Aconite ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အသုံးပြုပုံများ

Aconite ကို ဘာအတွက်အသုံးပြုကြသလဲ

Aconite သည် အလွန်အဆိပ်ရှိသောကြောင့် ၎င်းကို မတော်တဆ စားမိလျှင် အဆိပ်မိနိုင်သည်။ အဆိပ်နှင့်ပတ်သတ်သော လေ့လာမှုများမှ အပ ၎င်းနှင့်ပတ်သတ်သော သုတေသနလုပ်ထားခြင်း အလွန်ရှားပါသည်။ အလွန်ကျွမ်းကျင်သော ပညာရှင်များသည် ၎င်းကို သေချာစွာ ပုံစံပြောင်းလဲပြီးမှသာ အသုံးပြုကြသည်။ အပင်၏ အမြစ်သည် တရုတ်ရိုးရာဆေးများတွင် အသုံးများသည်။ Aconite သည် အပူများသောကြောင့် လက်များခြေများ အေးသည့်အခါ နှင့် အစာမကြေသည့် အခါ တွင် အသုံးပြုကြသည်။

Aconite ဘယ်လိုအလုပ်လုပ်လဲ

ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ဤအပင်သည် အောက်ပါအာနိသင်များရှိကြောင်း ဖော်ပြထားသော လေ့လာမှုအချို့ရှိပါသည်။
• နှလုံးသွေးကြောနှင့် ပတ်သတ်သော အာနိသင်များ
• အကိုက်အခဲပျောက်ခြင်း၊ အရောင်ကျခြင်း၊
• ခုခံအားစနစ်ကို လှုံ့ဆော်ခြင်း
Aconite ပင်တွင် အပင်များမှ အဓိက ထုတ်လုပ်သော အားပြင်းသည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်သော alkaloids ပါဝင်သည်။ ၎င်းဓါတ်သည် ဆဲလ်များအကြားဆက်သွယ်မှုကို ဖျက်တောက်ခြင်းဖြင့် နာကျင်မှုကို သက်သာစေသည်။ ထို့ကြောင့် နှလုံးသွေးကြောနှင့် အာရုံကြောစနစ်များကို သက်ရောက်မှုရှိစေသည်။ သို့သော် ဤ ဆေးပင်သည် အသုံးမပြုမီ ဘေးကင်းစေရန် အဆိပ်ကို ထုတ်ပစ်ရန် လိုအပ်သည်။
ဤ ဆေးပင်သည် ခုခံအားစနစ်ကို လှံု့ဆော်နိုင်သော အာနိသင်ရှိသည် ဆိုသော်လည်း တိကျသော အာနိသင်နှင့် လုပ်ဆောင်ပုံကို မသိရပေ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Aconite အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အဆိပ်သင့်ခြင်းမဖြစ်စေရန် aconite နှင့်တူသော အခြားသော ဆေးများကို မသုံးခင် သတိပြုသင့်သည်။ aconite ကို အပြင်တွင် အလွယ်တကူဝယ်မရပါ။ ကျွမ်းကျင်သော ဆေးပင်ပညာရှင်များသာ ဤ ဆေးကို ပေးတတ်ကြသည်။ အပင်ကို တိုက်ရိုက်ထိခြင်းသည် အဆိပ်ဖြစ်ပြီးသေစေနိုင်သောကြောင့် မထိမကိုင်ပါနှင့်။
ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Aconite က ဘယ်လောက်စိတ်ချရလဲ

ကျွမ်းကျင်သော ပညာရှင်၏ ညွှန်ကြားမှုမဟုတ်ပဲ ဤ ဆေးပင်ကို အသုံးမပြုပါနှင့်။
ဤ ဆေးပင်ကို ကိုယ်ဝန်ရှိနေစဉ် နှင့် နို့တိုက်နေစဉ်တွင် စားခြင်း၊ လိမ်းခြင်းများ မပြုလုပ်ရပါ။
ကလေးများတွင် လုံးဝမသုံးမပြုရပါ။ သေဆုံးသည်အထိ ဘေးထွက်ဆိုးကျိုးများ ပြင်းထန်နိုင်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

Aconite ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဤဆေးပင်သည် ပြင်းထန်ပြီး လျင်မြန်သည့် အဆိပ်အတောက်ပါဝင်သောကြောင့် အန္တရာယ်ရှိစေသည်။ အောက်ပါ ဘေးထွက်ဆိုးကျိုးများလည်း ရှိသည်။
• အားနည်းခြင်း၊ ခြေလက်များထုံကျင်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ချွေးပြန်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း၊ မေ့မြောခြင်း။
• သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှေးခြင်း၊
• မျက်စိဝါးခြင်း။
• ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းပျက်ခြင်း။
• ပိုတက်ဆီယမ်နည်းခြင်း
• ခံစားမှုအာရုံကြောများမကောင်းခြင်း
အသက်အန္တရာယ်ရှိသော အောက်ပါဘေးထွက်ဆိုးကျိုးများလည်း ရှိသည်။
• နှလုံးခုန်မမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သေဆုံးခြင်း။
• လည်းချောင်းကျဉ်းခြင်း
• အသက်ရှူလမ်းကြောင်း အကြောသေခြင်း။
ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။

ဆေးဓါတ်ပြုမှုများ

Aconite ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
အခြားဆေးများနှင့် ဓါတ်ပြုမှုကို ကောင်းစွာ မှတ်တမ်းများ မရှိပါ။ သို့သော် သေဆုံးခြင်းနှင့် အခြားသော ဘေးထွက်ဆိုးကျိုးများ ရှိသည့်အတွက် နှလုံးရောဂါတွင် သုံးသော ဆေးများနှင့် တွဲမသုံးရန် အကြံပြုထားပါသည်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Aconiteအတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဤဆေးပင်သည် အဆိပ်အတောက်ဖြစ်စေနိုင်သည့်အတွက် အလွန်သတိထားပြီး အသုံးပြုပါ။ သင့်တော်သော ပမာဏကို သိနိုင်ရန် ဆရာဝန် သိုမဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။ အများဆုံးပမာဏမှာ ၂၅ မီလီဂရမ် တစ်နေ့ကို သုံးကြိမ်ဖြစ်သည်။
လတ်ဆတ်သော အပင်သည် အလွန်အမင်းအဆိပ်အတောက်ဖြစ်စေသောကြောင့် စိတ်ချရသော ပမာဏသည် ဆေးကို ပြုပြင်သည့် လုပ်ဆောင်ချက်ပေါ်တွင် မူတည်သည်။ ရေစိမ်ထားပြီး ရေဆူဆူထဲတွင် ပြုတ်ခြင်းဖြင့် ဆေးပြုတ်ရည်တွင် အဆိပ်ပါဝင်မှုနည်းစေသည်။ သို့သော် ပမာဏများလျှင်၊ ကောင်းစွာ ပြုပြင်ပြီး မသုံးလျှင် အဆိပ်သင့်မှု ပိုဖြစ်စေနိုင်ပါသည်။
သို့သော် အသုံးပြုလေ့ရှိသော ဆေးပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။

Aconite က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဆေးပင်ကို ဆေးမြစ်အခြောက် ပုံစံနှင့် ရနိုင်သည်။ တရုတ်ဆေးပုံစံအနည်းငယ်ကို ဆေးပင်ကျွမ်းကျင်သူများသို့ ရောင်းချကြသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုင် 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 14, 2017

ရင်းမြစ်များ