backup og meta

သင့်ရဲ့ ကိုယ်အလေးချိန်ကို ဘယ်လောက်မှာ ထိန်းထားမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ ကိုယ်အလေးချိန်ကို ဘယ်လောက်မှာ ထိန်းထားမလဲ

    သင့်ရဲ့ကိုယ်အလေးချိန်ကို ဘယ်လောက်မှာ ထိန်းထားမလဲ။

    DASH စားသောက်မှုပုံစံကကိုယ်အလေးချိန် ကိုလွယ်လွယ်ကူကူကျစေပါတယ်။ အသီးတွေ၊ဟင်းသီးဟင်းရွက်တွေပေါ်မှာအခြေခံထားတဲ့ကျန်းမာတဲ့စားသောက်မှုပုံစံနဲ့ DASH စားသောက်မှုပုံစံဟာသင့်ကိုစိတ်ကျေနပ်စေမှာဖြစ်သလိုအစားလွန်သွားမှာလည်းပူစရာမလိုပါဘူး။

    လေ့လာမှုတွေအရကယ်လ်ဆီယမ်ပါဝင်နှုန်းမြင့်တဲ့နို့ထွက်ထုတ်ကုန်တွေကကိုယ်အလေးချိန်ကျစေတာ တွေ့ရပါတယ်။DASH စားသောက်မှုပုံစံကလည်းအလေးချိန်ကျဖို့ သော့ချက်တစ်ခုပါဘဲ။ ကိုယ်အလေးချိန်ကျခြင်းက သွေးတိုးကျစေဖို့အတွက်အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။DASH စားသောက်မှုပုံစံနဲ့ဝိတ်လျှော့ရင်ပိုပြီးကောင်းမွန်တဲ့ ကောင်းကျိုးတွေရနိုင်ပါတယ်။

    လေ့လာမှုတွေအရ DASH စားသောက်မှုပုံစံကဝိတ်ကျစေတယ်လို့ဆိုပါတယ်။ ဒီစားသောက်မှုပုံစံမှာအသီးနဲ့အရွက်တွေပါတဲ့အတွက်သင်ဟာကယ်လိုရီတွေအများကြီးစားစရာမလိုဘဲဗိုက်ပြည့်စေပါတယ်။ အဆီပါဝင်မှုနည်းတဲ့အသား၊ငါး နဲ့ကြက်သား၊ ဘဲသား တို့လိုအသားတွေကပရိုတိန်းအများကြီးပါပြီးတခြားအသားတွေနဲ့ယှဉ်ရင်ကယ်လ်လိုရီနည်းပါတယ်။ဥပမာ – ပုစွန်ပြုတ်ရှစ်အောင်စကအမဲသားသုံးအောင်စနဲ့ကယ်လိုရီပါဝင်နှုန်းတူတူဖြစ်ပြီး ဗိုက်ပိုပြည့်စေပါတယ်။

    အဆီပါဝင်မှုနည်းတဲ့နို့ထွက်ထုတ်ကုန်တွေကပုံမှန်နို့ထွက်ထုတ်ကုန်တွေထက်ပိုပြီးကယ်လိုရီနည်းပါတယ်။ လေ့လာမှုတွေအရကယ်လ်ဆီယမ်ပါဝင်မှုများပြီးအဆီပါဝင်မှုနည်းတဲ့နို့ထွက်ထုတ်ကုန်တွေကဝိတ်ချရာမှာအထောက်အကူပြုပြီးအထူးသဖြင့်ခါးတစ်ဝိုက်ကအဆီတွေကိုမတက်စေပါဘူး။

    အဝလွန်ခြင်းက သွေးတိုးစေတဲ့အဓိကအကြောင်းအရာတွေထဲကတစ်ခုပါ။ ကလေးတွေနဲ့ဆယ်ကျော်သက်တွေမှာအဝလွန်ခြင်းကပိုပြီးကြောက်စရာကောင်းပါတယ်။ သွေးတိုးရှိတဲ့မိဘတွေကသူတို့ကိုယ်တိုင် DASH စားသောက်မှုပုံစံကိုစားလာရတဲ့အတွက်သူတို့ကလေးတွေကိုပါကယ်လ်လိုရီများတဲ့အစားအစာတွေကိုရှောင်ပြီးစနစ်တကျ ကျွေးတတ်လာကြပါတယ်။ မိဘအနေနဲ့ကျန်းမာတဲ့အလေ့အကျင့်တွေကို ဒီလို စံပြ စားသောက်နေထိုင်ပြခြင်းဖြင့်ကလေးတွေဘဝတစ်လျှောက်လုံး သွေးတိုးကိုကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ သင့်ရဲ့အပြုအမူတွေနဲ့ နေထိုင်မှုပုံစံတွေကသင့်တစ်မိသားစုလုံးအတွက်အရေးကြီးတယ်ဆိုတာသိလိုက်ရတဲ့အခါသင့်ကိုစားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့အားပေးပါတယ်။

    ကျန်းမာတဲ့ကိုယ်အလေးချိန်ဆိုတာဘာလဲ ?

    သိပ်မကြာသေးခင်က BMI (Body Mass Index, ရှိသင့်တအလေးချိန်နဲ့အရပ်ကိုပြသောအညွှန်းကိန်း) ကကျန်းမာတဲ့ကိုယ်အလေးချိန်ကိုရဖို့အတွက်အရေးကြီးတဲ့ တိုင်းတာမှု တစ်ခုဖြစ်လာပါတယ်။ ခန္ဓါကိုယ်ရှိအဆီပိုရာခိုင်နှုန်းတိုင်းတာခြင်းသည်လည်း ကျန်းမာမှုရှိမရှိကိုပြသောအညွှန်းတစ်ခုဖြစ်ပါတယ်။ ပညာရှင်တွေကကျန်းမာတဲ့ကိုယ်အလေးချိန်ဆိုတာသင့်ကိုကျန်းမာရေးဆိုင်ရာပြဿနာများမဖြစ်စေတဲ့ ကိုယ်အလေးချိန် (သို့) အနည်းဆုံးတော့ သင့်ကိုယ်အလေးချိန်နဲ့တခြားပြဿနာများဆက်စပ်မှု ခြင်းကို ဆိုလိုပါတယ်။

    အရွယ်ရောက်သူတွေအတွက်ရှိသင့်တဲ့အဆီရာခိုင်နှုန်း
    ယောက်ျား မိန်းမ
    ပိန်လှီသော <8 <15
    အကောင်းဆုံးအခြေအနေ 8-15 15-22
    အနည်းcယ်ဝနေသော 16-20 23-26
    ဝနေသော 21-24 27-32
    အဝလွန်နေသော 25+ 32+

    သင်အတွက်ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုဆုံးဖြတ်ခြင်း

    သင့်အနေနဲ့သင်ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်တယ်ဆိုတာကိုဆုံးဖြတ်လို့ရပါတယ်။ အဲဒါကိုအပေါ်မှာ ပြောသွားတဲ့ BMI နဲ့တွဲပြီးရှာလို့ရပါတယ်။ တကယ်လို့အဲဒီအလေးချိန်ကိုရောက်ဖို့အများကြီးလိုသေးတယ်ဆိုရင်တော့အရင်ဆုံးရှိနေတဲ့အလေးချိန်ရဲ့၁၀ရာခိုင်နှုန်းလျှော့ဖို့ပန်းတိုင်အရင်ထားပါ။ လေ့လာမှုတွေအရအလေးချိန်၇ရာခိုင်နှုန်းကနေ၁၀ရာခိုင်နှုန်းလျော့ခြင်းကတောင်ကျန်းမာရေးအတွက် တော်တော်အထောက်အကူပြုနေပါပြီတဲ့။

    သင့်လက်ရှိကိုယ်အလေးချိန်
    စလျှော့သည့်ရက်
    ကိုယ်မှန်းထားသည့်ကိုယ်အလေးချိန်
    မှန်းထားတဲ့ကိုယ်အလေးချိန်ရနိုင်တဲ့ရက်

    အခုသင့်အနေနဲ့သင်လိုချင်တဲ့အလေးချိန်ကို ရွေးပြီးတဲ့အတွက်တစ်ပတ်ကိုအလေးချိန်ဘယ်လောက် ဘေးကင်းကင်းလျှော့နိုင်လဲဆိုတာဆုံးဖြတ်ဖို့လိုပါတယ်။ ပညာရှင်တွေကတော့အမျိုးသမီးတွေအနေနဲ့တစ်ပတ်ကို၁ ပေါင်ကနေ၂ ပေါင်အထိ လျော့လို့ရပြီး ယောက်ျားတွေအနေနဲ့တစ်ပတ်ကို၂ပေါင်ကနေ ၄ ပေါင်အထိလျှော့နိုင်တယ်လို့ဆိုပါတယ်(ကိုယ်အလေးချိန်အများကြီးကျဖို့လိုတဲ့လူတွေအတွက် အစပိုင်းမှာဒီထက်ပိုလျှော့ဖို့လိုတာလဲဖြစ်နိုင်ပါတယ်)။ သင့်ရဲ့ပန်းတိုင်ကကိုယ်အလေးချိန်ကျပြီးကြွက်သားတွေကိုထိန်းသိမ်းဖို့ပါ။ တကယ်လို့သင့်ကိုယ်အလေးချိန်အရမ်းမြန်မြန်ကျသွားခဲ့ရင်ကြွက်သားတွေပါလျော့နည်းသွားနိုင်ပြီးဇီဝကမ္မ လုပ်ငန်းစဉ်တွေကိုအနှောင့်အယှက်ဖြစ်စေပါတယ်။DASH အစားအသောက်ပုံစံကအဆီပါဝင်မှုနည်းပြီးအသားဓါတ်များသောအစားအစာ၊ကယ်ဆီယမ်ပါဝင်မှုများသော နို့ထွက်ကုန်၊ အမျှင်ဓါတ်များသော သစ်သီးဝလံ၊အသီးအရွက်နဲ့အစေ့အဆံ တွေပါဝင်တဲ့အတွက်ကျန်းကျန်းမာမာနဲ့ကိုယ်အလေးချိန်ကိုကျစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement