backup og meta

နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ

    နွေပူလို့ သွေးတိုးမှာစိုးပြီး ဘာမှမစားရဲ မသောက်ရဲဖြစ်နေတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေများရှိနေလား။ ဒါဆို နွေပူပူမှာ သွေးမတိုးစေဘဲ အရသာရှိရှိစားလို့ရမယ့် အစားအသောက်လေးရှိတယ်ဆိုတာ ဒီဆောင်းပါးလေးကနေတဆင့် Hello ဆရာဝန်ပရိသတ်ကြီးကို သတင်းကောင်းပါးပါရစေနော်။ သွေးတိုးတာက ကမ္ဘာတလွှား တော်တော်လေးအဖြစ်များလာတဲ့ ရောဂါတစ်ခုပါနော်။ သွေးတိုးတာက ပြောတော့သာ ဘာမှမဟုတ်တယ်၊ အခန့်မသင့်ရင် အသက်ကိုတောင်ခြိမ်းခြောက်တာ သွေးတိုးရောဂါပါနော်။ ဒီတော့ နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ ဆိုတာ ဆက်ပြောကြရအောင်လား။

    နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ

    နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲဆိုတော့ နွေပူပူမှာ သွေးတိုးရှိသူတွေ သတိထားရမယ့် တစ်ချက်က ရေဓာတ်ပြည့်ဝနေစေဖို့ပါ။ ဒါမှလည်း ရေဓာတ်ဆုံးရှုံးမှုကြောင့် သွေးတိုးတာမျိုး ဖြစ်နိုင်ခြေနည်းသွားမှာပါ။

    ဖရဲသီးမှာ နှလုံးကို ကျန်းမာစေနိုင်တဲ့ lycopene ကြွယ်ဝစွာ ပါဝင်သလို ဘီတာကယ်ရိုတင်း၊ ဗီတာမင် Cနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပိုတက်ဆီယမ်လည်း ပါဝင်နေတာကြောင့် နွေပူပူမှာ သွေးတိုးလည်းထိန်း၊ ရင်လည်းအေးဆိုတော့ အိုကေပေါ့နော်။

    ကျန်းမာရေးအတွက် ကောင်းတဲ့အစားအသောက်တွေထဲက တစ်ခုပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာပါနော်။ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အဆာခံစေနိုင်သလို ကိုယ်အလေးချိန်ချချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းသလို အသားအရေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဖောလိတ်ကြွယ်ဝတဲ့အတွက် သွေးတိုးကျစေနိုင်တာကြောင့် နွေပူပူမှာ သွေးတိုးရှိသူ တွေအတွက် ဓာတ်စာပါ။

    ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးတိုးရှိသူ တွေအတွက် အသင့်တော်ဆုံးအစာအစာတွေထဲက တစ်ခုပါ။ နွေရာသီမှာ တစ်နေ့ကို ငှက်ပျောသီးတစ်လုံးပုံမှန်စားပေးတာက သွေးတိုးရှိသူ တွေအတွက် သဘာဝဆေးနည်းတစ်ခုပါနော်။

    နွေရာသီမှာ စတော်ဘယ်ရီဖျော်ရည်အေးအေးလေး သောက်လိုက်ရတာက ရင်ကို အေးစေသလို စိတ်ကျေနပ်မှု အပြည့်အဝရစေနိုင်ပါတယ်။ စတော်ဘယ်ရီမှာ ဗီတာမင် စီ၊ နှလုံးကျန်းမာစေတဲ့ omega-3 fatty acid တို့ပါဝင်နေသလို သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် နွေပူပူမှာ စတော်ဘယ်ရီဖျော်ရည်ချိုချိုအေးအေးလေး သောက်လိုက်ပါနော်။

    သရက်သီးက နွေပူပူမှာစားရင် ခန္ဓာကိုယ်အပူချိန်ကို တိုးစေနိုင်တာကြောင့် နည်းနည်းလောက်ပဲ စားပေးပါနော်။ သွေးတိုးကျဖို့ အထောက်အကူပြုပေးတဲ့ သရက်သီးကို ဖျော်ရည်ဖျော်ပြီးပဲဖြစ်ဖြစ် လုပ်သောက်ပေးလို့ရပါတယ်နော်။

    နှလုံးကျန်းမာစေတဲ့ ဓာတ်တွေပြည့်နေတဲ့ အသီးလေးတစ်ခုပေါ့။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် သွေးတိုးကျစေနိုင်ပါတယ်နော်။ ဒါကြောင့်နွေပူပူမှာ ဘယ်ရီသီးချိုချိုလေးကို အရသာရှိရှိစားနော်။

    အဆီထုတ်ထားတဲ့နို့က ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်သလို ဗီတာမင် Dလည်း ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်ပါတယ်နော်။ တစ်နေ့ကို အဆီထုတ်နို့တစ်ခွက်သောက်တာကလည်း သွေးတိုးကျအောင် ကိုယ့်ကိုကိုယ်စောင့်ရှောက်တာပါပဲ။

    တစ်ပတ်ကို ခွက်သေး ၅ ခွက်လာက်အထိ သောက်လို့ကိုရတာပါနော်။ ဒိန်ချဉ်က သွေးတိုးကျစေနိုင်သလို နွေရာသီမှာ အပူဒဏ်သက်သာစေနိုင်တဲ့ စားစရာတစ်ခုပါနော်။

    ကဲ…..သွေးတိုးရှိလို့ နွေရာသီ ပူပူမှာ ဘာမှ မစားဘဲ နေရတော့မလားလို့ စိတ်ပူမနေပါနဲ့။ အခုပြောခဲ့တဲ့ စားစရာလေးတွေကို အရသာ ရှိရှိစားရင်း နွေရာသီကို အကောင်းဆုံး ကျော်ဖြတ်လိုက်ရအောင်နော်………………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement