backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မန်ကျည်းစေ့လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မန်ကျည်းစေ့လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

အာရှဒေသ တော်တော်များများမှာ ဟင်းချက်တဲ့အခါမျိုးမှာဖြစ်ဖြစ် နွေပူပူမှာ ရင်အေးစေတဲ့ သောက်စရာအနေနဲ့ဖြစ်ဖြစ် မန်ကျည်းသီးမှည့်ကို အသုံးပြုကြပါတယ်။ မန်ကျည်သီးက သွေးသန့်စေသလို အရေပြားကနေစလို့ အစာခြေစနစ်ကျန်းမာရေးအထိ အထောက်အကူပြုတယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ တော်တော်များများ လုပ်မိနေတာ တစ်ခု ရှိပါတယ်။ ဒါကတော့ မန်ကျည်းသီးရဲ့ အနှစ်ကို စားသုံးကြပေမယ့် မန်ကျည်းစေ့ ကိုတော့ လွှင့်ပစ်တတ်ကြပါတယ်။ တကယ်တော့ မန်ကျည်းသီး အနှစ်ကတင်မဟုတ်ဘဲ မန်ကျည်းစေ့လေးက လည်းပဲ ဆေးဖက်ဝင်ပါတယ်။

မန်ကျည်းစေ့ ဆိုတာ

မန်ကျည်းစေ့ ဆိုတာက မန်ကျည်းသီးမှည့်ရဲ့ အတွင်းထဲက အညိုရောင် ဒါမှမဟုတ် အမည်းရောင် ပြောင်ပြောင် အစေ့လေးပါ။ မာကျောပြီး အသုံးမဝင်ဘူးထင်ရပေမယ့် အတော်လေး အသုံးဝင်ပါတယ်။

မန်ကျည်းစေ့လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

မန်ကျည်းစေ့လေးက ဆေးဖက်ဝင်တယ်လို့ ပြောရတာက မန်ကျည်းစေ့မှာ ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ အမိုင်နိုအက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအာဟာရဓာတ်တွေနဲ့ ပြည့်စုံနေတဲ့ မန်ကျည်းသီးစေ့လေးက အခုလိုမျိုးဆေးဖက်ဝင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်

မန်ကျည်းသီးစေ့ရဲ့ အပြင်လွှာက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။

အရေပြားကျန်းမာစေနိုင်တယ်

မန်ကျည်းသီးစေ့မှာ xyloglycans ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပြီး အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

အဆစ်ရောင်တာကို သက်သာစေနိုင်ပါတယ်

နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး အဆစ်ရောင်ရောဂါကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းသီးစေ့ကို အမှုန့်ကြိတ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဝက်စာ တစ်ရက်ကို နှစ်ကြိမ်သောက်ပေးတာက အဆစ်တွေထဲမှာ ချောဆီတွေဖြစ်ပေါ်စေပြီး အဆစ်နာတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒူးနာတဲ့သူတွေအတွက် တော်တော်လေး အဆင်ပြေစေနိုင်ပါတယ်။

သွားနဲ့ခံတွင်း ကျန်းမာစေနိုင်တယ်

သွားကိုက်တာသွားဖုံးနာတာ၊ သွားမှာ သွားချေးတွေ ဖြစ်နေတာကို သက်သာစေဖို့ မန်ကျည်းသီးစေ့အမှုန့်ကို အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းသီးစေ့ကိုလှော်ပြီး အမှုန့်ကြိတ်လို့ ရလာတဲ့အမှုန့်နဲ့ သွားတိုက်ပေးပါ။

မန်ကျည်းသီးစေ့က သည်းခြေရည်ထုတ်လုပ်မှုကို တိုးစေနိုင်ပြီး အစာမကြေတာကို သက်သာစေနိုင်ပါတယ်။ အစာအိမ်ပြဿနာရှိတာ၊ ဝမ်းချုပ်တာတွေနဲ့ အစာမကြေတာတွေကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ကိုလက်စထရောပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေး အသုံးဝင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

မန်ကျည်းသီးစေ့မှာ ကိုယ်ခံအားကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့် ရောဂါပိုးတွေ တော်တော်များများကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်

အူမကြီးကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အဆုတ်ရောင်တာ၊ အစာအိမ်အူလမ်းကြောင်းပိုးဝင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ဘက်တီးရီးယားပိုးကူးစက်တာကြောင့် ဖြစ်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ချောင်းဆိုးတာ၊ အာသီးရောင်တာနဲ့ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်

မန်ကျည်းသီးစေ့ကို အာလုပ်ကျင်းဆေးအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းသီးစေ့အမှုန့်ကို ချင်း (ဂျင်း) နည်းနည်း၊ သစ်ကြံပိုးခေါက်မှုန့်နည်းနည်းတို့နဲ့ရောစပ်လို့ ရေနွေးနွေးလေးနဲ့ဖျော်ပြီး အာလုပ်ကျင်းပေးမယ်ဆိုရင် ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အအေးမိတာကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ နဲ့ အာသီးရောင်တာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

မန်ကျည်သီးစေ့မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် သွေးတိုးကျစေနိုင်သလို နှလုံးကျန်းမာစေဖို့အတွက်လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။

အရိုးကျိုးတာအတွက် အသုံးပြုလို့ရတယ်

မန်ကျည်းသီးစေ့ကို ခပ်ပျစ်ပျစ်လေးသွေးပြီး အရိုးကျိုးတဲ့နေရာမှာ ခပ်ထူထူလေးလူးပေးတာက အရိုးမြန်မြန်ဆက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

အသားအရေကို တင်းရင်းစေနိုင်တယ်

မန်ကျည်းသီးစေ့က အရေပြားကို အစိုဓာတ်ထိန်းပေးသလို အပြစ်အနာအဆာကင်းစေနိုင်ပါတယ်။ အရေးအကြောင်းတွေကို သက်သာစေပြီး တင်းရင်းလှပစေနိုင်ပါတယ်။ အရေပြားအတွက်လိုအပ်တဲ့ရေဓာတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်ပါတယ်။ အရွယ်တင်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်လိုသူတိုင်းမေ့ထားလို့ မဖြစ်တဲ့အရာတစ်ခုပါ။

ပိုးကောင်ကိုက်တဲ့အခါ မန်ကျည်းသီးစေ့လေးကို သွေးလူးပေးပါ။ အရောင်ကျစေနိုင်သလို အနာသက်သာစေနိုင်ပါတယ်။

အနာကျက်မြန်စေနိုင်တယ်

ထိခိုက်ရှနာ ဖြစ်တဲ့အခါ အနာကျက်မြန်စေဖို့အတွက် မန်ကျည်းသီးစေ့ကို အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းပင်အခေါက်ကို သွေးလူးပေးလို့လည်း ရပါတယ်။ မန်ကျည်းသီးစေ့ကိုသွေးပြီး အနာကိုလူးပေးမယ်ဆိုရင် ၁၀ ရက်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။

မန်ကျည်းသီးစေ့လေးကလည်း ဆေးဖက်ဝင်တယ်ဆိုတာကြောင့် မလွှင့်ပစ်ဘဲ သေချာသိမ်းလို့ လိုအပ်လာတဲ့အခါ အသုံးပြုပေးဖို့ပြောပါရစေနော်။

ဘာတွေ သတိထားရမလဲ

ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

မန်ကျည်းစေ့နဲ့ ဓာတ်မတည့်သူတွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်အတွက် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကလေးတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement