backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ambrette (ကပ်စေးနဲပင်)


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ကပ်စေးနဲပင် ကို ဘာအတွက်အသုံးပြုကြသလဲ

ကပ်စေးနဲပင်မှရသော အစေ့ကို လက်ဖက်ရည်အဖြစ်သောက်သုံးကြပြီး အောက်ပါရောဂါများအတွက်လည်း အသုံးပြုကြပါသည်။

  • ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်း
  • ခံတွင်းပျက်ခြင်း
  • အစာအိမ်ကင်ဆာ
  • ခေါင်းကိုက်ခြင်း
  • အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း
  • စိတ်ချောက်ချားခြင်း
  • ကာလသားရောဂါ
  • အဆုတ်ရောဂါများ
  • အချို့က အားတိုးဆေး၊ မြွေဆိပ်ဖြေဆေး အနေနှင့် သုံးသလို ဆေးစိမ်ဝိုင်၊ အခါးရည် စသည့်အစားအစာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။

    ဘယ်လိုအလုပ်လုပ်လဲ

    ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    ကပ်စေးနဲပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။

    • သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။
    • ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင်
    • ကပ်စေးနဲပင် အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင်
    • မိမိတွင်အခြားသော ရောဂါများရှိလျှင်
    • အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်

    ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

    ကပ်စေးနဲပင် က ဘယ်လောက်စိတ်ချရလဲ

    ကပ်စေးနဲပင် သည် အစားအစာများနှင့် ဖျော်ရည်များတွင် ပါဝင်သောပမာဏသည် အန္တရာယ်မဖြစ်စေပါ။ သို့သော် ဆေးအနေနှင့် ပမာဏများစွာ သောက်သုံးပါက အန္တရာယ်ရှိမရှိ လုံလောက်သော လေ့လာမှုများ မရှိပါ။

    ကပ်စေးနဲပင်မှရသော အဆီကို အရေပြားပေါ်တွင်လိမ်းပါက အရေပြားနှင့် ဓါတ်မတည့်မှုများဖြစ်နိုင်ချေရှိပါသည်။

    ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ

    ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အတွက်လည်း ကပ်စေးနဲပင် နှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

    ခွဲစိတ်ခြင်း

    ကပ်စေးနဲပင်သည် သွေးတွင်းအချိုဓါတ်ကို ကျဆင်းစေသည့်အတွက် ခွဲစိတ်ချိန်တွင်သွေးချိုထိန်းရခက်စေသည်။ ထို့ကြောင့် မခွဲမီ ၂ ပတ်အလိုတွင် ကပ်စေးနဲပင်မှထွက်သော အရာအားလုံးကို ဖြတ်ထားပါ။

    ဘေးထွက်ဆိုးကျိုးများ

    ကပ်စေးနဲပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

    ကပ်စေးနဲပင် သည်

    • အရေပြား ဓါတ်မတည့်မှုကြောင့် ရောင်ရမ်းခြင်း
    • အလင်းရောင်နှင့် အထိမခံနိုင်ခြင်း
    • အသားရောင်ပြောင်းလဲသွားခြင်း(အသားမဲလာခြင်း) စသည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။

    အထက်တွင် မဖော်ပြထားသည်များလည်း ရှိနေနိုင်ပါသည်။ သို့သော် လူတိုင်း ထိုဆိုးကျိုးများခံစား၇သည်မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး သိလိုသော် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

    ဆေးဓါတ်ပြုမှုများ

    ကပ်စေးနဲပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

    ဆေးဖက်ဝင်အပင်များသည် သင်သောက်နေသောဆေးများ၊ သင့်ရောဂါအခြေအနေများ နှင့် ဓါတ်ပြုမှုများရှိနေနိုင်သဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ အောက်ပါ ကျန်းမာရေးအခြေအနေများသည် ကပ်စေးနဲပင်နှင့် ဓါတ်ပြုမှုများဖြစ်နိုင်သော အခြေအနေများဖြစ်သည်။

  • ကပ်စေးနဲပင်သည်သွေးတွင်းအချိုဓါတ်ကို လျော့နည်းစေသောကြောင့် အထူးသဖြင့် ဆီးချိုသမားများသည် ဆီးချိုသောက်ဆေးနှင့် အင်ဆူလင်ထိုးဆေးများ မှီဝဲနေရလျှင် အထူးသတိပြုပါ။ သင့် သွေးတွင်းအချိုဓါတ်ကို ထိန်းညှိရန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူနှင့် မှန်မှန်ပြသရန် လိုအပ်ပါသည်။
  • ကပ်စေးနဲပင်သည် အသားရောင်ပြောင်းလဲသွားခြင်း(အသားမဲလာခြင်း) ကိုဖြစ်စေပြီး နေထိမခံနိုင်အောင်ဖြစ်စေသည်။ ထို့ကြောင့် ကပ်စေးနဲပင်ကို အလင်းရောင်နှင့်ဓါတ်ပြုသော အခြားသောဆေးများနှင့် တွဲမသုံးသင့်ပါ။
  • ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

    သောက်သုံးရန်အညွှန်း

    ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

    ကပ်စေးနဲပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

    လူတဦး နှင့် တဦးအပေါ်မူတည်ပြီးဆေးအညွှန်းများ ကွာခြားမှုရှိပါသည်။ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေများ အပေါ်မူတည်ပြီး လည်းကွာခြားနိုင်ပါသည်။ လုံခြုံစိတ်ချမှုရှိစေရန် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

    ကပ်စေးနဲပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

    ကပ်စေးနဲပင်မှရသော အစေ့များကိုကြိတ်ခြင်းဖြင့်ရသော ဆီကို အသုံးပြုကြပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement