American Dogwood (အမေရိကန် ယုဇနပင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: American Dogwood (အမေရိကန် ယုဇနပင်)

အသုံးပြုပုံများ

အမေရိကန် ယုဇနပင် ကို ဘာအတွက်အသုံးပြုကြသလဲ

အမေရိကန် သစ်ချသီးသည် အပင်မျိုးနွယ်ဖြစ်ပြီး ထိုပင်၏ အခေါက်ကို ဆေးဖော်စပ်ကာ

  • ဌက်ဖျား
  • ခေါင်းကိုက်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဖျားခြင်း
  • ၀မ်းအဆက်မပြတ်လျှောခြင်း
  • ခံတွင်းတွေ့ပြီး စားကောင်းစေရန် အားဆေးအဖြစ် အသုံးပြုကြပါသည်။ စသည်တို့အတွက် အသုံးပြုကြပါသည်။

အချို့သူများသည် အမေရိကန် ယုဇနကို အပူလောင်ခြင်း နှင့် ဒါဏ်ရာများ ပျောက်ကင်းရန် လိမ်းကြပါသည်။ အမေရိကန် ယုဇန သည် ဂျမေကာ ယုဇနနှင့်မတူကြောင်း သတိပြုပါ။

ဘယ်လိုအလုပ်လုပ်လဲ

ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဥာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ အမေရိကန် ယုဇနသည် ဌက်ဖျားရောဂါအတွက်ကောင်းသည်ဟုဆိုပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အမေရိကန် ယုဇနပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။

  • သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။
  • ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင်
  • အမေရိကန် ယုဇန အပါအ၀င်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓာတ်မတည့်လျှင်
  • မိမိတွင်အခြားသော ရောဂါများရှိလျှင်
  • အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများရှိလျှင်

ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

အမေရိကန် ယုဇနပင် က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အမေရိကန် ယုဇနပင် နှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဥာဏ်များရယူပါ။

ဘေးထွက်ဆိုးကျိုးများ

အမေရိကန် ယုဇနပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

အမေရိကန် ယုဇန နှင့်ပက်သက်သည့်ဘေးထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး သိလိုသော် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဥာဏ်များရယူပါ။

ဆေးဓာတ်ပြုမှုများ

အမေရိကန် ယုဇနပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

ဆေးဖက်ဝင်အပင်များသည် သင်သောက်နေသောဆေးများ၊ သင့်ရောဂါအခြေအနေများ နှင့် ဓာတ်ပြုမှုများရှိနေနိုင်သဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဥာဏ်များရယူပါ။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အမေရိကန် ယုဇနပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

လူတဦး နှင့် တဦးအပေါ်မူတည်ပြီးဆေးအညွှန်းများ ကွာခြားမှုရှိပါသည်။ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေများအပေါ်မူတည်ပြီး လည်းကွာခြားနိုင်ပါသည်။လုံခြုံစိတ်ချမှုရှိစေရန် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

အမေရိကန် ယုဇနပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အမေရိကန် ယုဇန ကို

  • အရည်
  • အမှုန့်
  • တင်ချာရည် ပုံစံများဖြင့်ရနိုင်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 31, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 31, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ