Hello Health Group - တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ

တည်းဖြတ်ခြင်းဆိုင်ရာမူဝါဒ

 

တည်းဖြတ်ခြင်းတွင် မှန်ကန်တည်ကြည်မှု

 ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ အတိကျဆုံး၊ ယုံကြည်စိတ်ချရဆုံးနှင့် အမှန်ကန်ဆုံး ကျန်းမာရေးသတင်း အချက်အလက်များ ဆောင်ယူပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့ နေ့စဉ်မျှော်မှန်းချက်မှာလည်း Hello Health Groupသည် ကျန်းမာကြံ့ခိုင်ရေးနှင့် ပတ်သက်၍ လက်တွေ့ကျပြီး အားထားရသော အရင်းအမြစ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဖြစ်သည်။

ကျွန်ုပ်တို့သည် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ပံ့ပိုးပေးမည်ဟု သံဓိဌာန်ချမှတ်ထားသည်။ တစ်ဦးတစ်ယောက်၏ ကျန်းမာရေးအတွက် အသုံးဝင်နိုင်သည် သို့မဟုတ် အသုံးမဝင်နိုင်ဟု မသိရှိနိုင်သော အခြေအနေတွင် အချက်အလက်များကို ရွေးချယ်ဖော်ပြခြင်းထက် ကျွန်ုပ်တို့၏ စာဖတ်သူများက သင့်လျော်သည်များကို ရွေးချယ်နိုင်စေရန် ရည်ရွယ်သည်။ သို့သော် Hello Health Groupနှင့် အခြားသော ဝဒ်ဆိုက်များမှ အကြောင်းအရာများသည် ကျန်းမာရေးစောင့်ရှောက်မှုများ၏ အစားထိုးအနေဖြင့် သုံးစွဲရန် မသင့်သည်ကို သတိပြုရပါမည်။ သင့်ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ သိလိုသည်များကို သင့်ဆရာဝန် သို့မဟုတ် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှသာ အကြံဉာဏ်ရယူသင့်ပါသည်။ Hello Health Groupဝဘ်ဆိုက် သို့မဟုတ် အခြားဝဘ်ဆိုက်များမှဖတ်ရသော အချက်အလက် တစ်စုံတစ်ရာကြောင့် ဆေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးမှုအား နှောင့်နှေးခြင်းနှင့် အကြံဉာဏ်များကို အလေးမထားမိခြင်း မရှိစေရပါ။

မူလစာမူများကို ရွေးချယ်ခြင်းအတွက် စံသတ်မှတ်ချက်များ

 Hello Health Groupသည် မူလစာမူများကို အောက်ပါစံသတ်မှတ်ချက်များပေါ် အခြေခံ၍ ဖန်တီးပါသည်။

ဆီလျော်မှု – သင်နှင့် သင့်မိသားစု၏ ကျန်းမာရေးကို ထိခိုက်စေမည့်အကြောင်းအရာများ။ ကျန်းမာရေးသတင်းများကို ခြုံငုံမိစေသော အကြောင်းအရာများ ( ဆေးနှင့် ဆေးပစ္စည်းများ စတင်ဖြန့်ဖြူးခြင်း၊ ဆိုးကျိုးတစ်ခုခုကြောင့် ပြန်လည်သိမ်းဆည်းခြင်း )၊ သတိပေးချက်များ ( ကျန်းမာရေး အကြံပြုချက်များ) ၊ ကျန်းမာစွာ နေထိုင်နိုင်ရန်နှင့် ရောဂါများထိန်းချုပ်ကုသခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ မှတ်ချက်များ။

အရေးကြီးသည့် ဆေးပညာဆိုင်ရာများ – သတင်းရင်းမြစ်များနှင့် ဆေးပညာဆိုင်ရာမှီငြမ်းချက်များအတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ ယုံကြည်စိတ်ချရသော ကျန်းမာရေးနှင့်ဆေးပညာ (အစိုးရ ဝဒ်ဆိုက်များ၊ ဆရာဝန်အသင်း ဝဒ်ဆိုက်များ၊ ဆေးပညာစာစောင်များအပါအဝင်)  သတင်းရင်းမြစ်များ၊ ဆေးပညာရှင်အချင်းချင်း ညွှန်းဆိုသော ဆေးပညာစာစောင်များမှ နောက်ဆုံးတွေ့ရှိချက်များကို ကိုးကားဖော်ပြပါသည်။

ခေတ်ရေစီးကြောင်း – “ရေးကြီးခြင်းမှ ကာကွယ်ခြင်း”၊ “ဓာတ်မတည့်ခြင်း” နှင့် “အအေးမိခြင်းနှင့် တုတ်ကွေးရောဂါ” စသော ရာသီအလိုက် စိတ်ဝင်စားမည့်အကြောင်းအရာများ၊ “ရင်သားကင်ဆာ သတိရှိပါ” နှင့် “ကျန်းမာကြံ့ခိုင်သော သင့်နှလုံးသား” စသော လအလိုက် လူထုကျန်းမာရေး အသိပေးမှုများ၊ အာဟာရ, ကြံ့ခိုင်မှု၊ ရောဂါကာကွယ်ခြင်း၊ ကျန်းမာသော နေထိုင်မှုဘဝ စသော ခေတ်စားနေသော အကြောင်းအရာများနှင့် မတူညီသောချဉ်းကပ်မှုများ။

 ကျွန်ုပ်တို့ စာမူများ၏ တမူထူးခြားမှု

 တမူထူးခြားစွာတင်ပြမှုသည် ပို၍ယုံကြည်ဖွယ်ရာဖြစ်သည်။ ရံဖန်ရံခါ မီဒီယာလောကတွင် မတိကျသော ခေတ်မမီတော့သော အချက်အလက်များကို ဖော်ပြထားသည်ဟု ထင်မြင်ခံရတတ်သည်ဖြစ်ရာ ဟယ်လို ဟက်သ်ဂရုသည် ယုံကြည်ရသော ကျန်းမာရေးအချက်အလက်များ ပံ့ပိုးပေးရာ သတင်းရင်းမြစ်တစ်ခုအဖြစ် ရပ်တည်ပါသည်။

 ကျွန်ုပ်တို့၏ စာမူများကို လုပ်ငန်းဆောင်ရွက်ရာ နိုင်ငံများနှင့်ကိုက်ညီစေရန် ဖန်တီးထားပြီး ထိုနိုင်ငံအတွက် သီးသန့် Platform များတည်ဆောက်ထားပါသည်။ စာမူနှင့် အချက်အလက်တိုင်းကို အကြောင်းအရာအလိုက် ပြည့်စုံသော၊ မျှတသော ရှင်းလင်းသော ရှုထောင့်များ စာဖတ်သူများ ရရှိခံစားနိုင်စေရန် ပံ့ပိုးထားသည်။ စာမူများသည် ဆေးပညာအကြောင်းအရာများဖြစ်လင့်ကစား လူနေမှုပုံစံ သို့မဟုတ် သတင်းများနှင့် နှီးနွယ်နေသည်။

 ကျွန်ုပ်တို့၏ သတင်းနှင့် သတင်းဆောင်းပါးများသည် အရေးကြီးဆုံးနှင့် သင့်လျော်မှုအရှိဆုံး ကျန်းမာရေး ဖြစ်ရပ်များကို အယ်ဒီတာများ၏ ရွေးချယ်ဖော်ပြမှုပေါ်တွင် အခြေခံပါသည်။ ကျွန်ုပ်တို့၏ သတင်းဆောင်းပါးများသည် လေ့လာမှု သို့မဟုတ် ဖြစ်ရပ်တစ်ခုကို အကျဉ်းချုပ်တင်ပြသည်ထက် များစွာ သာလွန်ပါသည်။ တစ်ခါတစ်ရံ သုသေသနစာတမ်းရေးသားသူများနှင့် တွေ့ဆုံမေးမြန်းခန်းများပါဝင်ပြီး မျက်မှောက်ကမ္ဘာတွင် စာဖတ်သူများအား သူတို့ ရည်ရွယ်ရေးသားချက်များကို တင်ပြပါသည်။

 မှန်ကန်တည်ကြည်မှု – Hello Health Group၏ သတင်းတင်ပြခြင်းဆိုင်ရာ တာဝန်ရှိမှုသည် သတင်း၊ ဆောင်းပါး၊ ကိုးကားချက်နှင့် အခြားသော အချက်အလက်များကြား သိသာထင်ရှားစေရန် ဖော်ပြပေးခြင်းဖြစ်သည်။ သို့မှသာ အခကြေးငွေဖြင့်ဖော်ပြသော အရောင်းမြှင့်တင်ခြင်း အချက်အလက်များနှင့် လွတ်လပ်သော အယ်ဒီတာ အာဘော်များကို ခွဲခြားသိနိုင်မည်ဖြစ်သည်။

လွတ်လပ်မှု – စာမူများတင်ပြရာတွင် Hello Health Groupသည် မျှတမှု၊ တိကျမှု၊ ဓမ္မဓိဌာန်ကျမှုစသည့် စံနမူနာများနှင့်ကိုက်ညီစေရန် ထိန်းသိမ်းပြီး တာဝန်သိ၍ လွတ်လပ်သော တင်ပြမှုမျိုးဖြစ်စေပါသည်။

 ထူးချွန်ကောင်းမွန်မှု – Hello Health Groupသည် Internet မှ မူရင်းသတင်းများ တင်ပြခြင်းနှင့် အခြား သတင်းရင်းမြစ်များမှ ကောက်နုတ်ရေးသားခြင်း၊ ထောက်ခံတင်ပြခြင်းများပြုလုပ်ရာတွင် သတင်းတင်ပြခြင်းဆိုင်ရာ ကောင်းမွန်သည့် ရှေးမူများကိုထိန်းသိမ်းရေးသားပါသည်။

 Hello Health Group၏ တည်းဖြတ်ခြင်းဆိုင်ရာဝန်ထမ်းများအတွက် မူဝါဒ

 တည်းဖြတ်ခြင်းတာဝန်ယူထားသော Hello Health Group၏ မည်သည့်ဝန်ထမ်းမဆို စပွန်ဆာပေးသူ သို့မဟုတ် ရောင်းချသူများအကြား ဖြစ်နိုင်ခြေရှိသော မည်သည့် အကျိုးစီးပွားပဋိပက္ခကိုမဆို အလုံးစုံ အသိပေးထားရမည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် စာဖတ်သူများဖတ်ရှုရလွယ်ကူစေရန် အချက်အလက်များကို မြန်မာမှုပြုခြင်း၊ ယုံကြည်ရသော သတင်းရင်းမြစ်များမှသာ အချက်အလက်ရှာခြင်းဖြင့် မှန်ကန်သော ဆေးပညာစာစဉ်များ ထုတ်လုပ် ရေးသားနိုင်ရန် လေ့ကျင့်သင်ကြားထားသူများဖြစ်သည်။

အဆိုပါဝန်ထမ်းများသည် မျှတသော၊ တိကျသော၊ ဓမ္မဓိဌာန်ကျသော အကြောင်းအရာများ၊ ဖြစ်ရပ်များနှင့် ကိစ္စရပ်များကို ပံ့ပိုးပေးရန် တာဝန်ရှိယူထားသူများဖြစ်သည်။ သူတို့သည် ပုဂ္ဂလိကဓိဌာန်ကျသော အချက်များ သို့မဟုတ် ကျွမ်းကျင်သူများမှ ထင်မြင်ချက်များကို ကြိုးကြိုးပမ်းပမ်း ဖော်ထုတ်ကြရမည်။ ဟန်ချက်ညီမှုရနိုင်ရန် ဓမ္မဓိဌာန်ကျသော ကောက်နုတ်ချက်များနှင့် ပြောရေးဆိုခွင့်ရှိသူများ၏ မှတ်ချက်များကိုလည်း ရှာဖွေကြရပါမည်။

 

တည်းဖြတ်သူဝန်ထမ်းများသည် စာမူများကို ဖန်တီးရာတွင် အကြောင်းအရာများအား သေသေချာချာ လွှမ်းခြုံမှုရှိစေရန် ကြိုးပမ်းရမှာဖြစ်ပြီး ကျင့်ဝတ်စောင့်ထိန်းခြင်းနှင့် အမြင့်မားဆုံး တည်းဖြတ်မှုစံနှုန်းများအား ရနိုင်ရန် နစ်မြုပ်ထားရမည်ဖြစ်သည်။

 မူလဆောင်းပါးများအား မှီငြမ်းခြင်း

Hello Health Group၏ တည်းဖြတ်သူများသည် ဆေးပညာရှင်များ ဖတ်ရှုသည့် ဆေးပညာစာစောင်များ၊ ပညာရပ်ဆိုင်ရာနှီးနှောပွဲများ၊ ပြည်နယ်အစိုးရ သို့မဟုတ် ပြည်ထောင်စုအစိုးရ၏ လှုပ်ရှားမှုများနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် လူတွေ့မေးမြန်းခန်းများမှ ကောက်နုတ်ချက်များမှ သတင်းဆောင်းပါးများရယူပါသည်။ စပွန်ဆာပေးသူများ၊ ကြော်ငြာထည့်သွင်းသူများနှင့် မိတ်ဖက်လုပ်ငန်းများမှလည်း တန်ဖိုးရှိသော စာမူများ ရနိုင်သည်ဟု Hello Health Groupမှ ယူဆသော်လည်း ထိုစာမူများကိုမူ ရှင်းရှင်းလင်းလင်း အမှတ်အသား ပြုထားရမည်ဖြစ်သည်။

ထုတ်ဖော်တင်ပြမည့်စာမူများအား တိကျမှု၊ ဆေးပညာဝေါဟာရများ သုံးစွဲမှု၊ သွင်ပြင်လက္ခဏာ ကောင်းမွန်မှုများ ရှိစေရန် ကျွမ်းကျင်သူများမှ လုံးစေ့ပတ်စေ့ ပြန်လည်သုံးသပ်ပါသည်။ ဖော်ပြသော အကြောင်းအရာကို မူတည်၍ တည်းဖြတ်သူများသည် ဆေးပညာရှင်များဖြစ်သလို ဆေးပညာရှင်မဟုတ်သူများလည်း ဖြစ်နိုင်ပါသည်။ ထို့နောက် အယ်ဒီတာက ထိုစာမူများကို ဖော်ပြသည့်ပုံစံ၊ စာအသွားအလာ၊ ပုဒ်ထီးပုဒ်မနှင့် ဖတ်ရှုနားလည်နိုင်စေရန် ထပ်မံ သုံးသပ်ပြီးမှသာ ဆောင်းပါးတစ်ပုဒ်အဖြစ် ဝဘ်ဆိုက်တွင် ဖော်ပြခြင်းဖြစ်သည်။

လိုင်စင်ရ စာမူများ

 Hello Health Groupသည် Third parties မှ ဝဘ်ဆိုက်ဆောင်းပါးများပါးများ၊ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေး ဆောင်းပါးများအား ဝဘ်ဆိုက်တွင်ဖော်ပြရန် လိုင်စင်ရယူသောအခါ Hello Health Group၏ အကြီးတန်းအယ်ဒီတာများနှင့် ဆေးပညာဆိုင်ရာအယ်ဒီတာများသည် Third parties ၏ တည်းဖြတ်ခြင်းဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများသည် Hello Health Group၏ တည်းဖြတ်ခြင်းဆိုင်ရာမူဝါဒများနှင့် တစ်သတ်မတ်တည်းကျ/မကျကို သုံးသပ်သည်။

 စပွန်ဆာပေးထားသည့် စာမူနှင့် ကြော်ငြာခြင်း

 ကျွန်ုပ်တို့ ဝဘ်ဆိုက်ကို အသုံးပြုရာတွင် သင်သည် အချို့သော စာမူများ၊ ခလုတ်များ၊ အမှတ်သင်္ကေတများနှင့် နဖူးစည်းစာတန်းများအား “စပွန်ဆာ” ၊ “ ကျွန်ုပ်တို့၏ စပွန်ဆာပေးသူမှ” ၊ “ကြော်ငြာခြင်း” ဟု တံဆိပ်ကပ် ထားသည်ကို တွေ့မြင်ရပါမည်။ Hello Health Groupသည် စာမူများ ထုတ်လုပ်ခြင်းနှင့် ဖော်ပြခြင်းတို့အတွက် ငွေကြေးလက်ခံခြင်းများရှိသည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းမူဝါဒကို လေ့လာနိုင်ပါသည်။

 Hello Health Group၏ ပြင်ဆင်ခြင်းဆိုင်ရာ မူဝါဒ

 Hello Health Groupသည် မူရင်းစာမူများကို လိုအပ်သည်ဟုယူဆပါက ပြင်ဆင်ခြင်း သို့မဟုတ် ရှင်းလင်းစေခြင်း ပြုပါသည်။ ကျွန်ုပ်တို့သည် စာလုံးပေါင်း၊ သဒ္ဒါအထားအသို ကဲ့သို့ သေးငယ်သည့်အမှားများကို ပြင်ခြင်း သို့မဟုတ် ရေးသားသည့်ပုံစံပြောင်းခြင်းများ ဆောင်ရွက်သည်။ အဘယ့်ကြောင့်ဆိုသော် ရေးမူပုံစံပြောင်းခြင်းသည် အကြောင်းအရာ၏ အနှစ်သာရကို မပြောင်းလဲစေသဖြင့် ထိုသို့သော ဝဒ်ဆိုက်ပေါ်တွင် ပုံစံပြောင်းခြင်းကို ကြိုတင်အသိပေးခြင်းမရှိဘဲ ကျွန်ုပ်တို့ ပြုလုပ်နိုင်ပါသည်။

 အကယ်၍ စာမူ၏ အကြောင်းအရာမှားယွင်းသည်ကို သိပါက စာမူကို အမြန်ဆုံးပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး ပြင်ဆင်ချက်ကို ပြန်လည်ထုတ်ပြန်ပေးမည်ဖြစ်သည်။ ဤပြင်ဆင်ခြင်းဆိုင်ရာမူဝါဒသည် (သတင်း၊ ဆောင်းပါး သို့မဟုတ် ဆေးပညာမှီငြမ်းချက်များအပါအဝင်) Hello Health Group၏ မူရင်းစာမူများကိုသာ သက်ရောက်စေသည်။ လိုင်စင်ရစာမူများ သို့မဟုတ် Third parties ၏ စာမူများ ပြင်ဆင်ခြင်းသည် ထိုစာမူများအား ထုတ်ဝေသူ၏ တာဝန်သာဖြစ်သည်။

အကယ်၍ ကျွန်ုပ်တို့ဖော်ပြထားသော စာမူများတွင် အမှားတစ်စုံတစ်ရာတွေ့ရှိပါက ဝဘ်ဆိုက်၏ အောက်ခြေတွင်ရှိဖော်ပြထားသော “Contact Us” ရှိ email မှတဆင့် ကျွန်ုပ်တို့ထံ email ပို့ခြင်းဖြင့် အသိပေးပါရန် ပန်ကြားပါသည်။

This page was last updated on: 7th April 2021