backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Amaranth (ကြက်မောက်ပန်းပင်)


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ကြက်မောက်ပန်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ

ကြက်မောက်ပန်းပင်၏ အရွက်သည် ဗီတာမင် C ဓါတ်ကြွယ်ဝပြီး တစ်ပင်လုံးသည် ဆေးဖက်ဝင်သောကြောင့် အောက်ပါရောဂါများအတွက် အသုံးပြုနိုင်ပါသည်။

  • သွေးထဲတွင် အဆီကျစေရန်
  • သွေးတိုးရောဂါ
  • နှလုံးသွေးကြောကျဉ်းရောဂါ
  • အနာများ
  • ဝမ်းလျှောခြင်း
  • လည်ချောင်းနာခြင်း၊ ရောင်ခြင်း

ကြက်မောက်ပန်းပင်သည် ဓါတ်တိုးဆန့်ကျင်ဓါတ်ကြွယ်ဝသောကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည်။ အစားအစားများတွင် လည်း ထည့်စားနိုင်သည်။

အမေရိကန် သစ်ချသီးမှထုတ်ကုန်များကို အဖျော်ယမကာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။

ဘယ်လိုအလုပ်လုပ်လဲ

ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ ကြက်မောက်ပန်းပင်သည် ရောင်ရမ်းမှုများကို လျော့စေသည်ဟုဆိုပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ကြက်မောက်ပန်းပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။

  • သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။
  • ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင်
  • ကြက်မောက်ပန်းပင် အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင်
  • မိမိတွင်အခြားသော ရောဂါများရှိလျှင်
  • အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်

ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

ကြက်မောက်ပန်းပင် က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက်လည်း ကြက်မောက်ပန်းပင် နှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

ဘေးထွက်ဆိုးကျိုးများ

ကြက်မောက်ပန်းပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ကြက်မောက်ပန်းပင်၏ ဘေးထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး သိလိုသော် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

ဆေးဓါတ်ပြုမှုများ

ကြက်မောက်ပန်းပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဆေးဖက်ဝင်အပင်များသည် သင်သောက်နေသောဆေးများ၊ သင့်ရောဂါအခြေအနေများ နှင့် ဓါတ်ပြုမှုများရှိနေနိုင်သဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။

အောက်ပါရောဂါများရှိလျှင် ဓါတ်မတည့်မှုများဖြစ်နိုင်ပါသည်။

  • ကိုယ်ခံအားစနစ်မူမမှန်ခြင်း

ကြက်မောက်ပန်းပင်သည် သွေးထဲရှိ စီရိုတိုနင် ဓါတ်ကို လျော့နည်းစေသည်။ ထို့ကြောင့် ကိုယ်ခံအားစနစ်ကို ပြုပြင်ပေးသော အခြားသော တိုင်းရင်းဆေးများ နှင့် ဖြည့်စွက်စာများ မှီဝဲနေလျှင် ကြက်မောက်ပန်းပင်ကို သတိနှင့် မှီဝဲသင့်သည်။

  • အာရုံကြော စနစ်

ကြက်မောက်ပန်းပင်တွင် အာရုံကြော စနစ်ကို ထိခိုက်စေသော ကတ်မီယံ၊ နိုက်တြိတ်၊ Anti trypsin ပရိုတင်း နှင့် အပူနှင့် ထိလျှင် ပျက်စီးသောအရာများစွာပါဝင်ပါသည်။

  • နိုက်ထရိုဂျင်ဓါတ်များသော မြေတွင် စိုက်ပျိုးသော ကြက်မောက်ပန်းပင်များသည် ကျန်းမာရေးကို ထိခိုက်စေသည်။
  • ကျောက်ကပ်ကို ထိခိုက်ခြင်း

ကြက်မောက်ပန်းပင်တွင် Oxalate ဓါတ်များစွာပါဝင်ခြင်းကြောင့် ကျေက်ကပ်ရောဂ်ရှိသူများတွင် သတိနှင့် အသုံးပြုပါ။

  • သွေးတွင်းအချိုဓါတ်

ကြက်မောက်ပန်းပင်သည်သွေးတွင်းအချိုဓါတ်ကို လျော့နည်းစေသောကြောင့် သွေးတွင်းအချိုဓါတ်ကို နည်းစေသော အခြားသော ဆေးများနှင့် ဖြည့်စွက်စာများစားနေလျှင် အထူးသတိပြုပါ။ သင့် သွေးတွင်းအချိုဓါတ်ကို ထိန်းညှိရန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူနှင့် မှန်မှန်ပြသရန် လိုအပ်ပါသည်။

  • သွေးပေါင်

ကြက်မောက်ပန်းပင်သည် သွေးပေါင်ကျစေ လျော့နည်းစေသောကြောင့် သွေးပေါင်ကျစေသော အခြားသော ဆေးများနှင့် ဖြည့်စွက်စာများစားနေလျှင် အထူးသတိပြုပါ။ သင့် သွေးပေါင်ကို ထိန်းညှိရန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူနှင့် မှန်မှန်ပြသရန် လိုအပ်ပါသည်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ကြက်မောက်ပန်းပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

  • အရွယ်ရောက်ပြီးသူများအတွက် (၁၈ နှစ်နှင့် အထက်)
  • ကြက်မောက်ပန်းပင်အရွက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ကို ရေကျက်အေး ၁ ခွက်နှင့် ဖျော်ပြီး တရက်လျှင် ၁-၂ ခွက်သောက်ပါ။
  • ဓါတ်တိုးဆန့်ကျင် ပစ္စည်းအနေနှင့် ၂၀၀-၄၀၀ မီလီဂရမ် ကို နေ့စဉ်သောက်ပါ။
  • ကိုယ်ခံအားတက်စေရန် ၆၀၀ မီလီဂရမ် ကို နေ့စဉ်သောက်ပါ။
  • နှလုံးရောဂါအတွက် ကြက်မောက်ပန်းပင်မှရသော အဆီ ၃ မီလီဂရမ်ကို ၃ ပတ်သောက်ပါ။
  • ကြက်မျက်သင့်ရောဂါအတွက် ၈၅၀ မီလီဂရမ် ကို နေ့စဉ်သောက်ပါ။
  • ကိုယ်ဝန်ဆောင်များတွင် ၈၅၀ မီလီဂရမ် ကို တပတ်လျှင် ၆ ရက် ၆ပတ်သောက်ပါ။

ကြက်မောက်ပန်းပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ကြက်မောက်ပန်းပင် ကို

  • အရည်
  • အမှုန့်
  • တင်ချာရည် ပုံစံများဖြင့်ရနိုင်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement