backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Acetyl-L-Carnitine (အက်စီတိုင်းအဲလ်ကာနီတင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

အက်စီတိုင်းအဲလ်ကာနီတင်း ကို ဘာအတွက်အသုံးပြုကြသလဲ

Acetyl-L-Carnitine ဟာ ကိုယ်ခန္ဓါအတွင်းမှာ သဘာဝအတိုင်း ထုတ်လုပ်တဲ့ amino acid တစ်မျိုးဖြစ်ပါတယ်။ သူ့ကို အောက်ပါကျန်းမာရေး အခြေအနေတွေမှာ အသုံးပြုကြပါတယ်။

  • Alzheimer’s disease
  • အသက်ကြီးခြင်းကြောင့် မှတ်ဉာဏ် ယိုယွင်းခြင်း
  • အသက်ကြီးခြင်းကြောင့် စိတ်ကျခြင်း
  • အရက် နဲ့ Lyme ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ တွေးတောမှုဆိုင်ရာ ပြဿနာများ
  • Down’s syndrome ဒေါင်းရောဂါ
  • ဦးနှောက်အတွင်း သွေးလှည့်ပတ်မှုနည်းခြင်း
  • အတွင်းတိမ်
  • ဆီးချိုကြောင့် အာရုံကြော နာကျင်ခြင်း
  • AIDS ကုသမှုမှာ အသုံးပြုတဲ့ ဆေးတွေကြောင့် အာရုံကြော နာကျင်ခြင်း
  • မျက်နှာ အကြောဆွဲခြင်း
  • ကလေးမရခြင်း
  • အသက်ကြီးခြင်းကြောင့် ယောက်ျားဟော်မုန်းကျဆင်းခြင်း
  • Peyronie’s disease

Acetyl-L-Carnitine ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Acetyl-L-Carnitine ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် အချို့လေ့လာမှုတွေက Acetyl-L-Carnitine ဟာ ကိုယ်ခန္ဓါက စွမ်းအင်ထုတ်လုပ်မှုကို ကူညီပေးတယ်လို့ ဆိုပါတယ်။ ဒါဟာ နှလုံး၊ ဦးနှောက် လုပ်ငန်းဆောင်တာတွေနဲ့ ကြွက်သားလှုပ်ရှားမှုနဲ့ ကိုယ်ခန္ဓါ ဖြစ်စဉ် အတော်များများကို ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အက်စီတိုင်းအဲလ်ကာနီတင်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

  • ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးတွေကို သောက်သုံးသင့်ပါတယ်။
  • အခြားဆေးတွေသောက်နေရင်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးတွေကို ဆိုလိုပါတယ်။
  • Acetyl-L-Carnitine နဲ့ပတ်သက်တဲ့ ဆေးတွေ၊ အခြားဆေးတွေ၊ အခြား herbal တွေနဲ့ မတည့်ရင်။
  • သင့်မှာ အခြားရောဂါတွေ၊ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်
  • ဓါတ်မတည့်ခြင်းတွေဖြစ်တဲ့ အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေး၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုရှိရင်

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အက်စီတိုင်းအဲလ်ကာနီတင်း က ဘယ်လောက်စိတ်ချရလဲ

Acetyl-L-Carnitine ဟာ လူကြီးအတော်များများအတွက် စိတ်ချရပါတယ်။

ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်

ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ခွဲစိတ်မှု

Acetyl-L-Carnitine အသုံးပြုခြင်းကို စီစဉ်ထားတဲ့ ခွဲစိတ်မှုမတိုင်မီ နှစ်ပတ်အနည်းဆုံးကြိုပြီး ရပ်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

အက်စီတိုင်းအဲလ်ကာနီတင်း ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Acetyl-L-Carnitine ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

  • ဗိုက်နာခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • ဂနာမငြိမ်ခြင်း
  • ဆီး၊ ရှူထုတ်သောလေ၊ ချွေးတို့မှ ညှီနံ့ရခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

အက်စီတိုင်းအဲလ်ကာနီတင်း ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Acetyl-L-Carnitine ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သွေးခဲခြင်းကို နှေးစေတဲ့ ဆေးတွေဖြစ်တဲ့ Acenocoumarol (Sintrom), Warfarin (Coumadin) တွေဟာ ဒီ Herbal နဲ့ ဓါတ်ပြုနိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အက်စီတိုင်းအဲလ်ကာနီတင်း အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Alzheimer’s disease အတွက်

အသုံးပြုသင့်တဲ့ ဆေးပမာဏကတော့ တစ်နေ့ကို ၁၅၀၀-၄၀၀၀ မီလီဂရမ်ဖြစ်ပြီး တစ်နေ့အတွင်း နှစ်ကြိမ် သုံးကြိမ် ခွဲပြီး အသုံးပြုသင့်ပါတယ်။

အသက်ကြီးခြင်းကြောင့် ဖြစ်တဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းအတွက်

အသုံးပြုသင့်တဲ့ ဆေးပမာဏကတော့ တစ်နေ့ကို ၁၅၀၀-၂၀၀၀ မီလီဂရမ်ဖြစ်ပါတယ်။

အသက်ကြီးသူတွေမှာ ဖြစ်တဲ့ စိတ်ကျခြင်းအတွက်

အသုံးပြုသင့်တဲ့ ဆေးပမာဏကတော့ တစ်နေ့ကို ၁၅၀၀-၃၀၀၀ မီလီဂရမ်ဖြစ်ပါတယ်။

အမျိုးသားတွေမှာ ကလေးမရခြင်းအတွက်

အသုံးပြုသင့်တဲ့ ဆေးပမာဏကတော့ တစ်နေ့ကို Acetyl-L-Carnitine ၁ ဂရမ်နဲ့ L-carnitine ၂ ဂရမ်ပေါင်းအသုံးပြုရမှာ ဖြစ်ပါတယ်။

နေ့စဉ် ၄၀၀၀ မီလီဂရမ်အသုံးပြုခြင်းဟာ သုက်ပိုးတွေရဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေတယ်လို့ ဆိုပါတယ်။

Peyronie’s disease အတွက်

အသုံးပြုသင့်တဲ့ ဆေးပမာဏကတော့ တစ်နေ့ကို ၁ ဂရမ် သုံးလ သောက်ရမှာ ဖြစ်ပါတယ်။

အသက်ကြီးခြင်းကြောင့် ယောက်ျားဟော်မုန်း နည်းခြင်းအတွက်

အသုံးပြုသင့်တဲ့ ဆေးပမာဏကတော့ တစ်နေ့ကို Acetyl-L-Carnitine ၂ ဂရမ်နဲ့ propionyl-L-carnitine ၂ ဂရမ်ပေါင်းအသုံးပြုရမှာ ဖြစ်ပါတယ်။

ဆီးချိုကြောင့် အာရုံကြော ထိခိုက်ခြင်းအတွက်

အသုံးပြုသင့်တဲ့ ဆေးပမာဏကတော့ တစ်နေ့ကို ၁၅၀၀-၃၀၀၀ မီလီဂရမ် ခွဲသောက်ရမှာ ဖြစ်ပါတယ်။

Acetyl-L-Carnitine ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အက်စီတိုင်းအဲလ်ကာနီတင်း က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Acetyl-L-Carnitine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးတောင့်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement