home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသင့်စားခေါက်ဆွဲခြောက်ဆိုတာ စားတိုင်းကောင်းတဲ့ အရာလား

အသင့်စားခေါက်ဆွဲခြောက်ဆိုတာ စားတိုင်းကောင်းတဲ့ အရာလား

အသင့်စားခေါက်ဆွဲခြောက်ကို အရှေ့တောင်အာရှနိုင်ငံတွေအပြင် တစ်ကမ္ဘာလုံးမှာပါ အများအပြား စားသုံးနေကြပါပြီ။ ဈေးသက်သာတဲ့အပြင် ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူပြီး အချိန်မပေးရတာကြောင့် အသင့်စားခေါက်ဆွဲခြောက်ကို လူမျိုးမရွေး၊ အသက်အရွယ်မရွေး ကြိုက်နှစ်သက်စွာ စားသုံးကြပါတယ်။

အသင့်စားခေါက်ဆွဲခြောက် ဆိုတာဘာလဲ။

ခေါက်ဆွဲကို အနည်းငယ်ချက်ပြုတ်ပြီး အခြောက်ခံကာ တာရှည်ခံအောင် ထုတ်ပိုးပြီး ရောင်းချထားတာဖြစ်ပါတယ်။ အဓိကပါဝင်ပစ္စည်းတွေကတော့ ဂျုံ၊ ဆား၊ အနံ့အရသာအတွက် ဟင်းခတ်မှုန့်နဲ့ ဆီ၊ ဆိုဒီယမ် ဖြစ်ပါတယ်။

စက်ရုံမှာပဲ ပေါင်းပြီး အခြောက်ခံတယ်။ ပြီးမှ တာရှည်ခံပစ္စည်းတွေ ထည့်ပြီး ထုတ်ပိုးရောင်းချတယ်။ အသင့်စားခေါက်ဆွဲခြောက်ကို စားတဲ့အခါမှာ ရေနွေးနဲ့ အရင်ပြုတ်ပြီးမှ စားသုံးရပါတယ်။ ပုံမှန်ခေါက်ဆွဲတွေနဲ့ ယှဉ်လိုက်ရင် အသင့်စားခေါက်ဆွဲခြောက်တွေဟာ အာဟာရဓါတ်နည်းပါးတဲ့အပြင် အလွန်အကျွံစားသုံးတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

အသင့်စားခေါက်ဆွဲခြောက်တွေက ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်လဲ။

ခေါက်ဆွဲထက်စာရင် အသားဓါတ်၊ ကယ်လ်စီယမ်ဓါတ်၊ ဗီတာမင် C ၊ အမျှင်ဓါတ်၊ ဖော့စရပ်စပ်ဓါတ်၊ သံဓါတ်၊ နိုင်ရာစင်ဓါတ်နဲ့ ဗီတာမင် A ပိုနည်းပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်မှာ တာရှည်ခံစေဖို့အတွက် ဓါတုဗေဒပစ္စည်းတွေအပြင် အရသာကို ပိုပြီးစွဲလမ်းစေဖို့ အချိုမှုန့်ထဲမှာ ပါဝင်တဲ့ MSG ဒြပ်ပေါင်း (Monosodium glutamate) အပြင် ကိုယ်ခန္ဓါအတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်တဲ့ အဆီဓါတ်တွေလည်း ပါဝင်ပါတယ်။

MSG ဒြပ်ပေါင်းဟာ အတန်အသင့်စားသုံးရင် ပြဿနာ သိပ်မရှိနိုင်စေမယ့် များသွားတဲ့အခါမှာ ခေါင်းမူးပြီး အော့အန်တာ၊ ကိုယ်အလေးချိန် တက်တာ၊ သွေးပေါင်ချိန်တက်တာ၊ အသားထဲက စူးသလိုဖြစ်တာ၊ ခြေလက်ထုံကျဉ်တာ ဖြစ်စေနိုင်ပါတယ်။ ဦးနှောက်ကျန်းမာရေးနဲ့ ဉာဏ်ရည်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါ့အပြင် ဆိုဒီယမ်နဲ့ ကယ်လိုရီဓါတ်ေတွ ပိုမိုပါဝင်တာကြောင့် အဝလွန်စေတယ်။ နှလုံးနဲ့ ဆီးချိုရောဂါတွေ အပြင် ဦးနှောက်သွေးကြောပြတ်ခြင်း၊ ရုတ်တရက် သတိလစ်ခြင်းပါ ဖြစ်နိုင်ပါတယ်။ ဆားထဲမှာ ပါဝင်တဲ့ ဆိုဒီယမ်ဓါတ်ဟာ သွေးကို ပိုပြီး တိုးစေနိုင်တဲ့အတွက် သွေးတိုးရောဂါရှင်တွေအတွက်လည်း မသင့်လျော်ပါဘူး။

အသင့်စားခေါက်ဆွဲခြောက်တွေနဲ့ ပတ်သက်ပြီး ဘာတွေ သတိထားသင့်လဲ။

“တန်ဆေး လွန်ဘေး” ဆိုသလိုပါပဲ။ လိုတာထက် ပိုစားမိတဲ့အခါမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အသင့်စားခေါက်ဆွဲခြောက်ကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ “Fast Food” နဲ့ တာရှည်ခံအစားအစာ အဖြစ် သတ်မှတ်ထားတဲ့အတွက် တစ်ပတ်ကို ၂ကြိမ်ထက် ပိုပြီး မစားသင့်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

What Are Instant Noodles –https://www.healthline.com/nutrition/instant-noodles (Jan 15, 2019)

Health Problems Caused By Instant Noodles –https://food.ndtv.com/food-drinks/the-dark-side-of-instant-noodles-what-makes-them-harmful-766902 (Jan 15, 2019)

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 3 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။