American Ivy (အမေရိကန် ပျားရည်စုပ်ပန်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အသုံးပြုပုံများ

အမေရိကန် ပျားရည်စုပ်ပန်း ကို ဘာအတွက်အသုံးပြုကြသလဲ

အမေရိကန် ပျားရည်စုပ်ပန်းပင်မှ ရသော အခေါက်ကို ဆေးဖော်စပ်ရာတွင် အသုံးပြုပါသည်။ အထူးသဖြင့် အစာမကြေဖြစ်ခြင်း ၊ ချွေးထုတ်ခြင်း၊ သွေးတိတ်ဆေး၊ အားဆေးများ အဖြစ်သုံးကြပါသည်။

ဘယ်လိုအလုပ်လုပ်လဲ

ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဥာဏ်များရယူပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အမေရိကန် ပျားရည်စုပ်ပန်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။

  • သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။
  • ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင်
  • အမေရိကန် သစ်ချသီး အပါအ၀င်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓာတ်မတည့်လျှင်
  • မိမိတွင်အခြားသော ရောဂါများရှိလျှင်
  • အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများရှိလျှင်

ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

အမေရိကန် ပျားရည်စုပ်ပန်း က ဘယ်လောက်စိတ်ချရလဲ

အမေရိကန် ပျားရည်စုပ်ပန်းပင်၏ အရွက်များနှင့် ဘယ်ရီသီးများသည် အဆိပ်အတောက်ဖြစ်စေသောကြောင့် ဆရာဝန်၏အကြံပေးချက်ရှိမှသာ သောက်သုံးသင့်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

အမေရိကန် ပျားရည်စုပ်ပန်း ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အမေရိကန် ပျားရည်စုပ်ပန်းပင်၏ အရွက်များကို ဆောင်းဦးရာသီတွင်ထိမိပါက အရေပြားရောင်ရမ်းမှုများဖြစ်စေတတ်ပါသည်။

အခြား ဘေးထွက်ဆိုးကျိုးများလည်း ရှိနေနိုင်ပါသည်။ သို့သော် လူတိုင်း ထိုဆိုးကျိုးများခံစား၇သည်မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး သိလိုသော် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဥာဏ်များရယူပါ။

ဆေးဓာတ်ပြုမှုများ

အမေရိကန် ပျားရည်စုပ်ပန်း ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

ဆေးဖက်ဝင်အပင်များသည် သင်သောက်နေသောဆေးများ၊ သင့်ရောဂါအခြေအနေများ နှင့် ဓာတ်ပြုမှုများရှိနေနိုင်သဖြင့် မသောက်ခင်တွင် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဥာဏ်များရယူပါ။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အမေရိကန် ပျားရည်စုပ်ပန်း အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

လူတဦး နှင့် တဦးအပေါ်မူတည်ပြီးဆေးအညွှန်းများ ကွာခြားမှုရှိပါသည်။ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေမပေါ်မူတည်ပြီး လည်းကွာခြားနိုင်ပါသည်။လုံခြုံစိတ်ချမှုရှိစေရန် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

အမေရိကန် ပျားရည်စုပ်ပန်း က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အမေရိကန် ပျားရည်စုပ်ပန်း ကို

  • အရည်
  • အမှုန့်
  • တင်ချာဆေးရည် ပုံစံဖြင့်ရနိုင်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 31, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ