ကြက်ဘဲ၊ ငါးနဲ့ နို့ထွက်ပစ္စည်းတွေမှာတွေ့နိုင်ပါတယ်။ ဓါတ်ခွဲခန်းမှာလည်းထုတ်လုပ်နိုင်ပြီးအောက်ပါရောဂါတွေအတွက် သုံးပါတယ်။

  • နှလုံးရောင်ပြီးအလုပ်မလုပ်တော့တဲ့ရောဂါ၊ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးသွေးလွှတ်ကြောရောဂါ
  • နှာစေးအအေးမိခြင်း
  • ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း
  • Arginine ကိုဆေးညွှန်းမလိုဘဲမိမိဖာသာသုံးစွဲနိုင်တဲ့ ဆေးများစွာနဲ့ရောအညွှန်းပါတဲ့ ဆေးပေါင်းများစွာနဲ့ပါ တွဲဖက်သောက်သုံးနိုင်ပါတယ်။ ကျောက်ကပ်လဲလှယ် ထားပြီးချိန်မှာကျောက်ကပ်စနစ်ပိုကောင်းလာအောင် ကူညီပါတယ်။ အားကစားသမားတွေ စွမ်းဆောင်ရည်ကိုတက်လာစေပါတယ်။ ကိုယ်ခံအားကို မြှင့်ပေးပါတယ်။ လမပြည့်ဘဲမွေးတဲ့ကလေးတွေမှာအစာလမ်းကြောင်းရောင်ရမ်းတာကိုကာကွယ်ပေးပါတယ်။

    Arginine ကဘယ်လိုအလုပ်လုပ်လဲ

    ဆေးနှင့်ပတ်သက်ပြီးလုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါဘူး။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ဒါပေမယ့် လေ့လာချက်တချို့အရ

    • နှလုံးနဲ့သွေးကြောဆိုင်ရာလုပ်ဆောင်ချက်တွေ
    • ပန်းသေပန်းညှိုးပြသနာတွေ
    • တခြားသွေးကြောရောဂါ၊ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးချို၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းစတာတွေနဲ့ ပတ်သက်မှု ရှိပါတယ်။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Arginine ကိုအသုံးမပြုခင် ဘာတွေသိသင့်သလဲ

    နိုက်ထရစ်အောက်ဆိုဒ် ပါဝင်မှုများခြင်းဟာဦးနှောက်ကိုအဆိပ်ဓါတ် ဖြစ်စေပါတယ်။ သဘာဝဆေးဖက်ဝင်အပင်အတွက် လိုက်နာရမယ့်အချက်တွေဟာ ဆေးဝါးများလောက်တော့ မများပါဘူး။ သူ့ရဲ့ လုံခြုံစိတ်ချရမှုအတွက် လေ့လာစမ်းသပ်ချက်တွေ ပိုမိုလိုအပ်ပါသေးတယ်။ သူ့ကိုသုံးစွဲမယ်ဆိုရင် မသုံးခင်မှာအကျိုးကျေးဇူးကဆိုးကျိုးထက် ပိုများဖို့ လိုပါတယ်။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    Arginineက ဘယ်လောက်စိတ်ချရလဲ

    ရောဂါမျိုးစုံရှိတဲ့ အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်တွေမှာ သွေးကြောထဲarginineပေးခြင်းကြောင့် လမပြည့်ဘဲမွေးခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးခြင်း၊ မိခင်ရောကလေးပါ သေဆုံးခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။

    နှလုံးရောဂါ၊ အသည်းရောဂါ၊ ရေယုန်၊ ပန်းနာ၊ သွေးပေါင်ကျခြင်း၊ ကျောက်ကပ်ရောဂါ စတာတွေမှာမသုံးရပါဘူး။

    ဘေးထွက်ဆိုးကျိုးများ

    Arginineကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

    arginine မှာအောက်ပါ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။

    • ပျို့အန်ခြင်း၊ အစားပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပိုသွားခြင်း
    • ကျောက်ကပ်ပြသနာကြောင့် သွေးတွင်းယူရီးယား နိုက်ထရိုဂျင်များလာခြင်း၊
    • သွေးယိုခြင်း၊ သွေးတွင်းသကြားဓါတ် ပြောင်းလဲခြင်း၊ ပိုတက်ဆီယမ် များလာခြင်း

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရပုံမှာတဦးနဲ့ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဖော်ပြပါဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

    ဆေးဓါတ်ပြုမှုများ

    Arginineကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

    Arginineဟာသင့်ရဲ့လက်ရှိသောက်သုံးနေတဲ့ ဆေးဝါး၊ ကျန်းမာရေးအခြေအနေတွေအပေါ် ဓါတ်ပြုပြောင်းလဲခြင်းတွေ ရှိနိုင်ပါတယ်။ အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    Arginine ဟာသွေးပေါင်ကျစေပါတယ်။ သွေးပေါင်ကျဆေးတွေနဲ့ တွဲသောက်ရင် သွေးပေါင် အရမ်းနည်းသွားတတ်ပါတယ်။

    အောက်ပါဆေးတွေနဲ့ တွဲသုံးရင် သတိပြုသင့်ပါတယ်။

    • ဆီးချိုဆေးများ
    • သွေးတိုးကျဆေးများ (ဆေးဖက်ဝင်အပင်များ အပါအဝင်)
    • နှလုံးသို့ သွေးစီးဆင်းမှုများစေသောဆေးများ
    • သွေးခဲခြင်းကို နှေးစေသောဆေးများ
    • Viagra (sildenafil citrate)
    • ဆီးဆေးများ

    ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

    သောက်သုံးရန်အညွှန်း

    ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

    Arginineအတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

    Arginine ကိုသောက်ဆေးအနေနဲ့ အခြေအနေပေါ် မူတည်ပြီးတရက်ကို ၆ ဂရမ်ကနေ ၃၀ ဂရမ်အထိသောက်နိုင်ပါတယ်။ ၃၀ ဂရမ်ကျော်ပြီးတော့ မသောက်သင့်ပါဘူး။ သောက်သုံးဖို့ ပမာဏဟာတဦးနဲ့တဦးမတူနိုင်ပါဘူး။ သင့်ရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ တခြားအခြေအနေတွေပေါ်မှာမူတည်ပါတယ်။ သဘာဝဆေးဘက်ဝင်အပင်တွေက ထုတ်ထားတဲ့ ပစ္စည်းတွေဟာအမြဲတမ်းတော့ အန္တရာယ်မကင်းပါဘူး။ အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    Arginineက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

    Arginine ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများဖြင့် ရရှိနိုင်ပါတယ်။

    • ဆေးပြားများ
    • ဆေးတောင့်များ
    • အကြောဆေးများ

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement