မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
နံနံပင်ကို အစာအိမ်မကောင်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ အူကျခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်း၊ ဗိုက်ရစ်နာခြင်း၊ လေပွခြင်း၊ တို့ကဲ့သို့သော အစာအိမ်ပြသနာများကို ကုသရန်သုံးသည်။ ဝက်သတ်ပေါက်ခြင်း၊ လိပ်ခေါင်း၊သွားနာခြင်း၊ သန်ကောင်၊ နှင့် အဆစ်နာခြင်းများတွင် လည်း အသုံးပြုနိုင်ပြီး ဘက်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများတွင်လည်း အသုံးပြုသည်။
နို့တိုက်မိခင်များတွင် နို့ထွက်များစေရန်လည်း Coriander ကို သုံးကြသည်။ အစားအသောက်တွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပြီး အစာအဆိပ်သင့်ခြင်းကို ကာကွယ်ရန်လည်း သုံးကြသည်။ ဆေးနှင့် ဆေးလိပ်ထုတ်သည့်အခါတွင် အနံ့တစ်ခုအဖြစ်အသုံးပြု သကဲ့သို့ အလှကုန်များနှင့် ဆပ်ပြာများတွင် လည်း အနံ့အဖြစ် အသုံးပြုကြသည်။
ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် Coriander တွင် အဆီကျစေခြင်းနှင့် ဆီးချိုရောဂါ ကို သက်သောစေသော အာနိသင်မျာရှိကြောင်း အချို့သော လေ့လာမှုများက တွေ့ရှိထားသည်။ Coriander မှ ထုတ်သောအဆီကို အသုံးပြုသောအခါ ပိုးသတ်နိုင်သော အစွမ်းရှိကြောင်းကိုလည်း တွေ့ရှိထားသည်။
Coriander ကို အလင်းရောင်နှင့် စိုစွတ်သောနေရာများနှင့် ဝေးရာတွင် အလုံပိတ်ဗူးထဲတွင် ထားပါ။
Coriander ကို ခွဲစိတ်မှု မပြုလုပ်မီ ၂ပတ်အလိုတွင် အသုံးပြုခြင်းကို ရှောင်ပါ။
Coriander ပင်သည် သွေးပေါင်ကျစေပြီး သွေးထဲမှ သကြားဓါတ်ကို ကျစေသည်။ သင့် သွေးပေါင်ချိန်နှင့် သကြားဓါတ်ကို စောင့်ကြည့် စစ်ဆေးပါ။ သင့်တွင် သွေးပေါင်ကျတတ်လျှင် သို့မဟုတ် သွေးပေါင်ကျဆေးများသောက်နေလျှင် Coriander ကို သတိနှင့် အသုံးပြုပါ။
ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
ဤဆေးပင်ကို ကိုယ်ဝန်ရှိနေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးမပြုရပါ။ ကလေးများကိုလည်း မပေးရပါ။ ဆေးပင်ကို ဓါတ်မတည့်သူများတွင် အသုံးမပြုရပါ။
ဤဆေးပင်တွင် ဘေးထွက်ဆိုးကျိုးများစွာရှိသည်။
• ပျို့အန်ခြင်း၊ အစားပျက်ခြင်း၊ အသည်းအဆီဖုံးသော အကျိတ်ဖြစ်ခြင်း
• ဓါတ်မတည့်ခြင်းကို တုံ့ပြန်ခြင်း၊
ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ ဆီးချိုကျသောဆေးများ၏ အာနိသင်ကို ပိုများစေသောကြောင့် ထိုဆေးများကို သောက်နေစဉ် သတိနှင့် အသုံးပြုပါ။
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
Coriander ကို အသုံးပြုရမည့် ပမာဏမှာ အသုံးပြုမည့် ပုံစံပေါ်တွင် မူတည်သည်။
• အဆီအနှစ်- ရေနွေးဆူဆူ ၁၅၀ မီလီလီတာထဲတွင် ဆေးရည် ၂ ဇွန်းထည့်ပါ။ ၁၅ မိနစ်ထားပြီး အစားမစားခင် ၂၅၀ မီလီလီတာ သောက်နိုင်သည်။
• ဆေးရည်- အစားစားပြီး ၁၀ စက် မှ အစက် ၂၀
• ဆေးပင်- တစ်ရက်လျှင် ၃ ဂရမ် ကို ခွဲပြီးသောက်ပါ။
ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။
ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။
• အဆီအနှစ်
• ဆေးအရည်
• ဆေးပင်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။