backup og meta

အလုပ်ခွင်ဖိအားတွေကြောင့် အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်ခွင်ဖိအားတွေကြောင့် အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့

    ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ ကျန်းမာခြင်းကို ရွှေပေးလို့မရဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်နော်။ ကျန်းမာနေတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာက အဖိုးမဖြတ်နိုင်တဲ့ အရာပါ။ ခန္ဓာကိုယ်ကျန်းမာနေဖို့က လူတိုင်းတောင့်တမယ်ထင်ပါတယ်။ တိုးတက်လာတဲ့ခေတ်ကြောင့် ရောဂါတွေပိုများလာသလို စိတ်ဖိစီးမှုကလည်း အများသားနော်။ အလုပ်ခွင်မှာလည်း သူအပြိုင်ကိုယ်အပြိုင်ကြိုးစားရင်း စိတ်ဖိစီးရတာက အမြဲလိုလိုပါပဲ။ ဒါပေမယ့် အချို့သောစိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျစ်လျူရှုလိုက်ဖို့ပြောပါရစေ။ အလုပ်ခွင်စိတ်ဖိစီးမှုကြောင့် နှလုံးလေးဝန်မပိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် Hello ဆရာဝန်ပရိသတ်ကြီးကို နည်းလမ်းကောင်းလေးတွေဝေမျှပေးပါရစေ။

    အလုပ်ခွင်အခြေအနေတွေက ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။ အလုပ်ခွင်မှာတွေ့ကြုံရတဲ့ စိတ်ဖိစီးမှုတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပြင် နှလုံးကိုပါထိခိုက်စေနိုင်ပါတယ်။ အလုပ်ခွင်မှာ အချိန်ကြာမြင့်စွာထိုင်နေရတာက နှလုံးကို နည်းအမျိုးမျိုးနဲ့ထိခိုက်စေနိုင်ပါတယ်။ အလုပ်ခွင်ရဲ့ ဖိအားတွေက တစ်နေ့ထက်တစ်နေ့ နှလုံးရောဂါခံစားရနိုင်ခြေကိုပိုတိုးလာစေနိုင်ပါတယ်။ အချို့သော စားသောက်မှုနဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်မယ်ဆိုရင် နှလုံးကျန်းမာရေးကို ဂရုစိုက်ပြီးသားဖြစ်သွားမှာပါ။ ဒီတော့ အလုပ်ခွင်ဖိအားတွေကြောင့် အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့ ဘယ်လို စောင့်ရှောက်ရမလဲဆိုတာကို ကြည့်လိုက်ရအောင်လား။

    အလုပ်ခွင်ဖိအားတွေကြောင့် အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့

    အလုပ်ခွင်ဖိအားတွေကြောင့် အစားပြန်မရနိုင်တဲ့ အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့ ဆိုရင် ဒီအလေ့အထလေးတွေကို မွေးမြူလုပ်ဆောင်ဖို့လိုပါမယ်။

    • မှန်ကန်တဲ့ စားသောက်မှုပုံစံရှိပါစေ – မှန်ကန်စွာစားသောက်မှုပုံစံက နှလုံးကျန်းမာစေဖို့ လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တစ်ခုပါ။ ဒါကြောင့် နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့အာဟာရတွေ ပါဝင်အောင်စားသုံးပြီး အကျိုးမပြုတဲ့အဆီတွေ၊ အငန်ဓာတ်နဲ့ပြုပြင်ထားတဲ့ အသားတွေကို တတ်နိုင်သမျှရှောင်ပါ။ ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီး၊ ဘယ်ရီသီး၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ အနက်ရောင်ချောကလက်တို့လိုမျိုး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အစာအာဟာရတွေကို နေ့စဉ်စားသုံးပေးပါ။
    • ဆေးလိပ်ဖြတ်ပါ -ဆေးလိပ်သောက်တာက နှလုံးရောဂါခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက သွေးတိုးစေနိုင်သလို နှလုံးရဲ့အောက်ဆီဂျင်ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးခုန်နှုန်းကို မြန်စေနိုင်ပြီး သွေးခဲတာကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအပြင် အခြားသောကျန်းမာရေးပြဿနာတွေကိုပါဖြစ်စေနိုင်ပါတယ်။
    • စိတ်ဖိစီးမှုလျှော့ပါ – စိတ်ဖိစီးမှုက ရှိရင်းစွဲရောဂါတွေကို ပိုဆိုးလာအောင် အားပေးအားမြှောက်လုပ်ပေးတဲ့အရာပါ။ အလုပ်ခွင်ကစိတ်ဖိစီးမှုတွေကို ကိုယ်ပိုင်ဘဝထဲကိုခေါ်မလာဖို့အကြံပြုပါရစေ။ရောဂါတွေရလာတဲ့အခါ ခံစားရတာကကိုယ်ပါ။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ပါ။နေ့စဉ်တရားထိုင်တာ၊ စိတ်အပန်းပြေစေမယ့်လေ့ကျင့်ခန်းလုပ်တာမျိုးလုပ်ပေးပါ။
    • လှုပ်လှုပ်ရှားရှားလေးနေပါ – တစ်ချိန်လုံးထိုင်နေရတာက နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်မနေပါနဲ့။နေ့လည်စာ စားပြီးချိန်မှာ ခဏတဖြုတ်လမ်းလျှောက်တာ၊လှေကားထစ်လေးတွေကို အတက်အဆင်းလုပ်တာမျိုး၊ ဖုန်းပြောတဲ့အခါ လမ်းလျှောက်ရင်းပြောတာမျိုးလုပ်ပေးပါ။
    • ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ -တစ်ချိန်လုံးအလုပ်ထိုင်လုပ်နေတာက အဝလွန်စေနိုင်ပြီး နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရမျှတအောင် စားသုံးသင့်သလို နေ့စဉ်ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လည်း တိုက်တွန်းပါရစေ။ နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကိုကျဆင်းစေနိုင်သလို စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ကျဆင်းစေနိုင်ပါတယ်။
    • အိပ်ရေးဝဝအိပ်ပါ -ရောဂါတော်တော်များများခံစားရတာရဲ့ အဓိကအကြောင်းအရင်းက အိပ်ရေးမဝတာကြောင့်ဖြစ်ရတာပါ။ ဒါကြောင့် နှလုံးကျန်းမာပြီး အခြားသောပြဿနာတွေကင်းဝေးစေဖို့ဆိုရင် ညစဉ် အိပ်ချိန် ၈ နာရီ ပုံမှန်ရှိအောင် ဂရုစိုက်ပါ။
    • ရေများများသောက်ပါ – ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကိုနေရာယူထားတဲ့ ရေဓာတ်ပြည့်ဝနေမှလည်း ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဒါကြောင့် နေ့စဉ်ရေပြည့်ပြည့်ဝဝလေးသောက်ပေးဖို့မမေ့ပါနဲ့။ အလုပ်စားပွဲမှာ ရေဘူးလေးဖြည့်ထားပြီး သတိရတိုင်းသောက်ပေးပါ။

    ကဲ ….. အလုပ်ခွင်ဖိအားတွေကြောင့် အဖိုးတန်နှလုံးလေးမထိခိုက်စေဖို့ အခုပဲ နှလုံးလေးကို ဂရုစိုက်တော့မယ်ဟုတ်………..

    နှလုံးလေး ကျန်းမာစေဖို့

    အလုပ်ခွင်က ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် နှလုံး မထိခိုက်စေဖို့ဆိုရင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement