ယာကွန်ပင်ကို ကျန်းမာရေးအတွက်အသုံးပြုတဲ့နေရာမှာ အရွက်ကိုအခြောက်ခံပြီး ရေနွေးကြမ်းထဲထည့်ပြီး သောက်သုံးတာမျိုးရှိသလို အမြစ် ( ယာကွန်ဥ) ကိုအစိမ်းစားသလို ဖျော်သောက်တာ။ မီးကင်စားတာနဲ့သုတ်စား တာမျိုးတွေလည်းရှိပါတယ်။ ယာကွန်ဥက ကြွပ်ရွပြီး ချိုပါတယ်။
ယာကွန် နဲ့ အာဟာရ
ယာကွန်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊အမျှင်ဓါတ်နဲ့ ဗီတာမင် အေ၊ ဘီဝမ်း၊ ဘီတူး နဲ့ ဗီတာမင် စီလိုမျိုး ဗီတာမင် ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ယာကွန်ဥမှာ ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဖော့စဖရိတ်ဓါတ်တွေလိုမျိုး ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အမိုင်နိုအက်ဆစ် အမျိုး ၂၀ ခန့်လည်းပါဝင်နေပါတယ်။
ယာကွန်ဥမှာပါတဲ့ အချိုဓါတ်က ဖရက်တိုအိုလီဂိုဆက်ခရိုက်fructoligosaccharide (oligofructose) ပမာဏများစွာကနေရရှိတာဖြစ်ပါတယ်။ ဖရက်တိုအိုလီဂိုဆက်ခရိုက် fructoligosaccharide ကသကြားဓါတ်တစ်မျိုးဖြစ်ပြီး ဒီအချိုဓါတ်ကို ခန္ဓါကိုယ်က မချေဖျက်နိုင်တာကြောင့် ယာကွန်ဥဟာ ဆီးချိုရောဂါသည်တွေနဲ့ ကိုယ်အလေးချိန်ချချင်နေသူတွေအတွက်စားသုံးဖို့သင့်တော်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။
ယာကွန်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
ယာကွန်က သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်သလို ကိုလက်စထရောပမဏကိုထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုတိုးစေပြီး ကိုယ်အလေးချိန်ကျအောင်လည်းအထောက်အပံ့ပေးပါတယ်။ ယာကွန်ကတန်ဖိုးကြီးတဲ့တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး အနာကိုလည်းကျက်စေနိုင်တဲ့အစွမ်းသတ္တိလည်းရှိပါတယ်။ ယာကွန်က ရောဂါရှိသူတွေမှာကျန်းမာရေးအခြေအနေကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ရုံသာမက ကျန်းမာရေးကောင်းမွန်သူတွေကိုလည်း ကျန်းမာနေအောင်လုပ်ဆောင်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။