Acidophilus ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အသုံးပြုပုံများ

ဘာအတွက်အသုံးပြုကြသလဲ

Acidophilus ဟာ စီးပွားဖြစ်ထုတ်လုပ်ထားတဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အစာခြေစနစ်၊ ဆီးစွန့်စနစ်နဲ့ မျိုးပွားလုပ်ငန်း စနစ်တွေထဲမှာ ပုံမှန်နေထိုင်ပြီး ဘာရောဂါမှ မဖြစ်စေတဲ့ အကျိုးပြုဘက်တီးရီယား ဖြစ်ပါတယ်။ Lactobacillus ဆိုတာကလည်း အချဉ်ဖောက်ထားတဲ့ စားစရာတချို့ (ဥပမာ- ဒိန်ချဉ်) မှာ တွေ့နိုင်ပါတယ်။ Lactobacillus ကို ဝမ်းလျှောခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အရေပြားရောဂါဖြစ်ခြင်း စတာတွေကို ကာကွယ်ကုသရာမှာ အသုံးပြုပါတယ်။ ကိုလက်စထရောနဲ့ဆိုင်တဲ့ ရောဂါတွေအတွက်၊ ကိုယ်ခံအားကို မြှင့်တင်ပေးရန်အတွက်လည်း သုံးပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ဆေးနှင့်ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါဘူး။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ဒါပေမယ့် အောက်ပါလေ့လာချက်တချို့တော့ ရှိပါတယ်။
– ပုံမှန် ဘက်တီးရီးယားတွေကို ပြန်လည်အားဖြည့်ပေးပြီး အစာကိုခြေဖျက်ဖို့၊ အာဟာရတွေ ဗီတာမင်တွေ ပရိုတိန်းတွေကို စုပ်ယူဖို့ ကူညီပေးပါတယ်။ Acidophilus ဟာ lactose လက်မခံနိုင်သူတွေရဲ့ အစာထဲက lactose ဓါတ်တွေကို ချေဖျက်ပေးပါတယ်။
– ကလေးတွေမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောခြင်း၊ ခရီးသွားစဉ် ဝမ်းလျှောခြင်း စတာတွေအတွက် ကုသနိုင်ပါတယ်။ ပဋိဇီဝဆေးတွေကြောင့်ဖြစ်တတ်တဲ့ ဝမ်းပျက်ခြင်းကိုလည်း ကာကွယ်ကုသနိုင်ပြီး ဝမ်းပျက်ခြင်းကို ဖြစ်စေတဲ့ အကျိုးမပြု ဘက်တီးရီးယားတွေကို နှိမ်နင်းပေးပါတယ်။
– နှင်းခူ၊ ဝက်ခြံနဲ့ မိန်းမကိုယ်ပိုးဝင်ခြင်း စတဲ့ ဘက်တီးရီးယားရောဂါပိုး ကူးစက်မှုတွေကိုလည်း လျှော့ချပေးပါတယ်။ ဘက်တီးရီယားကြောင့် ဖြစ်တဲ့ Lyme ရောဂါ၊ အင်ပျဉ်ထခြင်းတွေမှာ ကုသနိုင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ တခြားဘက်တီးရီးယားတွေ ပေါက်ပွားမှုကို တားဆီးပေးပါတယ်။
– ကိုလက်စထရောကို ကျစေပါတယ်။ အူလမ်းကြောင်းက ကိုလက်စထရောတွေကို စားသုံးပစ်ပြီး သူတို့တွေရဲ့ မျက်နှာပြင်အတွက် အသုံးချတာမို့ ကိုလက်စထရောဟာ သွေးထဲကို မရောက်နိုင်တော့ပါဘူး။
– Lactobacillus ရဲ့ ဖြစ်နိုင်ခြေ လုပ်ဆောင်ချက် တခုကတော့ ဆီးအိမ်ကင်ဆာ ပြန်ဖြစ်ခြင်းကို ကာကွယ်ပေးတယ်လို့ သိရပါတယ်။ တိကျတဲ့ အထောက်အထားတော့ မရှိသေးပါဘူး။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Lactose လက်မခံနိုင်သူများအနေနဲ့ Lactobacillus ကို အစားထိုး သုံးစွဲနိုင်ပါတယ်။ Lactobacillus ကို ရောဂါကာကွယ်တဲ့ စားသောက်မှုပုံစံအတွက် သုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ Candida မှိုစွဲတဲ့ ရောဂါဖြစ်ချိန်မှာ ပဋိဇီဝဆေးတွေ အားလုံး သောက်သုံးနိုင်တဲ့အပြင် Acidophilus ကိုလည်း ၎င်းဆေးဝါးများ၊ အစာများ၊ လေ့ကျင့်ခန်းများကို မပြောင်းလဲဘဲ ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။
သဘာဝဆေးဖက်ဝင်အပင်အတွက် လိုက်နာရမယ့်အချက်တွေဟာ ဆေးဝါးများလောက်တော့ မများပါဘူး။ သူ့ရဲ့ လုံခြုံစိတ်ချရမှုအတွက် လေ့လာစမ်းသပ်ချက်တွေ ပိုမိုလိုအပ်ပါသေးတယ်။ သူ့ကိုသုံးစွဲမယ်ဆိုရင် မသုံးခင်မှာ အကျိုးကျေးဇူးက ဆိုးကျိုးထက် ပိုများဖို့ လိုပါတယ်။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘယ်လောက်စိတ်ချရလဲ

နို့ထွက်ပစ္စည်းများဟာ lactose မခံနိုင်သူများအတွက် အဆင်မပြေပါဘူး။ Acidophilus ပါဝင်တဲ့ ပစ္စည်းများကတော့ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ သုံးစွဲနိုင်ပြီး ၃နှစ်အထက် ကလေးကိုလည်း ပေးနိုင်ပါတယ်။ Acidophilus ပါတဲ့ ဖြည့်စွက်စာကို အသက်၆လအရွယ်မှာပေးရင် တချို့ကလေးတွေမှာ နွားနို့နဲ့ ဓါတ်မတည့်နှုန်း မြင့်တက်လာနိုင်ပါတယ်။
အောက်ပါအချက်တခုခုကြုံရင် သတိထားသင်ပပါတယ်။
– အပြင်းဖျားခြင်း
– အစာအိမ်ရောဂါဖြစ်ခြင်း
– အစာစုပ်ယူမှုအားနည်းခြင်း
– ကိုယ်ခံအားပြသနာ၊ Lactose လက်ခမံနိုင်ခြင်း
– သွားညှိကိရိယာတပ်ထားခြင်း၊ အစာကြိတ်ဝါးခြင်း ပြသနာများ၊ သွားမညီခြင်း (Acidophilus ကြောင့် အခေါင်းပေါက်ဖြစ်တတ်ပါတယ်)

ဘေးထွက်ဆိုးကျိုးများ

ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဒီပစ္စည်းဟာ အများစုနဲ့တည့်ပါတယ်။ ဒါပေမယ့် lactose မတည့်သူတွေမှာ အစာအိမ်ပြသနာနဲ့ တခြားဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဒါဟာ ဘက်တီးရီးယားကြောင့် မဟုတ်ဘဲ ထုတ်လုပ်တဲ့ဖြစ်စဉ်မှာ ပါဝင်တဲ့ lactose ကြောင့်ဖြစ်ပါတယ်။
အတွေ့ရအများဆုံး ဘေးထွက်ဆိုးကျိုးကတော့
– ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
– ကိုယ်ခံအားနည်းသော လူနာများတွင် ဆိုးရွားသော ရောဂါပိုးကူးစက်မှု၊ သွေးထဲသို့ဘက်တီးရီးယားပိုးရောက်ခြင်း
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရပုံမှာ တဦးနဲ့ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဖော်ပြပါဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

အသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဒီဆေးဟာ သင့်ရဲ့လက်ရှိ သောက်သုံးနေတဲ့ ဆေးဝါးတွေ၊ ကျန်းမာရေးအခြေအနေတွေအပေါ် ဓါတ်ပြုပြောင်းလဲခြင်းတွေ ရှိနိုင်ပါတယ်။ အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
– အစာအိမ်ဆေးသောက်မယ်ဆိုရင် acidophilus မသောက်မီ ၃၀-၆၀မိနစ် စောပြီး သောက်သင့်ပါတယ်။
– ပဋိဇီဝဆေးများနဲ့ တွဲမသောက်သင့်ပါဘူး။ အနည်းဆုံး ၂နာရီခြားပြီး သောက်သင့်ပါတယ်။
– Azulfidine နဲ့တွဲသောက်ရင် Azulfidine အာနိသင်ကျပါတယ်။
– ကိုယ်ခံအားနှိမ့်ချပေးတဲ့ ဆေးများ (cyclosporine၊ tacrolimus၊ azathioprine)၊ ကင်ဆာဆေးများနဲ့ တွဲမသောက်သင့်ပါဘူး။
– Warfarin နဲ့တွဲသောက်ရင် အာနိသင်ပိုပြင်းလို့ တွဲသောက်ရင် သတိထားပါ။
– Acidophilus ဟာ ကြက်သွန်ဖြူစုပ်ယူမှုကို လျော့ကျစေပါတယ်။ ၃နာရီခြားသောက်ပါ။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ထုတ်လုပ်ထားပုံအများစုရဲ့ အချိုးအစားဟာ သက်ရှိအရည်အတွက်အပေါ်မှာ အခြေခံထားပါတယ်။ ဒါပေမယ့် အသားတင်အလေးချိန်ကိုသာ အသုံးပြုသင့်ပါတယ်။ လူကြီးတွေအတွက် CFU တယူနစ်ကနေ ၁၅ ယူနစ်အထိ သောင်သုံးနိုင်ပါတယ်။ ပိုသောက်ရင် အစာအိမ်ပြသနာဖြစ်နိုင်သလို လျှော့သောက်ရင်လည်း မလုံလောက်ပါဘူး။
ကလေးများအတါက်ဆိုရင် ကလေးအထူးကုဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ ကလေးတွေမှာ acidophilus သုံးရင် အထူးသဖြင့် ၃နှစ်အောက်ဆိုရင် သတိထားရပါမယ်။
ဒီဆေးကိုသောက်သုံးဖို့ ပမာဏဟာ တဦးနဲ့တဦး မတူနိုင်ပါဘူး။ သင့်ရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ တခြားအခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ သဘာဝဆေးဘက်ဝင်အပင်တွေက ထုတ်ထားတဲ့ ပစ္စည်းတွေဟာ အမြဲတမ်းတော့ အန္တရာယ်မကင်းပါဘူး။ အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

acidophilus ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
– ဆေးတောင့်၊ ဆေးပြား၊ ဝါးစားနိုင်သော ဆေးပြားများ၊ ဆေးမှုန့်များ
– နို့ထွက်ပစ္စည်းများ (acidophilus နို့၊ ဒိန်ချဉ်)
– မိန်းမကိုယ်ထည့်သွင်းသော ဆေးတောင့်၊ အရည်
ပုံစံတမျိုးစီမှာ သက်ရှိပေါင်း သန်း၅၀၀မှ ၁၀ဘီလျံထိ ပါဝင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 8, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 17, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။